< 3 Months Later >
“ပတ်ချန်းယောလ်ရှိ ဒါကြီးက ဘာလို့ထည့်လာတာလဲလို့”
“အသဲက လည်း တကယ် လိုက်တာပါဆို၊ ရော့ ထပ်စောင်းကြည့် တကယ် မိုက်လို့ ၊ ဒါက ဒီလို နောက်ပြန်လေး စောင်းရတာ၊ ဝါး ကိုယ့်အသဲက ချောလိုက်တာ”
ဘက်ခဟျွန်းနဲ့ ချန်းယောလ်တို့ Honeymoon အတွက် Japan ကို ရောက်နေကြတာဖြစ်ပြီး Luggage unpack လုပ်နေကြတာပါ။
ကလေးဆန်လို့ မဝယ်ဘူးလို့ ပြောနေတဲ့ကြားက ဒီ Leather Cap ကို ဇွတ်တွေ သယ်လာသော ပတ်ချန်းယောလ်ရယ်ပါ။
ပြီးတော့ သူဆင်တဲ့ Fashion အတိုင်းဝတ်ရမယ်ဆိုပြီး ကြိုတင် စီစဉ်ထားသေးတာ
“ရော့ သဲ ဒီမျက်မှန်လေးပါ တပ်လိုက်”
“ဒါတော့ များသွားပြီလေ အချစ်”
ဘက်ခဟျွန်းတစ်ယောက်မှန်ထဲပေါ်နေတဲ့ ကိုယ့်ပုံကို ကြည့်ပြီး ရယ်ချင်ပတ်ကျိဖြစ်နေမိသည်
တက္ကသိုလ် ပါမောက္ခတဲ့လား
“အာကွာ....ကိုယ့်အသဲလေးက ချစ်စရာလေး”
အရေးထဲမှာ အရှေ့ကတစ်ယောက်က နှာခေါင်းလာနမ်းလိုက်၊ မေးစေ့ကိုလာဖြစ်ညှစ် လိုက်မို့ ကိုယ့်ကိုကိုယ် ရယ်ရမလား ငိုရမလား မသိတော့
“ချန်းယောလ် ကျွန်တော် ဒါနဲ့မလိုက်ဘူးလေ၊ ကလေးကလားကြီးဖြစ်နေတာကို”
“ဘယ်က ကလေးကလားရမှာလည်း အသဲရဲ့ ဒါကို Boyfriend Vibe လို့ခေါ်တယ်”
“ဟင်း ချန်းယောလ် က သူကျတော့ ဒီလိုမဝတ်ဘဲနဲ့”
“ကိုယ်က Boyfriend Material Type
ဘက်ခဟျွန်းနီးက ကိုယ့်ရဲ့babe vibe”ဒီလောက်ကြီး ကဲသဲနေတဲ့ တစ်ယောက်က ဒီတစ်ယောက်ပဲ လောကကြီးမှာ ရှိတာထင်သည်
ပြောလည်းမနိုင်တာမို့ ဘက်ခဟျွန်းက အံ့သြတဲ့မျက်နှာစတိုင် လုပ်ပြတော့ ချန်းယောလ်က
ထရယ်တော့သည်“အားချစ်လိုက်တာ...ကိုယ် အပြင်တောင်မထွက်ချင်တော့ဘူး”
“ချစ်တာနဲ့ အပြင်မထွက်တာ ဘာဆိုင်”
“ဘာဆိုင်လဲ သိချင်လား..တကယ်သိချင်လား”
ကြည့်...မျက်နှာက မချိုမချဉ်နဲ့
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...