<Park Chanyeol>
ညနေတည်းက ဘာစားချင်လဲ စာပို့မေးနေပေမယ့် ဘက်ခဟွန်းက သူ့ဆီ စာမပြန်ပါ
ဘယ်ချိန်ပြန်ရောက်လာမလဲ မသိတာကြောင့် တံခါးဖွင့်သံကို နားစွင့်နေပေမယ့် ဘာသံမှ မကြားရ
ဖုန်းထပ်ခေါ်ကြည့်အုံးမှ
"တီ......အင်း ချန်းယောလ်"
"ဘက်ခဟျွန်းနား နောက်ကျနေပြီ ဘယ်မှာလဲ"
"ပြန်ရောက်ပြီ အိမ်မှာလေ"
"အော် ကိုယ်မသိလိုက်ပါလား၊ ညစာ လာစားမယ်မလား ဘက်ခဟျွန်းကြိုက်တဲ့ ပြောင်းဖူးစပါဂတီ လေ"
"ကျွန်တော် အပြင်က စားလာပြီးပြီ"
"အာဟုတ်လား ကိုယ်က အတူတူစားဖို့ စောင့်နေတာ"
"အင်း ချန်းယောလ်ပဲ စားလိုက်တော့နော်"
"စတော်ဘယ်ရီကိတ် ယူလာတယ်ဆိုင်က စားမလား"
"ကျွန်တော် Diet လုပ်နေလို့"
"အသဲက ဘယ်နားက ဝလို့ Diet လုပ်ရ၊
တံခါးလာဖွင့်အုံး ကိုယ်အပြင်မှာ ရောက်နေပြီ"မနက်စောတည်းက ထွက်သွားတာမို့ ဒီနေ့
ဘက်ခဟျွန်းမျက်နှာလေးကိုတောင် သူမမြင်ရသေးဘူးလေတံခါးလာဖွင့်ပေးတဲ့ မျက်နှာလေးက ပင်ပန်းနေတာကြောင့် နည်းနည်းညှိုးနေသလိုပဲ
မျက်ကွင်းလေးနည်းနည်း ညိုနေတာတောင်
ဘက်ခဟျွန်းက ချစ်ဖို့ကောင်းလိုက်တာ
ရေချိုးပြီးစမို့ မျက်နှာလေးက ကြည်စင်နေရော"မနက်အစောကြီး ထရလို့ စိတ်မကြည်ဘူးလား
ကိုယ့်ပါပီလေးက"ခေါင်းလျှော်ထားလို့ ဖွာတာတာဖြစ်နေတဲ့ ဆံပင်လေးကို လှမ်းဖွရင်း မေးတော့ ဘက်ခဟျွန်းက လက်ကို ဖယ်ချသည်
"မဟုတ်ပါဘူး ကျွန်တော်က ကိုယ့်တာဝန် ကိုသိပါတယ်"
စတော်ဘယ်ရီကိတ်ကို စားပွဲပေါ်ချလိုက်ပေမယ့်
အရင်လို ချက်ချင်းယူမစားတာ ဗိုက်တကယ်ပြည့်နေလို့ ဖြစ်ရမည်"ပြောပါအုံး ကိုယ့်ကိုတောင် အသိမပေးဘဲ အပြင်မှာ ဘာတွေအများကြီး စားလာတာလဲ"
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...