တီးတောင် တီးတောင်
အာ ဒီချိန်ကြီး ဘယ်သူပါလိမ့်
တံခါးဘဲလ် အဆတ်မပြတ်နှိပ်သံကြောင့် အိပ်မောကျနေတဲ့ ဘက်ခဟျွန်းတောင်နိုးလာရသည်
နာရီကို ကြည့်တော့ မနက် 1:24
ဒီအချိန်ကြီး ဘာဖြစ်တာပါလိမ့်
ဖုန်းကို တစ်ချက်ဆွဲကြည့်လိုက်တော့ CY : 3 Missed Calls
အာ ဘာဖြစ်တာပါလိမ့်
အိပ်မှုန်စုံမွှားနဲ့ သူတံခါးဆီပြေးရသည်
“ချန်းယောလ် ဘာဖြစ် ....”
“လာအိပ်တာ”
“ဟင်”
“ဘေဘီ့ကို လွမ်းလို့ အိပ်မပျော်လို့”
“ဟမ်”
ခေါင်းအုံးကို ပိုက်ပြီး အခန်းဝရောက်နေတဲ့သူကို နားမလည်သလို့ ကြောင်ကြည့်နေမိသည်
“တံခါး Password ပေးထားအုံး ကိုယ့်ကို၊ အိပ်ရေးပျက်သွားပြီလား ကိုယ့်အသဲ”
ငါ အိပ်မက် မက်နေတာလား လို့ တွေးနေတုန်းပဲ
ပတ်ချန်းယောလ်က ဘယ်တုန်းက ကဲသဲတတ်သွားတာလဲညနေကတော့ သူအလုပ်တွေ မပြီးသေးလို့
ဘက်ခဟျွန်းကို အရင်အိပ်နှင့်နော်ဆိုပြီး ပြောလို့
ညစာစားပြီးတာနဲ့ အခန်း စောစောပြန်လာတာကို“ကိုယ်ကြိုးစားပြီး အိပ်ကြည့်သေးတယ်၊ ဘယ်လိုမှ အိပ်မရတာ၊ စိတ်တွေပါ တိုလာပြီး အသက်ရှုပါမဝတော့ဘူး”
“အဲ့တာက ဘယ်ကို သွားနေတာလဲ”
“အိပ်မှာလေ။ အိပ်ရာထဲကို”
“ချန်းယောလ်ကို ဘယ်သူက ကျွန်တော့ အိပ်ရာထဲ အိပ်ခိုင်းလို့လဲ”
“လာ အဲ့တာဆို ကိုယ့်အခန်းလိုက်ခဲ့ ကိုယ့် အိပ်ရာထဲ သွားကြမယ်”
ချက်ချင်းတွေ ပြန်လာပြီး လက်ဆွဲခေါ်နေတာက တကယ်ကြီး
“အာ။ဖယ်ပါ ဘာတွေမှန်းမသိဘူး တစ်ရေးနိုးကြီး ရှုပ်ရှုပ်ယှက်ယှက်”
“ကိုယ်က လက်လေးပဲ ကိုင်အိပ်မှာ လာပါ”
“ချန်းယောလ်နော်”
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...