In love: Part 18

354 39 0
                                    

ခဏလောက် ထပ်အိပ်ကြရအောင်

လိမ္မာတယ် ဘက်ခဟျွန်းနား...

အိပ်ရာပေါ်မှာ မှောက်ရက်ကြီးနဲ့ ခေါင်းအုံးနဲ့ ကိုယ့်ကိုကိုယ်ဖိရင်း ချော့ပြောနေရတာပါ

အခုမှ 4:00 နာရီပဲရှိသေးတာကို နိုးနေတာ ဘယ်လိုမှ ထပ်အိပ်လို့မရ...ပိတ်ရက်ဆို နေ့လည် ၁၁ နာရီလောက်ထိ အိပ်တတ်တဲ့သူက...

"ချိစ် ပါစတာ ကို ချိစ်အများကြီးနဲ့ စားချင်လိုက်တာ" လို့ မနေ့က စျေးဝယ်ထွက်ရင်း ပြောမိတာကြောင့်

ချန်းယောလ်က
"မနက်ဖြန် ချက်လိုက်မယ်လေ..အတန်းမရှိဘူးမလား" တဲ့

အိုး...သူက ပိတ်ရက်မှာ ချန်းယောလ်နဲ့ ဘယ်လိုကပ်နေရအောင် ကြိုးစားရမလဲ အကြံထုပ်နေတုန်းရှိသေးတာ

အရင်တစ်ပါတ်လုံးမှာ အလုပ်သွား၊အပြန် အကြောင်းပြလို့ရပေမယ့် ပိတ်ရက်ရောက်ရင် ကော်ဖီဆိုင်မှာ တစ်နေကုန်လိုက်ထိုင်နေလို့မကောင်းဘူးမလား

အလုပ်သွားတယ်ဆိုမှ ချန်းယောလ်ရဲ့ Scoopy နောက်က ပထမဆုံးလိုက်ခွင့်ရဖို့ ကြိုးစားရတဲ့ ပထမဆုံးနေ့ကို သတိရသေးသည်

အဲ့ဒီနေ့ကလည်း ချန်းယောလ်ဆိုင်ကိုသွားမယ့် အချိန်ကို မနက်အစောကြီးထပြီး ချောင်းရတယ်

ဓာတ်လှေကားနားမှာ မနက်အစောကြီးထဲက ထိုင်စောင့်နေရပြီး ...ချန်းယောလ်အခန်းတံခါးဖွင့်တဲ့အချိန်မှာ ပိုက်ဆံအိပ်မေ့ခဲ့လို့ ကပျာကယာပြန်တတ်လာရတဲ့ စတိုင်ဖမ်းရတာပေါ့ (ညကတည်းက အိုက်တင်က ကြိုကျင့်ထားပြီးသား)

သူက Bus တော့ လွတ်သွားပါပြီ လို့ ချန်းယောလ်ကြားအောင် ငြီးငြူပြတော့ သူလည်း ဆိုင်သွားမှာမို့ လိုက်ခဲ့တဲ့လေ...သိတယ် ကိုယ့်အချစ်ဟာ ဒီလိုသူများကိုကူညီချင်တတ်တဲ့စိတ်လေး အပြည့်ရှိတာကို

နောက်နေ့တွေကျတော့ ခပ်တည်တည်ပဲ ချန်းယော်အခန်းဆီ ထိုင်ဝင်စောင့်နေလိုက်တော့တာ

ခဏခဏ တံခါးလာဖွင့်ပေး​နေရလို့ဆို​​​ပြီး
ချန်းယောလ်က တံခါးPassword ပါပြောပေးထားတော့ ပိုအဆင်ပြေ😋
***
အဝတ်ပေတွေ လျှော်စက်ထဲထည့်..(မနက် ၄ နာရီကျော်ကြီးမှာ အဝတ်လျှော်စက်သံသဲ့သဲ့နဲ့ အဆောက်အအုံတစ်ခုလုံး ဇွဲအကောင်းဆုံးဆုတွေရတော့မယ်) ရေချိုး...ကျန်တဲ့ ဝေယျာဝစ္စ တွေလုပ်ပြီးတောင် ၇ နာရီပဲ ရှိသေး
နာရီရှေ့ အချိန်ထိုင်တွက်ရင်း နောက်ဆုံး
တော့ မရတော့ဘူး...

ချန်းယောလ်အခန်းဘက်ဝင်သွားလိုက်တော့တယ်

ချန်းယောလ်က အိပ်ခန်းထဲမှာ အိပ်နေတုန်းမို့
သူလည်းဆိုဖာပေါ်ဝင်လှဲပြီး စောင့်ရင်း အိပ်ပျော်သွားတော့တာ..သူနဲ့ နီးနေတယ်ဆိုတဲ့စိတ်ကလေးနဲ့တင် လုံခြုံနွေးထွေးစေတော့တာပါပဲ

***

[To our brave CBX❤ သတင်းကြောင့် သတင်းမြင်မြင်လိုက်ချင်း စိုးရိမ်လိုက်မိပေမယ့်...ဘယ်အရာကို မဆို သေချာဆုံးဖြတ်ပြီး လုပ်တတ်တဲဲ့ သဲငယ်ကြောင့်ရယ်... ညီကိုတစ်တွေအတူတူမို့ရယ်...ယုံကြည်ပြီး စောင့်နေကြရအောင်]

Nothing MattersWhere stories live. Discover now