ချန်းယောလ်က ဘေးတစ်ဇောင်းလည်းချောတာပါပဲ.. ဦးထုပ်ဆောင်းထားတာမို့ တစ်မျိုးလေးလည်း လူငယ်ဆန်နေတာ...
နေရောင်က မျက်နှာပေါ် ကျနေတာမို့ နည်းနည်း
ရှုံ့တွတွဖြစ်နေတဲ့ မျက်နှာက တကယ်အူယားစရာ။ကားမောင်းနေတဲ့ ချန်းယောလ်ရဲ့ ဘေးတိုက်မျက်နှာက်ု ငေးကြည့်ရင် ဘက်ခဟျွန်းရဲ့ နှုတ်ခမ်းတွေ အလိုလိုပြုံးနေမိတော့တယ်...
"လေယာဥ်က ဘယ်နှစ်နာရီလဲ"
"ဟင်"
"မနက်ဖြန်လေ...ဘယ်ချိန်သွားမှာလဲ"
အော်ဟုတ်သားပဲ..Korea & Japan စာပေပွဲတော်အတွက် သူ့ကို တာဝန်ပေးထားတာမို့ သူသွားရမည်လေ...၂ ညအိပ်ခရီးမို့ ချန်းယောလ်ကို သူလွမ်းရအုံးမှာပဲ
"နေ့လည် Flight တဲ့ ၊ မနက်ခင်းတော့ ကျောင်းကိုသွားစရာမလိုတော့ဘူး"
လိုက်ပို့ပေးနိုင်မလားလို့ မေးချင်ပေမယ့် အရမ်းတောင်းဆိုရများ ကျသွားမလား
အင်းလေ Taxi ပဲ စီးသွားပါမယ်ခဏကြာတော့မှ အနည်းငယ်တွန့်ချိုးသွားတဲ့ မျက်ခုံးတွေနဲ့ လှည့်လာပြီး ချန်းယောလ်က
"ဟိုတစ်ယောက်ရောလား" တဲ့
"ဘယ်တစ်ယောက်လဲ....အာ..ဆရာဒိုယောင်း ဟုတ်တယ် သူလည်းပါမယ်လေ"
"နေပါအုံး...ဟိုတစ်ယောက်လားလို့ မေးတာကို ဘာလို့ အဲ့တစ်ယောက်ကို တန်းသတိရသွားတာလဲ"
ချန်းယောလ်ရဲ့ မျက်နှာက သုန်မှုန်လာပါပြီ
"ဟင် ချန်းယော်လ်က အဲ့တစ်ယောက်ကို မေးတာမဟုတ်ဘူးလား"
"ဟုတ်တယ် ဒါပေမယ့်...အဲ့တစ်ယောက်ကို ဘာလို့ မှတ်မိနေတာလဲ မင်းက"
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...