“အသဲ ရေ မနက်စာ ပြင်ထားပြီ”
ဘက်ခဟျွန်းတစ်ယောက် နိုးနေပေမယ့် ဒီအသံ မကြားမချင်း အိပ်ရာထဲ လူးလိမ့်ရင်း စောင့်နေရတာ အသားကျနေပြီ။
အပြင်မှာ Take away တစ်ခုခု ဝယ်စားပါမယ်ဆို မနက်တိုင်း အပင်ပန်းခံပြီး တစ်ခုမဟုတ် တစ်ခု လုပ်ပေးတတ်တဲ့ ချန်းယောလ်ကို ပြောလို့လည်းမနိုင်
ဘက်ခဟျွန်းတစ်ယောက် မျက်နှာသစ် ဆေးကြောပြီး ထွက်လာတော့ စားပွဲပေါ်မှာ ထမင်းပူပူနွေးနွေး နဲ့ ဟင်းရည်က အစ အဆင်သင့်ပဲ
“ချန်းယောက်ကလည်းနော် Sandwich နဲ့ ကော်ဖီပဲ ရပါတယ်ဆို၊ ကြည့်အုံး အများကြီးချက်ထားပြန်ပြီ”
“အသဲက နေ့လည့်စာကို ထမင်းဘူးမှ မယူချင်တာ၊ အဲ့တာ မနက်စာပဲ ဝအောင် စားသွားတစ်ခါတည်း”
“ အာ..ကလေးမှ မဟုတ်တာ ထမင်းဘူးကြီး သယ်မသွားချင်ပါဘူး”
ထမင်းလုပ်ကို ပါးစပ်ထဲ ပလုပ်ပလောင်း ဝါးရင်း ပြောနေတာမို့ ချန်းယောလ် က ရေတစ်ခွက်ငှဲ့ပေးရင်း ရှေ့ကိုချပေးသည်
“ကားထဲပဲ ထည့်သွားရုံပဲ...ကိုယ့်ဆီလာစားပေါ့”
“အခုတစ်လော ချန်းယောလ်က ဆိုင်မှာ ပုံမှန်နေနိုင်တာမှ မဟုတ်တာကို...ပြီးတော့ စားပြီးသား ထမင်းဘူးဆေးရမှာ ပျင်းတယ်”
“အော် ကျွန်တော်မျိုး နေ့တိုင်း ပန်းကန်တွေ ဆေးနေတာကျတော့ရော”
“အဲ့တာ က ချန်းယောလ် ဘာသာ ချက်ချင်လို့လေ၊ အပြင်မှာပဲ စားမယ်လို့ ပြောသားပဲ”
“ကိုယ်ပြောပြီးပြီလေ ကိုယ်ပဲ အသဲကို ချက်ကျွေးချင်တာပါဆို”
*သူများလုပ်ပေးတဲ့ အစားအစာကို အားရပါးရစားနေရင် သဝန်တိုလို့ ဆိုပဲ*
အဲ့ကိစ္စကလည်း တော်တော်လေးရယ်ရ
Japanese Food စားသောက်ဆိုင်တစ်ခုမှာ စားနေတုန်း အဲ့ဒီက Chef တစ်ယောက်ကို ဘက်ခဟျွန်းက “လက်ရာကောင်းလိုက်တာ” လို့ ချီးမွမ်းမိတာ သူ့ထက်ပိုကောင်းလားဆိုပြီး
ပြိုင်တော့တာပဲအဲ့ကစပြီး မအားတဲ့ကြားထဲက သူပဲ တစ်နေ့ တစ်နေ့မရိုးနိုင် ချက်ပြုတ်နေတော့တာပဲ
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...