ကမ်းခြေကို သူတို့ရောက်တော့ ၃ နာရီလောက် ဖြစ်နေပြီ
အားလုံးက ဗိုက်ဆာနေကြပြီ ဆိုင်တွေကလည်း နေပူကျဲကြီးထဲမို့ ညနေမှ ပြန်ဖွင့်မည့် ဆိုင်တွေကများသည်
နောက်ဆုံးတော့ ကမ်းခြေအစပ်က ဆိုင်သေးသေးလေးမှာ နေ့လည်စာ စားဖို့ ထိုင်လိုက်ကြသည် ထီးလေးတွေပဲမိုးထားတာမို့ နေကတော့ ကျိုးတိုးကျဲတဲ ပူနေသေးသည်
“ဒီနေ့ ကျွန်တော့်မွေးနေ့မို့ ကျွန်တော်ကျွေးမယ်နော်”
Johndae : “မပူနဲ့ မင်းကျွေးမှာ သိလို့ မင်းကို မရ ရအောင်ခေါ်လာတာ မှာပြီနော်”
သူတို့နဲ့ အတူတူ ပါလာသော အစ်ကို နှစ်ယောက်က ဟင်းပွဲတွေစမှာတော့သည်
“နေပူနေတာမလား ဒီဘက်ခုံကိုလာ” ချန်းယောလ်ဆီက ထွက်လာတဲ့ အသံ
ချန်းယော်က နှစ်ယောက်ထိုင်ခုံရှည်မှာ ထိုင်နေရာကနေ ဘေးဘက်နည်းနည်းတိုးပေးရင် သူ့ကိုကြည့်ပြီးပြောလိုက်တာမို့ ...သူ့ထိုင်ခုံပေါ်ရွှေ့ထိုင်လိုက်သည်..တကယ်တော့ နေက သူနဲ့မျက်နှာချင်းဆိုင် ဖြစ်နေတာမို့ စောနားကတည်းက နေထိုးတာပဲ လိုက်ရှောင်နေရတာ
ဟိုအစ်ကို နှစ်ယောက် က နေပူလို့ဆိုပြီး ခြေထောက်နှစ်ချောင်းထောင်ပြီး ရောက်ရာပေါက်ရာတွေ ထထအော်နေသည်...Jongdae က စားသောက်နေတာ ခေါင်းတောင်မဖော်
Xiumin က ဆိုင်ထဲက နေ ဂစ်တာငှားပြီး ပြန်လာရင်း ချန်းယော်ကို ဂစ်တာလှမ်းပေးသည်
“ မွေးနေ့ရှင်အတွက် သီချင်းဆိုပေးကြရအောင်”
“အာ....မလို......”
လူက ရုတ်တရက်ကြီး ရှက်တာမို့ မျက်နှာတွေတောင်ရဲလာ လားမသိ
ဟို အစ်ကို နှစ်ယောက်ကပါ အတည့်ပြန်ထိုင်ပြီး လက်ခုပ်စတီးတော့ မွေးနေ့ ဂစ်တာတီးလုံးသံ လေးက တိုးတိုးညင်ညင်သာ ထွက်လာရင်း ချန်းယော်ရဲ့ ခပ်ရှရှအသံပါကြားလိုက်ရသည်
H A P P Y B I R T H D A Y TO ….YOU
HAPPY BIRTHDAY
HAPPY BIRTH—DAY
HAPPY BIRTHDAYYYYYY---TO YOUUUUU
အိုး.....ဒါက ဘယ်လိုခံစားမှုမျိုးမှန်းတောင်မသိတော့မွေးလာတည်းက အပျော်ဆုံးမွေးနေ့ဖြစ်မယ်ထင်တယ် တစ်စုံတစ်ယောက်က ကိုယ်တိုင် ဂစ်တာတီးပြီး သီဆိုပေးတာ ပထမဦးဆုံးပဲ
တစ်ခုံတည်း ထိုင်နေတာမို့ ချန်းယော်က သူ့ဘက်ကို ခပ်စောင်းစောင်းထိုင်ပြီး ဂစ်တာကို တီးခက်နေတာ
ချန်းယောလ်က တော်တော်ကြည့်ကောင်းတာပဲ
မျက်လုံးတွေက ကြီးတယ် ဆိုပေမယ့် သူ့မျက်နှာပေါ်မှာကျ တစ်မျိုးလိုက်ဖတ်နေတာ...
ပြီးတော့ နားရွက်ကားကားတွေ...သူသတိထားမိမှ တော်တော် နားရွက်ကြီးပြီး ကားနေတဲ့ နားရွက်တွေပဲ
နားသယ်စက်က သန့်ရှင်းပြီး မေးရိုးထင်းနေတာနဲ့ တော်တော်မိုက်တာ
သီချင်းဆိုနေတာမို့ တစ်ချက်တစ်ချက်လှုပ်သွားတဲ့ လည်ပင်းက အကျောတွေကအစ ကြည့်လို့ကောင်းတယ်
Baekhyun မှာကိုယ်တိုင်တောင် မသိပဲ ငေးနေမိတာမို့ သူဘာသီချင်းဆိုနေတာလည်း မသိ
Jongdae ရဲ့ ရေထဲဆင်းကြမယ် ဟေ့ ဆိုတဲ့ အသံကြားမှ သတိဝင်လာရတော့တာ
( T—T)
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...