*Baekhyun*
ဒီနေ့ Program Broadcast စလွှင့်တာမို့ စိတ်လှုပ်ရှားနေသည်
Tuxedo နဲ့ ဝတ်စုံအပြည့် ဝတ်ထားရတာမို့ အနေအိုက်တာလည်းပါသည်
ကင်မရာတွေ ဒီလောက်အများကြီးရှေ့မှာ နေရတာ သူ့အတွက် နေသားမကျ သက်တောင့်သက်သာ မဖြစ်လိုက်တာ
သရုပ်ဆောင်တွေ၊ အဆိုတော်တွေ သိပ်တော်ကြတာပဲလို့ တွေးမိသေးသည်
ပထမဆုံး စတာမို့ မနက်အစောတည်း က Rehearsal တစ်ခေါက် လုပ်ကြပြီး လိုအပ်တာတွေ ဝိုင်းဝန်းပြောဖြစ်ကြသည်
ဒါပေမယ့် တကယ်တမ်း အစီအစဉ် စတော့ သူကျွမ်းကျင်သော အကြောင်းအရာ မေးခွန်းများသာ ဖြစ်တာကြောင့်
ဘက်ခဟျွန်းဟာ သိပ်ပြီးမစိုးရိမ်တော့ အတူတူပါဝင်ပြီး ဆွေးနွေးကြတဲ့ ပညာရှင်တွေကလည်း အားလုံးရင်းရင်းနှီးနှီး ရှိတာကြောင့်လည်းဖြစ်မယ်သူတို့ရဲ့ ဆွေးနွေးမှု Live အစီအစဥ်က အောင်မြင်တယ် ပြောရမည်
“အခုကတော့ ကျောင်းသူ၊ကျောင်းသာများနဲ့ နားထောင်နေသူများရဲ့ မှတ်ချက်များကို ဖတ်ပြသွားမှာပဲ ဖြစ်ပါတယ်”
Presenter က မှတ်ချက်များကို တစ်ခုပြီး တစ်ခု ဖတ်ပြသွားသည်
အားလုံး က သူတို့အစီအစဉ် ကို ကျေးဇူးတင်ကြောင်း ပြောနေကြတာမို့ ဝမ်းသာစရာပါပဲ
“Wow ဒါကထူးခြားတဲ့ Comment ပါပဲ၊
Angelchennie92 ဆီကပါ _ ဘက်ခဟျွန်းနား ငါ့ကိုမှတ်မိလား၊ဖုန်းနံပါတ်ပျောက်သွားလို့ အဆတ်အသွယ်ပြတ်နေတာ ခု မထင်မှတ်ပဲ ပြန်တွေ့ရတာပဲ၊ နေကောင်းရဲ့လား ၊ အေးနော် နေကောင်းလို့ ဒီမှာစကားပြောနေတာပေါ့ ငါ့ကို ဆတ်သွယ်လို့ ရမယ့် နံပါတ်လေး ပြောပေးပါလား ၊ သတိရတယ် ငါ့ကောင်ရာ ဟူးဟူးဟူး _ဆိုပြီးရေးထားတာဖြစ်ပါတယ်
ဝါးတော်တော်လေး ရှည်တဲ့ မှတ်ချက်ပါပဲ၊ မဟုတ်မှ ဒါက Prof. Byun ရဲ့သူငယ်ချင်းများလား ဘယ်လိုထင်ပါသလဲရှင့်”
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...