Obsession : Part 10

400 39 0
                                    

2010: Baekhyun

မနက်ကျထပ်လေ့ကျင့်ချင်လို့​ ,လို့ပြောတာ ​ဟိုနှစ်ယောက်ကအကြောင်းပြတာ
တကယ်တော့ (Cyber)ဆိုက်ဘာတက္ကသိုလ်က လေ့လာရေးထွက်လာတဲ့ အုပ်စုနဲ့ သူတို့ Surfing သွားရင်းခင်လာပြီး ဒီည မီးပုံပွဲလုပ်မည်ဆိုသောကြောင့်သာ

ဘက်ခဟျွန်းမှာတော့ အိမ်ကို ဆရာတွေပါ ပါတယ်လို့ လိမ်လိုက်ရတာ (18 နှစ်ပြည့် အထိမ်းအမှတ် နောက်တစ်ခုပေါ့)
ချန်းယောလ်ကို ဆရာယောင်ဆောင်ခိုင်းပြီး
ပြောခိုင်းရသေး
ကျောင်းနဲ့ရန်ဖြစ်ထားတဲ့ တစ်မိုးအောက် ပတ်ချန်းယောလ်တို့ ဆရာတွေတောင်ဖြစ်လို့😂

"အာမွန်းငြီး ကျွန်တော်ပါတယ် ခင်ဗျ"တဲ့
သူ့ အသံသြသြကြီးနဲ့မို့ ထင်တယ် အိမ်က ယုံသွားတာဖြစ်မယ်  "သားကို ဆရာ့လက်ထဲ အပ်ပါတယ်" ဆိုပဲ

***

ရေစိုဝတ်တွေလဲဖို့ လုပ်ကြတော့ ဘက်ခဟျွန်း က အဝတ် အပိုပါမလာတာမို့ Jong Dae ရဲ့ ဘောင်းဘီနဲ့ ချန်းယောလ်ရဲ့ ဟူဒီပွပွကြီး ဝတ်ထားတာရယ်
လူသေးသေးလေးနဲ့ အကျီပွပွကြီးထဲမှာ ပျောက်နေရော

ဆိုက်ဂိုဒ်အပြည့်နဲ့ လူ ၅ ယောက်ကြားမှာ ​ကလေးလေးလို ဖြစ်နေတာ

***

မီးပုံပွဲ က သူတို့ရောက်တော့ စနေပြီ
လူငယ်တွေမို့ မြန်မြန်ရင်းနှိးလွယ်ကြပြီး လွတ်လွတ်လပ်လပ် ကကြ၊ခုန်ကြ ၊သောက်ကြနဲ့

"သောက်မလား"

"အာ ကျွန်တော် တစ်ခါမှ မသောက်ဖူးဘူး"

ချန်းယောလ်က သူ့ခွက်ထဲက ဆိုဂျူကို မော့ချလိုက်ပြီး ..အား လန်းဆန်းသွားတာပဲ လို့ ဟန်ပါပါနဲ့ လုပ်ပြတယ်

"နည်းနည်း သောက်ကြည့်မယ်"

သောက်ကြည့်မယ်သာပြောတာ ခွက်ကို မျက်နှာနားကပ်လိုက်တာနဲ့ အလိုလိုရှုံ့မဲ့ အမလေး အနံ့က

အားး ဒီလိုတော့မဖြစ်ဘူး ငါ့ကို
အထင်သေးသွားလိမ့်မယ်

"ဂွပ်"

"နည်းနည်းချင်းသောက်လေ"

အား ငါမမူးပဲ ပတ်ချန်းယောလ်က ဘာလို့ပိုချောလာတာလဲ..
လေတိုက်လို့ နီရဲနေတဲ့ နှာခေါင်းထိပ်ဖျားတွေက ကိုင်လိုက်ရင် အေးနေမလားပဲ..အမြဲတမ်းဆူနေသလိုဖြစ်နေတဲ့ နှုပ်ခမ်းတွေက အစ ကြည့်ကောင်းလိုက်တာ
ပြီးတော့ ရင်အုပ်ကလည်း အကျယ်ကြီးပဲ

ပတ်ချန်းယောလ်ရဲ့ အကျီဝတ်ထားရတာမွှေးလိုက်တာ နွေးပြီးတော့ သက်တောင့်သက်သာ လည်းဖြစ်တယ်

နားရွက်တွေကို လက်နဲ့လှမ်းတောက်လိုက်ရင်စိတ်ဆိုးသွားနိုင်လား...ငါတို့သူငယ်ချင်းဖြစ်သွားရင်တော့ အဲ့နားရွက်တွေကို ထိုင်ဆော့မယ်

ပြီးတော့ သူ့ကိုပဲ ထိုင်ငေးနေချင်တာ
ဒီခံစားချက်က ဘာမှန်းမသိပေမယ့် ၁ ရက်တောင် သိတာမပြည့်သေးတဲ့သူကို ထိုင်ကြည့်နေရင်းကို လွမ်းတာလိုလိုဖြစ်နေတာ

ဘေးမှာ ဆူညံနေကြပေမယ့် ဘက်ခဟျွန်း မျက်လုံးထဲမှာ သူ့ကိုပဲ အာရုံစိုက်မိပြီး​နေတာ

သူ့လှုပ်ရှားမှု အသေးစိတ်ကအစ လိုက်မှတ်ထားမိနေတာ

တစ်ချက်၊တစ်ချက် ဟိုဘက်ဝိုင်းကလူတွေနဲ့ စကားပြောရင်း ပြုံးလိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်နက်နက်လေးကို လက်ညှိုးနဲ့ ထောက်ကြည့်ချင်လိုက်တာ

ဆိုဂျူသောက်ထားတာကြောင့် ဆိုပြီးနီထွေးနေတဲ့ နှုတ်ခမ်းတွေ...
ဟင် ဒါဘယ်လို ခံစားချက်ပါလိမ့်

ငါမူးနေပြီ ထင်တယ်

Nothing MattersWhere stories live. Discover now