Part 27

362 36 2
                                    

"Hyung

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"Hyung...အဲ့ဒီ Size က Hyung နဲ့အရမ်းကြီးနေမှာပေါ့...ပြကြည့် အာ... ဒါကတော်တော်ကြီးနေတာ မဟုတ်ဘူးလား"

ဘက်ခဟျွန်း မှာ အလုပ်တွေအားလုံးပြီးတော့ ရတဲ့အချိန်လေး Supreme Store ကိုရောက်အောင်လာပြီး ချန်းယောလ်အတွက် Hoodie တစ်ထည်လောက် ဝယ်ပေးချင်တာမို့ ရွေးနေတာကို ဘေးက ဂျုံအင်တစ်ယောက် လိုက်ရှုပ်နေတာ ခံနေရတာပါ။

"ကျစ်...ငါ့ဖို့ မဟုတ်ပါဘူး"

"ဟာ ဟျောင့် ၊ ဘယ်သူ့ဖို့....အာ့ဟျောင်ပြောတဲ့ Crush ဖို့လား"

"ဒါတော့ ဟျောင့်က မတရားတာပဲ အတူတူလိုက်ပို့တဲ့သူကိုကျ မဝယ်ပေးဘဲနဲ့ ၊ ဒီလိုလုပ်လို့တော့ မရဘူးလေ...သူ့ကိုဝယ်ပေးချင်ရင် ကျွန်တော်ပါ တစ်ထည်ယူမှာ"

ကဲ ဘယ်လောက်ရစ်လိုက်လဲဆိုတာ

"ဝယ်ပေးမယ်.. ပါးစပ်ကို ပိတ်ထားလိုက်တော့..ဝယ်ပေးမယ်ဟုတ်ပြီလား..."

မျက်နှာကို ခပ်တင်းတင်းထားပြီး ပြောလိုက်တော့မှ ငြိမ်သွားတော့တာ

ဒါတောင် ဘက်ခဟျွန်း က ချန်းယောလ်နဲ့  Design  ဆင်တူတာကို ရွေးပြီး သူ့ကိုကျ မတူတဲ့အထဲက ရွေးခိုင်းလို့ ကောက်တော်မူနေသေးတာ။

ဘက်ခဟျွန်းက ချန်းယောလ်ကို ဘယ်လို Surprise လုပ်ရမလဲလို့တွေးရင်း ပြုံးနေမိတာမို့ ဟိုတစ်​ယောက် အရစ်တစ်လိုင်းလုပ်ပြီး ပွစိပွစိလုပ်နေတာတွေ မကြားတစ်ချက် ကြားတစ်ချက်ပဲ

"Hyung..Hyung...ဗြောင်ဘက်ခဟျွန်း"

"အာ...ဝဲ...ဘာလဲ လန့်လိုက်တာ"

"ခေါ်နေတာ ကြာနေပြီကို...ကျွန်တော်က ပြန်ရောက်ရင် Hyung အိမ်မှာ တစ်ညအိပ်ပြီးမှ မမတို့ဆီသွားမှာနော်...ကြီးကျယ်မြင့်မြတ်လှတဲ့ ပတ်ချန်းယောလ်က အပြင်မှာ ဘယ်လိုလဲ လိုက်ကြည့်အုံးမှာ"

အားး ဟုတ်သား၊ ဒီအရှုပ်ထုပ်က ကိုရီးယား ထိ လိုက်ရှုပ်မှာကို မေ့နေတာ၊ တူတွေ တူမတွေကို လွမ်းလို့ တစ်ပါတ်လောက် ပြန်လိုက်အုံးမှာ တဲ့လေ၊ သူကဖြင့် ဒီမှာ အလုပ်တွေ အားတာလည်းမဟုတ်တာကို

ပြောမနိုင်တဲ့ ဖအေမတူ၊ အမေကွဲ ညီကိုလိုဖြစ်နေတဲ့ Kim Jong Inn ကိုတော့ သူအရှုံးပေးလိုက်ပါပြီ။

***

ချန်းယောလ်က မနေ့က သူဖုန်းခေါ်တာ မကိုင်လို့ စိတ်ကောက်နေတာများလားပဲ။မနေ့တည်းက သူဖုန်းခေါ်တာ မကိုင်၊
ဒီလူဆိုးလေးက ငါ့ကို ဆရာဒိုယောင်းနဲ့ သဝန်တိုနေပြန်ပြီထင်တယ်။

လေယဥ်ပေါ်မှာ အိပ်ပျော်လုဆဲဆဲ လန့်နိုးသွားရတာကြောင့် ဘက်ခဟျွန်းမျက်နှာကလည်း ခပ်နွမ်းနွမ်း၊
ဂျူံအင်ကတော့ အတော်ကြာမှ ပြန်လာဖြစ်တာမို့ စိတ်လှုပ်ရှားနေပုံပဲ

လာကြိုနေတဲ့သူတွေထဲမှာ ချန်းယောလ်ရှိမလားလို့ ရှာကြည့်မိသေးပေမယ့် သူမှ အပြန်လေယဥ်ချိန်ကို မပြောထားမိတာပဲ

အင်း...ဂျုံအင်ကို အိမ်လိုက်ပို့ပြီး ၊ ချန်းယောလ်ဆိုင်ကို လိုက်သွားမှပဲ။

ပြီးတော့ ညကျ ဂျုံအင်နဲ့ မိတ်ဆတ်ပေးရင်း အိမ်မှာ ဝိုင်သောက်ကြရင် ကောင်းမယ်၊
အိုဟုတ်ပြီ အသစ်ဝယ်လာတဲ့ Hoodie ကို ညကျဝတ်ရမယ်... ပြီးတော့မှ သူ့လက်ဆောင်ကို ပေးလိုက်တာပေါ့....ဒါဆို Couple ဝယ်လာတယ်ဆိုတာ ချန်းယောလ် အလိုလို သိသွားမှာပဲ
အမလေး တော်လိုက်တာ ငါလေးဟာ Genius ပဲ Genius!

မြန်မြန်ရောက်ချင်ပါတယ်ဆိုမှ ယာဥ်ကြောတွေက ဒီနေ့မှ ပိုကြပ်နေသလိုပါပဲ

ခပ်နှေးနှေးမောင်းနေတဲ့ Taxi ပေါ်မှာ Radio က လာနေတဲ့ သီချင်းက စာသားလေးက

Every Second, Every thought.. I'm in so deep ..
We got a love that is hopeless...တဲ့လား
ချန်းယောလ်ကတော့ သူ့ကို ပြန်ချစ်ဖို့ ယုံကြည်တာမို့ မျှော်လင့်ချက်မမဲ့ပါဘူး

And no body knows...I'm in love with someone's baby

သီချင်းစာသားကို အာရုံစိုက်နားထောင်နေတုန်း အဲ့ဒီစာသားကြောင့် ဘက်ခဟျွန်း ရင်ထဲမှာ စူးခနဲပါပဲ...ချန်းယောလ်မှာသာ ဆိုင်သူရှိနေခဲ့ရင် သူတကယ်ရင်ကွဲရမှာပါပဲ



[Radio ကလာနေတဲ့ သီချင်းလေးကို နားထောင်ကြည့်ပါနော်❤]








Nothing MattersWhere stories live. Discover now