You are: Part 33

351 39 24
                                    

“စိတ်ဖိစီးမှုများတာရယ် ဂရုမစိုက်တော့  အအေးမိသွားတာဖြစ်နိုင်ပါတယ် ...ကိုယ်အပူကျအောင် ရေပတ်လေးသေချာတိုက်ပေးပါ အကျီကို ခပ်ပါးပါးလေး လဲဝတ်ပေးထားပါနော် ဆေးအရှိန်ရလာလို့ ချွေးထွက်လာရင် သေချာသုပ်ပေးပါ၊ နိုးလာရင် အားရှိသွားအောင် အဟာရ ဖြစ်တာလည်း ကျွေးပေးပါ”

Doctor က ဆေးထိုး၊ ဆေးပေး သေချာမှာ ပြီး ပြန်သွားတာမို့ ကျန်တာ ကိုယ့်တာဝန်သာ
ချန်းယော်ရဲ့ခန္တာကိုယ် အလေးကြီးကို မနည်းမပြီး ဝတ်ထားတဲ့ Sweatshirt အထူကြီးကို ချွတ်ပေး ဖို့ တော်တော်လေး ကြိုးစားရသည် ။
ချန်းယော် က ပုခုံးကျယ်သူမို့ လက်နှစ်ဖက်ကိုမြှောက်ပြီး ခေါင်းစွပ်အနွေးထည်ကို ချွတ်ရတာ တော်တော်မလွယ်တဲ့ကိစ္စ

လက်တစ်ဖက်ကို အရင်မြှောက်ပြီး ချွတ်ပေးလိုက်တော့ ခေါင်းစွပ်နဲ့ ၊ တစ်ခြားလက်တစ်ဖက်က ချွတ်မရ တစ်နေပြန်သည်

စောနားက ‌ဒေါက်တာရှိတုန်း အတူတူ လဲပေးလိုက်ရမှာကို ငါ့နှယ်

သူပါ ကုတင်ပေါ်တတ်ပြီး၊ ကုတင်ပေါ်ကျောမှီဖြစ်နေတဲ့ ချန်းယောက်ကိုယ်ကို သူ့ပုခုံးပေါ်မှောက်ချ
ပြီးတော့မှ သူ့လက်တံ တိုတိုနဲ့ ခေါင်းကနေ အကျီကို မနည်းတွေ ချွတ်ရတာ လူက ‌ဟောဟဲတွေတောင် ဆိုက်နေပြီ

အဲ့ဒါထက် အင်္ကျီ ဗလာဖြစ်သွားတဲ့ ချန်းယောက်ကို ကြည့်မိတော့ လူက အသက်ရှုတောင် မမှန်ချင်တော့

ဒီ ကြွက်သားအမြှောင်း လိုက်ထနေတဲ့ ခန္တာကိုယ်က နေမကောင်းဖြစ်နေတာ ယုံတောင် မယုံနိုင်

ဘက်ခဟျွန်းရေ လူမမာကို အရင်ပြုစုရအောင်၊ သတိလက်လွတ်ဖြစ်သွားတဲ့ ကိုယ့်ကိုကိုယ် စိတ်ညစ်ညစ်နဲ့ ရယ်မိရသေးတယ်

ချွေးစို့ပြီး ပူနွေးနွေး ဖြစ်နေတဲ့ ကိုယ်လုံးကို ရေပတ်သေချာတိုက်ပေးလိုက်ရင်း  သူပါ ချွေးတွေထွက်ပြီး ပူအိုက်လာရသည်။

ဘီရိုထဲက အကျီခပ်ပါးပါးရှာကာ ချန်းယော်ကို လဲဝတ်‌‌‌‌ ပေးရင်း ၊ ကိုယ်တိုင်လည်း ကျောင်းကနေ ပြန်ရောက်ရောက်ချင်းတည်းက ဒီတန်းလာရတာမို့ ပေါ့ပေါ့ပါးပါးဖြစ်သွားစေမယ့် T-shirt တစ်ထည်ကောက်စွပ်ထားလိုက်သည်

Nothing MattersWhere stories live. Discover now