ကော်ဖီဆိုင်လေးရဲ့ အပေါ်ထပ်မှာ စတူဒီယို သေးသေးလေးထဲက အခန်းကျဥ်းလေး ထဲမှာ
ဂစ်တာတစ်လက်နဲ့ စိတ်လိုလက်ရ စာသားတွေကို ရေးချနေတဲ့ ချန်းယောလ်"အား...လန့်လိုက်တာ"
တံခါးဖွင့်ပြီး ဝင်,ဝင်လိုက်ချင်း အိုဆယ်ဟွန်း ကထအော်သည်
"Hyung...ဘာဖြစ်လို့ ဒီထဲရောက်...
မဟုတ်မှ...မဟုတ်မှ သီချင်းရေးနေတာလား"ပြောရင်းဆိုရင်း လူက အနားရောက်လာပြီး စာရွက်ကို လှမ်းယူကြည့်တော့တာ
"ဝါးးးးး စာသားတွေက တကယ်ရင်တွင်းဖြစ်တွေပဲ
ဘယ်သူလဲ ဘယ်သူလဲ အာရုံတတ်ချိန်လောက်တည်းက ငါတို့ချန်းယောလ်ဟျောင် ကို လွှမ်းမိုးနေတဲ့သူကအကြည့်တွေနဲ့ ပြောလို့ မရဘူး၊ မြန်မြန်ဖွင့်ပြော
အလှမ်းကွာနေတာလား မြန်မြန်ချူံ့ပစ်
အမ်...ဘာလဲ ဒီသခွားသီး ပဲစွတ်ပြုတ်က မဆီမဆိုင် ဘာလို့ထည့်ထား "
ဒီ အိုဆယ်ဟွန်းကြောင့် ရူးတော့မှာပဲ သူများ နူးနူးညံ့ညံလေး မုဒ်ဝင်နေတုန်း ရေးထားတာကို အော်ကြီးဟစ်ကျယ် ဝေဖန်နေတာ
"ဟျောင် ကျွန်တော်တကယ် ဝမ်းသာတာကိုတော့
သိတယ်မလား...ဝင်လာလာချင်း Note ထဲကို တစ်ခုခုချရေးနေတဲ့ ဟျောင့်ကို တွေ့ရတာ ကျွန်တော့် အယ်လဘမ် Million Seller ဖြစ်တာထပ်တောင် ပျော်အုံးမယ်"ချန်းယောလ်က ဆယ်ဟွန်းကို အပိုတွေ ဆိုတဲ့
အကြည့်နဲ့ လှမ်းကြည့်လိုက်ပေမယ့် စိတ်ရင်းနဲ့ပြောနေတာကိုတော့ နားလည်ပါသည်"ဟျောင်သာ သီချင်းတွေပြန်ရေးတော့မယ်ဆိုရင် ကျွန်တော် သီချင်းဖိုးပေးစရာမလိုတော့ဘူး." တဲ့
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...