My Love : Part 19

360 41 1
                                    

အရင်တုန်းကတော့ သူတွေးမိတာ ချန်းယောလ်ကိုတွေ့တာနဲ့ သဘောကျတယ်ဆိုတဲ့အကြောင်း ပြောကိုပြောရမှ ဖြစ်မယ်လို့ပေါ့

ဒါပေမယ့် အခုလိုလေး မထင်မှတ်ပဲ ပြန်တွေ့ရပြီး
ချန်းယောလ်ရဲ့အနားမှာ နေ,နေရပြန်တော့လည်း
ဒီအနေအထားလေးကို ပျက်ယွင်းသွားမှာ
သေမလောက်ကြောက်ရပြန်သည်

အတူတူရှိနေတဲ့အချိန်လေးတွေက စက္ကန့်မလပ်အဖိုးတန်လွန်းလို့ ကိုယ်ဖြည်းဖြည်းချင်းပဲ သူ့ဆီလှမ်းပါတော့မယ်...

ကိုယ်က ချစ်မြတ်နိုးရသူမို့ ဘာကိုမှ အမှားယွင်းမခံနိုင်...

အခုလည်း သူချက်တဲ့ နေ့လည်စာစားသောက်ပြီး
ပြန်သင့် မပြန်သင့် အရိပ်အချည်ကြည့်နေတုန်း
ချန်းယောလ်က စတော်ဘယ်ရီသီး
ပန်းကန်အပြည့်ယူလာပြီး သူထိုင်နေတဲ့ရှေ့ ယူလာသည်

ပြီးတော့ T.V ပါ တစ်ခါတည်း တန်းဖွင့်လိုက်တာမို့ သူအပြင်သွားစရာ မရှိတော့ဘူးလို့ ကိုယ့်ဘာသာယူဆလိုက်ခါ ဆိုဖာပေါ်သက်တောင့်သက်သာ ထိုင်နေလိုက်တော့တာ

ချန်းယောလ်ကတော့ ဆိုဖာရှေ့က အခင်းပေါ်ဝင်ထိုင်ပြီး စတော်ဘယ်ရီသီးလေးတွေ အညှာခြွေပေးရင်း
ရှေ့က Programme ကိုကြည့်နေတာ

"ကြည့်ပါအုံး...ချစ်စရာလေး"

သူတို့ ကြည့်နေတဲ့ Channel က အိမ်မွေးခွေးအမျိုးအစားလေးတွေအကြောင်း လာနေတာမို့
ချန်းယောလ်က တစ်ကောင်ပြီးတစ်ကောင် ချစ်စရာလေး ဆိုပြီး ရေရွတ်နေတော့တာ

ဘက်ခဟျွန်းကတော့ သူ့ရှေ့က Puppy ကြီးကိုပဲ ချစ်လို့မဝနိုင်...အဲ့ဒီ နားရွက်ဖျားထိတတ်အောင် ပြုံးနေတဲ့ အပြုံးတွေရယ်

ကြည့်အုံး..ကြည့်အုံးနဲ့ တစ်ကောင်ပြီး တစ်ကောင် မမောနိုင် ပြနေတာလေး

ပြီးရင် ခွေးလေးတွေ ချစ်စရာအမူအရာလုပ်ရင်
တဟားဟားနဲ့ သူ့ဘာသာ သဘောကျနေတော့တာ

ချန်းယောလ်ရဲ့ ဒီပုံစံလေးဟာ အသစ်အဆန်းပဲ

လက်က စတော်ဘယ်ရီသီးတွေကိုလည်း အညှာခြွေတာ မပျက်စေရ
​ဗြွန်းဘက်ခဟျွန်းတို့မှာတော့ ပတ်ချန်းယောလ်က ငါ့ကိုစတော်ဘယ်ရီတောင် အညှာခြွေပြီးကျွေးတာ ဟု တစ်နိုင်ငံလုံး သိအောင် လှည့်ပတ်ကြွားချင်နေပြီရယ်

Nothing MattersWhere stories live. Discover now