Who!

430 39 13
                                    

ဆိုင်ထဲက နေ ဘက်ခဟျွန်းတို့ ထွက်ထွက်လာချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မယုံနိုင်
ကော်ရစ်ဒါလမ်းပေါ်မှာ သူ့ရှေ့က လမ်းမီးတိုင်ကို ဖက်ပြီး စကားတွေပြောနေတာ ချန်းယောလ်မလား။

ချန်းယောလ်ကို မြင်လို့ ရပ်လိုက်တော့ အတူတူပါတဲ့ ဂျုံအင်တို့ကပါ လိုက်ရပ်ရင်း သူကြည့်နေတဲ့ ဆီ ကြည့်ဖို့ လုပ်သည်။ ဂျုံအင် မြင်တာ က ဘာမှ မဖြစ်ပေမယ့် ဟိုဧည့်သည်တွေ မြင်သွားလို့ မဖြစ်တာမို့ သူကြံရတော့သည်။

“ဂျုံအင် ဟျောင့် ဖုန်းမေ့နေခဲ့တယ် ထင်တယ် သွားနှင့်”

သူ က မျက်ရိပ်ပြပြီး ပြောလိုက်တာမို့ အကင်းပါးတဲ့ ဂျုံအင် က
“ကျွန်တော် သွားယူ‌ပေးမယ်”ဆိုပဲ

တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်လိုက်တော့မှ ကောင်းပြီ ဆိုပြီး ထွက်သွားသည်။

လမ်းမီးတိုင် ကို ဖက်နေတဲ့ ချန်းယောလ်အနောက်ကို ရောက်တော့ သူ့မှာ ရယ်ရခက်
ငိုရခက်

“ကိုယ်မှားပါတယ် အသဲရယ်”

“အသဲလေး ကိုယ့်မြတ်နိုးရာလေး”

“ပူတူတူးလေး ဘက်ခဟျွန်းနီးလေး ကိုယ့်ကို စကားပြောပါအုံးလို့”

အဲ့ဒီ ဓာတ်တိုင်ကို ကိုယ်နဲ့ မှားရအောင်ထိဆို ဘယ်လောက်တွေတောင် ပတ်ချန်းယောလ်တို့ သောက်ထားတာလဲ။
အဖော်လည်း မပါပဲ တစ်ယောက်တည်း ဖြစ်ချင်ရာတွေဖြစ်နေတော့တာလား။

“ကို့ကို့ ခလေးလေးက ကိုကို့ကိုစကား မပြောချင်တော့လောက်အောင်ပဲလားကွာ”

အံမယ် ဘယ်တုန်းကမှတောင် ဒီကဖြင့် ကိုကို တွေ မခေါ်ဘူးတာကို ဓါတ်တိုင်ကို ဖက်ပြီးချွဲနေလိုက်တာ

“အချစ်ကလေးရယ် ကိုကိုမှားပါတယ်နော်။ နောက်အဲ့လို အထင်လွဲရအောင် ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ကိုကို့ကို စကားပြန်ပြောပါအုံး၊နောက်ထပ်အခွင့်ရေးပေးပါကွာနော်”

ဓာတ်တိုင်ကို စပယ်ရှယ် ပွတ်သပ်ပြီး ပြောနေတာ
မျက်ရယ်တွေရော ၊နှာရည်တွေရော နဲ့မို့
ဘက်ခဟျွန်းမှာ စိတ်ဆိုးနေတာတွေ နောက်ထား ဒီအတိုင်းကြီးဆို လမ်းမကြီးမှာ သူများတွေ သတိထားမိသွားမှာမို့ တစ်နေရာရာခေါ်သွားဖို့ လုပ်ရသည်။

Nothing MattersWhere stories live. Discover now