Life Lesson: Part 17

372 41 2
                                    

ဆိုင်အတွင်းဘက်မှာရှိတဲ့ ရှိတဲ့လေထုက တော်တော်အေးစက်နေပါသည်(air-con ကြောင့်တော့မဟုတ်)

အပြစ်လုပ်ထားမိတဲ့ Mark နဲ့ Lucas ကတော့မျက်နှာငယ်လေးတွေနဲ့

အပြစ်လုပ်ထားတယ်သာပြောရတာ...
Lucas လုပ်မိတာဆိုလို့ ဧည့်သည်မှာတာကို
ချပေးလိုက်တာပဲရှိတာပါ
Mark ကတော့ စီနီယာ ဖြစ်ပြီး Lucas ကို
မတားလို့ ရောခံရတာပေါ့...

ချန်းယောလ်အပြင်ကပြန်လာပြီး သူတို့
အလုပ်ဆင်းချိန်ရောက်မှ ပြသနာ ထတက်ခြင်းဖြစ်သည်

"ကျစ်.... အဲ့ဒီ Strewberry Cake က သပ်သပ်ခွဲဖယ်ထားနေကျဟာကို"

ချန်းယောလ်ဟာ ဒေါသကို ထိန်းထားရဟန်နဲ့ မျက်နှာက သုန်မှုန်နေတော့တာ

ချန်းယောလ်ဟာ ဒေါသကို ထိန်းထားရဟန်နဲ့ မျက်နှာက သုန်မှုန်နေတော့တာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူ အလုပ်လစ်ပြီး Club သွားကဲတာ သိသွားတုန်းကတောင် စိတ်မဆိုးဘူး

မနေ့ကဆို Lucas ကြောင့် ပန်းကန်တစ်ထပ်လိုက် ကွဲတာလည်း ဟာသလုပ်ပြီး ရယ်နေသေးတာ

"Baekhyun Hyung ဆိုတာ သူဌေးရဲ့ သူဌေးလား" 😎

တဲ့ ဆူခံနေရတဲ့ကြားက Lucas က တိုးတိုးလေးကပ်မေးလို့ ထခွီမိတော့မလို့ မနည်းမျက်နှာပိုးသပ်လိုက်ရသေးသည်

ဒီရက်ပိုင်းမှာ Baekhyun Hyung က မနက်ခင်းကို တစ်​ခေါက် သူဌေးနဲ့လိုက်လာပြီး ကော်ဖီဝင်သောက်ကာ..သူ့အတန်းပြီးလို့ ညနေခင်းကို ဆိုင်ပြန်ရောက်တိုင်း Strawberry Cake နဲ့ သောက်စရာတစ်ခုခုတွဲစားလေ့ရှိသည်
သောက်စရာသာ ပြောင်းသွားမယ်
စတော်ဘယ်ရီကိတ်ကတော့ အမြဲတန်း မငြီးမငွေ့စားတာမို့ သူတို့တောင် အံသြယူရသည်
ဒါ့ကြောင့် နေ့တိုင်းသူတို့ Menu List ထဲမှာ စတော်ဘယ်ရီကိတ်လုပ်ရန် အမြဲပါနေတော့တာ

ဒီနေ့တော့ ဧည့်သည် ကလေးတစ်ယောက်က Strawberry Cake မှာတာကို အလုပ်သင်ဖြစ်တဲ့ Lucas က ခွဲဖယ်ထားတာမသိဘဲ ရှိသေးတယ်ဆိုပြီး ရောင်းပေးလိုက်တာ

ဆိုင်က လူကျနေတာမို့ Mark လည်း သတိမထားမိလိုက်

ထပ်လုပ်ပေးရအောင်ကလည်း Pastry Chef (မုန့်ဖုတ်ဆရာ) ကပြန်သွားပြီ

သက်ပြင်းကို ဖူးခနဲ့ မှုတ်ထုတ်လိုက်ပြီး သူဌေးက Mission တစ်ခုလုပ်ဖို့ အရေးကြီးနေသလို နာရီကို တစ်ချက်လှမ်းကြည့်လိုက်တယ်

"ငါ့ကို စတော်ဘယ်ရီတွေ ရေဆေးပေးစမ်း" တဲ့

Kitchen ဘက်ဝင်သွားတဲ့ နောက် ကောက်ကောက်ပါအောင် ပြေးလိုက်ရင်း လိုက်ကူပေးရတော့တာ

သူဌေးတောင် ဂျုံတွေကိုယ်တိုင်နယ်နေသေးတာ...ငါလည်း လုပ်သင့်ပါတယ်😔

Nothing MattersWhere stories live. Discover now