Cry for Love

326 41 15
                                    

ဒီနေ့နဲ့ဆို ချန်းယောလ်ကို မတွေ့ရတာ တစ်ပါတ်လောက် ရှိပြီ

လူက နူံးခွေနေတာမို့ အိပ်ရာပေါ် ခြေပစ် လက်ပစ်လှဲချ လိုက်သည်

ပင်ပန်းလိုက်တာ

ဂျုံအင့်ကို လေဆိပ်လိုက်ပို့ပြီး ပြန်ရောက်လာတာ

"ဘက်ခဟျွန်းဟျောင်က သန်မာတဲ့သူမို့ ကျွန်တော်ယုံကြည်ပြီး ထားခဲ့မယ်နော်" တဲ့
Check-in ဝင်ခါနီးထိကို စိတ်မချစွာ တစ်တွတ်တွတ်မှာသွားသေးသည်

ဒီရက်တွေမှာ ဂျုံအင်ဘေးနားရှိနေတာမို့
ကိုယ့်ကို စိတိမချရင် အလုပ်တွေပစ်ထားပြီး ဂျပန်ကို မပြန်ဘဲနေမယ့် ကလေးကြောင့် ပြန်အားတင်းခဲ့ရတာ

အစပိုင်းတော့ သူဟာ ရှိုက်ကြီးတငင်ငိုကြွေးမိသေးတယ်... ပထမ ၂ ရက်က  အလုပ်တောင်
မသွားနိုင်ပဲ အကြီးအကျယ်နေမကောင်းဖြစ်လို့ဆိုပြီး ခွင့်ယူရတယ် ။  ဘာမှမပြောပေမယ့် ဂျုံအင်က ဘေးနားမှာ အတူတူရှိနေပေးခဲ့တယ် အားရအောင်ငိုပါစေဆိုပြီး ပစ်ထားလိုက်ပုံပါပဲ

ပြီးတော့မှ ကိုယ့်အသက်အရွယ်နဲ့က အသဲကွဲလို့ဆိုပြီးအလုပ်တွေ ပစ်ထားလို့လည်းမရတော့ အလုပ်ထဲရအောင် စိတ်နှစ်ရင်း တည်ငြိမ်ဖို့ ကြိုးစားယူရတာပါပဲ

အမှန်အတိုင်း ပြောရရင် အစက ချန်းယောလ်ကများ ကိုယ့်ကို တစ်ခုခုလာရှင်းပြမလားလို့ မျှော်လင့်နေမိခဲ့သေးတာ

၁ ရက်ပြီး ၁ ရက်သာကုန်သွားတယ် ချန်းယောလ်ဟာ ရောက်မလာခဲ့ပါဘူး တံခါးတစ်ချပ်သာခြားတဲ့ အကွာအဝေးမှာ ကိုယ့်ဆီတစ်ခုခုပြောဖို့ ရောက်မလာတာဟာ သူ့မှာပြောစရာမရှိလို့အပြင် ဘာများဖြစ်နိုင်အုံးမှာလဲလေ

ကိုယ့်အဖြစ်က ဖွင့်တောင်မပြောရသေးခင်
နောက်ဆုပ်လိုက်ရတာပါပဲ

အတိုင်းအတာတစ်ခုထိ ကိုယ်တို့ရင်းနှီးခဲ့တယ်လို့ တစ်ဖက်သက်အထင်မှားခဲ့တာဖြစ်မယ်

နှစ်ပေါင်းများစွာ ကိုယ်ဟာ သူ့ကို ချစ်လာရတာ လုံလောက်ပြီထင်ပါတယ်။ တစ်နေ့နေ့မှ ဆိုတာတွေ မျှော်လင့်ထားခဲ့ပေမယ့် အရိပ်တစ်ခုလို ပျောက်ကွယ်သွားရပြန်ပြီမို့ ဒီတိုင်းပဲ ခံစားချက်တွေ သိမ်းဆည်းထားလိုက်ပါတော့မယ်

ပြီးတော့ ဒီခံစားချက်က ထူးဆန်းတယ်
ချန်းယောလ်စကားလာပြောမှာကို အစက မျှော်လင့်ပေမယ့် အခုကျတော့ မျက်နှာချင်းဆိုင်ရမှာ ကိုယ့်ဘက်က ကြောက်မိနေတာ

သူ့ကိုတွေ့ရင် ဘာပြောရမလဲဆိုတာ မသိဘူး
ကျွန်တော့်ကို ကစားခဲ့တာလားလို့ ကလေးဆန်ဆန်သွားမေးရအောင်လည်း သူ့ခံစားချက်ကို အဲ့ဒီလောက်နဲ့ တန်ဖိုးမဖြတ်စေချင်ဘူး

ပြီးတော့ ကိုယ်ကသာ သူ့ဆီက အကူညီရယူခဲ့တာမဟုတ်လား ကိုယ်ကသာ အထင်တွေမှားခဲ့တာ

အကူအညီဆိုမှ စေ့စပ်လှတဲ့ ဂျူံအင်က သူ့ကို ကားပါတစ်ခါတည်း စီစဥ်ပေးသွားခဲ့တာမို့ တော်သေးသည်။

တကယ်ဆို တိုက်ခန်းပါ ပြောင်းပေးချင်ပေမယ့်
ဒီစာသင်နှစ်အထိပဲမို့ သူသည်းခံနေလိုက်တော့မယ်လို့ မနည်းတားရသည်။
ချစ်ရသူကို မသက်ဆိုင်ပေမယ့် မြင်နေခွင့်ရှိမယ့်ကာလလေးမှာ မြင်တွေ့ခွင့်တော့ ရသွား ချင်သေးသည်လေ။ ကိုယ်ဟာ သူ့ကို သိပ်ကိုတန်ဖိုးထားချစ်ခဲ့ရတာမဟုတ်လား။

အသဲကွဲရင် ဆံပင်ညှပ်ရတယ်ဆိုတာ ဘယ်သူက စတီထွင်ခဲ့လည်းမသိပေမယ့်
ကင်ဂျုံအင် တစ်ယောက်က Hair Saloon ကို ဇွတ်ခေါ်သွားပြီး ဆံပင်တွေပါ အရောင်ပြောင်းပေးခဲ့တာ သတိရတော့ ပြုံးမိသေးသည်
ကိုယ့်မှာလည်း သူမပြန်မှာစိုးလို့ သူပြောသမျှ အကုန်လိုက်လုပ်ပေးခဲ့ရသေးတာ

အင်းလေ အချစ်ဆိုတာ ကိုယ်တိုင်ဖန်တီးယူလို့ရတာမှမဟုတ်တာလို့ပဲ ရင့်ကျင်ချင်ဟန်ဆောင်လိုက်ရတော့တာပါပဲ


[♥ အမလေး မိုးကအေးတော့ အသဲတွေကွဲ]







Nothing MattersWhere stories live. Discover now