တော်တော်ကြာ ငိုပြီးတဲ့နောက်မှာတော့ ခေါင်းနောက်တာတွေသက်သာအောင် ရေနွေးနဲ့
အကြာကြီး အဝချိုးပစ်လိုက်သည်ဗိုက်ဆာတယ်။တစ်ခုခု မှာမှပဲ
ငါ့ဖုန်း ဘယ်နားထားမိ...အာ သေလိုက်ပါတော့
ချန်းယောလ်အခန်းထဲမှာ ဖြစ်မယ်
ဖုန်းနဲ့ ပိုက်ဆံအိတ်နှစ်ခုစလုံးမယူခဲ့ရငါလေးဟာ၊ ရေခဲသေတ္တာထဲမှာလည်း ဘာမှဝယ်
မထည့်ရသေး...အလွန်အမင်း ဗိုက်ဆာတာကြောင့် ဗြောင်လုံးဟာ အခုချိန် ပတ်ချန်းယော်လ် မကလို့ ဘာကြီးပဲဖြစ်ဖြစ်တောင် မရှက်နေနိုင်တော့
ချန်းယောလ် က အိမ်မှာတောင်ရှိသေးရဲ့လား မသိ
တံခါးဆွဲဖွင့်လိုက်တော့...Door Bell တီးဖို့လက်ရွယ်နေသော ချန်းယောလ်
နှစ်ယောက်သား အကြည့်ဆုံပြီး အလိုလို ပြုံးပြမိသွားကြသည်
"ရော့...အိတ် နဲ့ ဖုန်း"
"အင်း...အခုပဲ လာမေးမလို့"
ဂွီ...ဂွီ
ဟဲ့ ဒီဗိုက်ဟာ
"ဗိုက်ဆာနေရင်..ဟင်းရည်ရှိတယ်လေ မနက်ကကြိုထားပေးတာ ဝင်စားလိုက်"
ပြောနေတဲ့ပုံက သူနဲ့ကိုယ် နေ့တိုင်း တွေ့နေကျ အိမ်နီးချင်းလိုပဲ...ချန်းယောလ်အတွက် သူက ဘာမှအထူးအဆန်း မဟုတ်ဘူးထင်တယ်
"စားမှာလား..လာ"
***
ချန်းယော်ရဲ့ မီးဖိုချောင်လေးဟာ ချန်းယောလ်လိုပဲ သန့်ရှင်းနေတော့တာ (မသိဘူး သူနဲ့ပတ်သတ်ရင်း မီးဖိုချောင်တောင် ကြွေတယ်)
ဟင်းရည်ကို ခပ်လာပေးပြီး သူ့ရှေ့ချပေးကာ သောက်ဆိုတဲ့သဘောနဲ့ မေးငေါ့ပြတယ်
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...