Far

369 34 11
                                    

အခန်းရှေ့မှာ ဘယ်လောက်ကြာအောင် ငိုင်ပြီး ထိုင်နေမိမှန်း မသိ

သူ့ရှေ့ကို ခြေထောက်တစ်စုံ ရပ်လိုက်တာ တွေ့မိတော့ မျှော်လင့်ချက် အပြည့်နဲ့ မော့ကြည့်လိုက်သည်

“ဘက်ခဟျွန်း”

သူ ကမန်းကတန်းထပြီး ပွေ့ဖက်ဖို့ ပြင်တော့ ဘက်ခဟျွန်းက ခြေလှမ်းကို နောက်ဆုတ်လိုက်တာမို့ သူအထိန့်တလန့် ပိုဖြစ်သွားရသည်

“ကိုယ် ရှင်းပြပါမယ်..သဲ ကိုယ်ရှင်းပြမယ်နော်”

ဘက်ခဟျွန်းရဲ့လက်ကို သူဆုပ်ကိုင်ရင်း အထပ်ထပ်အခါခါ‌ရေရွတ်မိသည်။ အေးစက်နေတဲ့ လက်တွေက ဘက်ခဟျွန်းရဲ့ မျက်နှာလိုပဲ။ ခန့်မှန်းရလွယ်တယ်လို့ ထင်ရတဲ့ ကောင်လေးဟာ အခုတော့ မျက်နှာမှာ ဘာခံစားချက်အရိပ်အယောင်မှတောင် မတွေ့ရ။

“ကျွန်တော့် အလုပ်အတွက်  ပစ္စည်းတစ်ချို့ ကျန်ခဲ့လို့ လာယူတာ၊ ဖယ်ပေးနိုင်မလား”

“သဲ..အားလုံးက အထင်မှားတာပါ။ ကိုယ်ပြောတာကို နားထောင်ပေးပါအုံး”

“အိုခေ။ ကျွန်တော် ပစ္စည်းတွေသိမ်းနေတုန်း ချန်းယောလ်ပြောချင်တာ ပြောလို့ရတယ်၊ အခု ဖယ်ပေး”

ဘက် ခဟျွန်းက ဆွဲထားတဲ့ သူ့လက်ကို ဖယ်ချရင်း အခန်းထဲကို ဝင်သွားသည်

တကယ်တမ်း ရှင်းပြရမယ်ဆိုတော့ သူဘက်ကနေ ဘာကို ရှင်းပြရမှန်းလည်း မတွေးနိုင်ပဲ
ပါးစပ်က အာစေးမိထားသလို ဆွံ့အနေမိသည်။

ဝမ်းနည်းဖို့ ကောင်းတာက ဘက်ခဟျွန်းဟာ ရောက်လာတည်းက အခုထိ သူ့ကို မျက်လုံးချင်းဆိုင်မကြည့်တာပါပဲ။

“ကိုယ်နဲ့သူက အရင်တည်းက မောင်နှမလို ဆက်ဆံရေးပါ...
မဟုတ်ဘူး ကိုယ်ပြောချင်တာက  အခုက အဲ့ဒီလို သတင်းထဲမှာ တွေ့သလို ဆက်ဆံရေး မဟုတ်ပါဘူး။
ပြီးတော့ သူ လန်ဒန်ကို ရောက်နေတာလည်း အစက ကိုယ်မသိပါဘူး။
အဲ့ဒီ ဟိုတယ် Lobby မှာအတူတူထိုင်နေတယ် ဆိုတာက Music Producer နဲ့ တွေ့ဖို့ ကိုယ်‌စောင့်နေတုန်း သူရောက်လာတာ အဲ့တာကို သတင်းထောက်တစ်ယောက်တွေ့သွားတာဖြစ်မယ်။ပြီးတော့ လက်ထက်ဖို့ ဘာဖို့တွေ အရင်တုန်းကပုံတွေပါ တတ်လာတာက တစ်ယောက်ယောက်က Noona ကို နာမည်ဖျက်ချင်တာပဲ ဖြစ်ဖြစ် အဲ့လို ရည်ရွယ်ချက်နဲ့ ဖြစ်ပါလိမ့်မယ်။ အရင်တုန်းက ဆက်ဆံရေးကို လည်း ကိုယ်သူ့ကို ပြတ်ပြတ်သားသားပြောထားပြီးသားပါ။နော်..အသဲ..ဘက်ခဟျွန်း ကိုယ့်ကို တစ်ခုခု ပြန်ပြောပါအုံး”

Nothing MattersWhere stories live. Discover now