Babysitter Chanyeol: Part 9

387 40 0
                                    

2010: Chanyeol POV

Jongdae ကတော့ ငါ့ကို ကလေးထိန်းခိုင်းပြီဟေ
ဒီ အသေးလေးကို ကိုယ့်လက်ထဲ ထည့်ထားတော့တာပဲ
မွေးနေ့ဒကာခံမယ့်သူငယ်ချင်းခေါ်ခဲ့မယ်ဆိုတုန်းက ကိုယ်တွေနဲ့ Type တူပဲဖြစ်မှာပဲလို့ အောက်မေ့တာ
တွေ့လိုက်တော့ ပိစိ စာဂျပိုးလေး

ဆိုင်ကယ်ပေါ်တတ်တဲ့ဟာကို လကမ္ဘာသွားမယ့် စွန့်စားခန်းလိုလိုနဲ့ အရမ်းတွေစိတ်လှုပ်ရှားနေရှာတာ

မွေးကတည်းက ဆိုင်ကယ်ဖတ်ပြီး ကြီးလာတဲ့
ပတ်ချန်းယောလ်တို့ နဲ့များကွာပ

စာဖတ်တယ် မဖက်တယ်က တပ်ထားတဲ့ ပါဝါမျက်မှန်ကြည့်ပြီး လောင်းလို့တောင်ရသည်
မျက်နှာသေးသေးလေးပေါ် ပါဝါမျက်မှန်အဝိုင်း
အပြည့်တပ်ပြီး ဘာအရောင်မှ ဆိုးမထားသေးတဲ့ ဖြူစင်တဲ့ မျက်နှာမျိုးနဲ့

ပထမနှစ်ကို ၂ ခါထပ်ဖြေနေတဲ့ ငါတို့လိုလူတွေနဲ့
တော့ ပြဒါးတစ်လမ်း သံတစ်လမ်းတွေပါပဲ

ဒါပေမယ့် သူ့မွေးနေ့ဆိုတော့လည်း စိတ်ချမ်းသာပါစေ... သူတို့လို စာအုပ်သမားတွေအတွက် ဒီလို လွပ်လပ်တဲ့ပျော်ရွှင်မှုမျိုးကို ခံစားကြည့်စေချင်တယ်

အခု ကြည့်​လေ စောနားက ပင်လယ်ကိုပဲ ကြည့်မှာပါ ဘာညာနဲ့ အခုတော့ ရေထဲ ပျော်မြူးနေပြီ
ရေမကူးတတ်လို့ လိုက်ထိန်းပေးနေရသေးတယ်

"ကျစ်....အဲ့လို ကြီးမကူးနဲ့လေ ပင်လယ်ရေတွေ ပါးစပ်ထဲ ဝင်မှာပေါ့"

"ကိုယ်လုံးကို ဖော့ကြည့်ပါအုံး"

ဗွမ်း!!!!

"အာ..မဟုတ်ဘူးလေ ငါထိန်းထားမယ် ​ခြေထောက်နည်းနည်းပိုလှုပ်"

.....

ဘာတွေကို ဘယ်နှစ်ခွန်းမှန်းတောင် မသိတော့ဘူး​ပြောရတာ ကိုယ့်ဘာသာလည်း ဒေါသတွေထွက်နေပြီ

"ချန်း...ချန်းယောလ်က မလွှတ်လိုက်နဲ့လေ"

"ရေကူးတတ်ဖို့ တစ်ခါတော့ နစ်ရတယ် ကူးကြည့်တော့ ကိုယ့်ဘာသာ"

စိတ်က မရှည်တော့တာမို့ လေသံက မာတောင်လာသည်

၁၂၈ ခါလောက် ပြေးထိန်းလိုက်ရပြီတဲ့နောက်မှာတော့ ပိစိလေးတစ်ယောက် လှုပ်စိလှုပ်စိနဲ့ ကူးတတ်သွားပြီထင်တယ်

၁၂၈ ခါလောက် ပြေးထိန်းလိုက်ရပြီတဲ့နောက်မှာတော့ ပိစိလေးတစ်ယောက် လှုပ်စိလှုပ်စိနဲ့ ကူးတတ်သွားပြီထင်တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ချန်းယော်ရေ....ချန်းယောလ်"

"ဒီမှာ"

Surfing သွားတဲ့ သူတွေပြန်လာတာမို့ လက်ဝှေ့ယမ်းပြလိုက်သည်

"6 နာရီတောင် ထိုးနေပြီ ငါတို့ မပြန်တော့ဘူးလားလို့
Jongdae နဲ့ Key က မနက်တစ်ခေါက်တော့ ထပ် Train ချင်သေးတယ်တဲ့ ရောက်လက်စနဲ့"

"ငါက ရတယ်လေ ဟိုတစ်ယောက်ရော"

ရေထဲက လှုပ်စိလှုပ်စိနဲ့ ပြေးလာတဲ့သူကို မေးငေါ့ရင်း မေးလိုက်သည်

"ဘက်ခဟျွန်းနား Hyung တို့က မနက်ဖြန် မှ ပြန်ကြမလားလို့ မင်းရလား"

"အာ Xiumin Hyung ကျနော်က အိမ်ကိုမပြောခဲ့ရဘူး ဘယ်လိုလုပ်မလဲ"

"ဟိုနားမှာ Payphone ရှိတယ်... မင်းအိမ်ကို ဖုန်းလှမ်းဆတ်ကြည့်ပါလား...ငါပါတယ်လို့ပြောလိုက်လေ"

Jongdae ကဝင်ပြောတော့ ဟိုတစ်ယောက်က မျက်စိကလည် ကလည်နဲ့

ခဏကြာတော့မှ အင်းပါတဲ့

"ဒါဆို ငါတို့ ညဖို့အခန်းသွားရှာလိုက်တော့မယ်...
ချန်းယောလ် မင်းသူ့ကို လမ်းထိပ် ဖုန်းရှိတဲ့ဆီလိုက်ပြလိုက်အုံး

ဝဲ...ထပ်ပြီး ငါပဲလား

{♥အဲ့ဒီတုန်းက Smartphone မပြောနဲ့ Keypad တောင်လူတိုင်းမကိုင်နိုင်ကြသေးတာမို့ အများသုံးတယ်လီဖုန်း ပဲ သုံးကြပါတယ်}

Nothing MattersWhere stories live. Discover now