But I'm creep...

380 41 11
                                    

Chanyeol ဝရံတာမှာ ထွက်ပြီး သီချင်းရေးဖို့ ကြိုးစားနေတုန်း Baekhyun က ဗိုက်ဆာလို့ ပီဇာစားကြရအောင် ဆိုပြီး ပီဇာဘူးနဲ့ ရောက်ချလာသည်။

အခုတစ်လော Diet လုပ်ဖို့​ကြိုးစားနေတဲ့ကိုယ့်မှာ
ညဘက်ဆို ဗိုက်ဆာလို့ဆိုပြီး ရောက်ချလာတတ်တဲ့လူသားလေးကြောင့် Diet လုပ်မယ့် အစီအစဥ်က ဘယ်နားနေမှန်းတောင်မသိဘူး

ညနက်မှ ခေါက်ဆွဲစားချင်တယ်ဆိုလို့ မနေ့ကလည်း အိပ်ချင်မူးတူးနဲ့ ကိုယ့်​မှာ ခေါက်ဆွဲထပြုတ်ပေးရသေးသည်။ ပြီးရင် သူတစ်ယောက်တည်း လည်းမစားဘဲ ချန်းယောလ်ကိုပါ တူတူစားခိုင်းတာ

"BBH mukbang ဆိုပြီး Youtuber ပဲ လုပ်ပါတော့လား"

"အင် ဘာလို့လဲ ချန်းယောလ်ကလဲ...ရော့လေ စားအုံး"

"ဒီနေ့တော့ တကယ်တူတူလိုက်မစားပေးနိုင်တော့ဘူး၊ ဘက်ခဟျွန်းနီးပဲ စားတော့"

"ဟားဟား တကယ်လား ကျွန်တော့်ကို ၃ မိနစ်ပဲ အချိန်ပေး ချန်းယော်ရဲ့ ပါးစပ်ထဲ ပီဇာ ရောက်နေစေရမယ်"

"တော်ပါတော့ ၊ ကိုယ် ဒီနေ့ကစပြီး Diet Plan ပြန်စတော့မှာ"

"ချန်းယောလ်ကလည်း ကျွန်တော်က တူတူစားချင်လို့ တကူးတကဒီကိုလာပြီး စားရတာကို၊ အဲ့လိုဆို တစ်ယောက်တည်းအိမ်မှာပဲ သွားစား....."

"ဝါး ဒီပီဇာက ဘယ်ဆိုင်ကလဲ အရသာရှိလိုက်တာ"

"ဟားဟား တွေ့လား ၁ မိနစ်တောင်မကြာဘူး"

အဆိုးလေးက သူ့အစီစဥ်အောင်မြင်သွားလို့ ကျေနပ်ပြီး တဟားဟား အော်ရယ်တော့တာပဲ

****

စားသောက်ပြီး​ကြတော့ အိမ်ထဲမဝင်ဖြစ်ကြသေးဘဲ လေဖြူးဖြူးလေးတိုက်ခက်နေတဲ့ ဝရံတာမှာဆက်ထိုင်နေကြသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

စားသောက်ပြီး​ကြတော့ အိမ်ထဲမဝင်ဖြစ်ကြသေးဘဲ လေဖြူးဖြူးလေးတိုက်ခက်နေတဲ့ ဝရံတာမှာဆက်ထိုင်နေကြသည်

ကားသံ၊ လူသံတို့ တိတ်ဆိတ်ပြီး

ကောင်းကင်မှာက လရောင်ရဲ့အလင်းနဲ့ တိမ်လွှာပါးပါးတစ်ချို့

ဗိုက်ပြည့်လို့ ဇိမ်ယူနေတဲ့ ပေါက်စီလုံးလေးကတော့ မျက်လုံးတွေမှေးစင်းလို့ အိပ်ပျော်နေပြီထင်ရဲ့

မျက်တောင်ခပ်စိပ်စိပ်လေးရယ်
နဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးတွေရယ်
စေ့စေ့ပိတ်ထားတဲ့ နှုတ်ခမ်းပါးပါးလေးရယ်
မီးရောင် အလင်းတစ်ဝက်မှာ မြင်ရတဲ့ ဝင်းမွတ်နေ​သော ပါးပြင်နုနုရယ်
ဘက်ခဟျွန်းဟာ အနုပညာလေးတစ်ခုလိုပဲ

ချန်းယောလ်ဟာ ချထားတဲ့ ဂစ်တာကို ဆွဲယူလိုက်ပြီး
သံစဥ်တစ်ချို့ ခပ်တိုးတိုးညည်းလိုက်မိတယ်

When you were here before
Couldn't look you in the eye

You're just like an angel
Your skin makes me cry
You float like a feather
In a beautiful world

I wish I was special
You're so fuckin' special

But I'm a creep
I'm a weirdo
What the hell am I doin' here?
I don't belong here

ဂစ်တာသံကြောင့် ဘက်ခဟျွန်း ဟာ
မျက်လုံးလေးဖွင့်ကြည့်လာတယ်

သူတောင် မသိလိုက်ပါဘဲ အဲ့ဒီမျက်ဝန်းတွေကို အပိုင်သိမ်းထားချင်စိတ် ကြီးစိုးလာမိပြီ

အချစ်ရေ ကိုယ်တော့ဖြင့် မဖြစ်သင့်မှန်းသိရဲ့နဲ့
မင်းကို ချစ်နေမိပြီထင်ပါရဲ့

ဘက်ခဟျွန်း က သူ့မျက်လုံးတို့ကို စူးစိုက်ကြည့်ရင်း

"ကျွန်တော် ဒီည ဒီမှာပဲ အိပ်သွားလို့ရမလား" တဲ့

****


[❤ CY ရဲ့ Legendary Cover ဖြစ်တဲ့ Creep လေး၊ ကိုယ်ကတော့ Original Singer ထက်တောင် CY အသံနဲ့ ပိုလိုက်ဖက်တယ် တွေးမိတာ]

Nothing MattersWhere stories live. Discover now