You're gonna be mine : Part 23

409 38 5
                                    

အိပ်ရာက နိုးလာတော့ စဥ်းစားမိတာ ညက အကြောင်း
လူကို အနမ်းတွေနဲ့ ရူးသွပ်အောင်လုပ်ပြီးမှ
"မင်း စတာနော်" တဲ့ ချန်းယောလ်က

သူစတယ် ကိုယ်စတယ် ငြင်းရအောင်လည်း နှစ်ယောက်သားက ရန်ဖြစ်နေကြတာမှ မဟုတ်ဘဲ

ဒါနဲ့ပဲ ကိုယ်လည်း ကြောင်တောင်တောင်နဲ့

"အင်းပါ စိတ်မဆိုးနဲ့နော်" လို့ ပြောပြီး ပြန်ခဲ့ရတာ

ကိုယ်က သူ့ပါးလေးပဲ နမ်းခဲ့တာလေ...နှုတ်ခမ်းတွေကို အသက်ရှုရပ်အောင်ထိ ပြုစားခဲ့တာက သူမဟုတ်တဲ့အတိုင်း

အဓိက က ဘယ်သူစ စ လိုရင်းရောက်ဖို့ပဲ မဟုတ်ဘူးလား

အားးး ဘက်ခဟျွန်း ရေ လိုရင်းက ဘာလဲ လိုရင်းက

ဘာပဲဲပြောပြော...အဟီး

Kakao 💬CY: နိုးရင် မနက်စာ လာစား

ကိုယ့်ဘာသာတွေးပြီး စပ်ဖြီးဖြီးဖြစ်နေမိသော
ဘက်ခဟျွန်း မှာ ချန်းယောလ်ရဲ့ စာကို မြင်တော့
အပျော်လွန်ပြီး အိပ်ရာပေါ်မှာ ခြေရော လက်ရော မိုးပေါ်ထောင်ပြီး လေသိုင်းတွေကျင့်နေပြီ

ဆယ်နှစ်လောက် ကြိုက်ခဲ့ရတဲ့ crush က နောက်ဆုံးတော့ ကိုယ့်ကိုပြန်ကြိုက်ဖို့ 90 ရာခိုင်နှုန်းသေချာပြီလေ။

ဟင့်အင်းးး 99% သေချာနေပါပြီ

ချန်းယောလ်က သူ့အပိုင်ဖြစ်လာတော့မှာ

ဒါမှမဟုတ် သူက ချန်းယောလ်အပိုင်ပေါ့

****

"Avocado Toast စားမလား၊ နေ့တိုင်း စတော်ဘယ်ရီအရသာ မရိုးဘူးလား"

"ဟင့်အင်း...ကြိုက်တာဆို နေ့တိုင်းလည်း မရိုးဘူး"

ချန်းယောလ်က မီးဖိုချောင်မှာ Toast လုပ်နေရင်း ဘက်ခဟျွန်းကို နောက်ပြန်လှမ်းကြည့်သည်။

"မဟုတ်ဘူးလေ...စတော်ဘယ်ရီကိုပြောတာ"

"ဘာပြောနေလို့လဲ"

ချန်းယောလ် ပြုံးလိုက်တာ သူမြင်ပါတယ်နော်...

"ဒါဆို နေ့တိုင်းလား"

"အင်း"

"မနေ့ညက ကိစ္စကို ပြောတာ"

"အာ...အဲ့တာက ကျွန်တော် ချန်းယောလ်ကို တောင်းပန်ပြီးပြီလေ ကျွန်တော်စတာမို့...."

"သူများကားလိုက် စိီးတဲ့ ကိစ္စ ကိုပြောတာ"

သပ်သပ်မဲ့သူ့ကို စနေတာပဲ ..ဘက်ခဟျွန်း က ညစ်ကျယ်ကျယ်လေး ပြုံးလိုက်ပြီး

"ဒါဆို...ချန်းယောလ်ကရော ကြိုက်လား"

"ဟင် ဘာလဲ"

တွေ့လား ..သူ့အလှည့်ကျတော့ အဲ့ဒီ နားရွက်ဖျားတွေကအစ ရဲလာတာ

"ဘာဖြစ်ရမှာလဲ စတော်ဘယ်ရီ ကိုလေ"

"ရော့စား၊ နေ့တိုင်းစားချင်ရင် နေ့တိုင်းလုပ်ကျွေးမှာ
...နောက်နေ့ ကျောင်းကိုပဲ တန်းသွားမှာဆိုတော့ မနက်စာ အိမ်ကပဲ စားသွားတော့"

ထိုင်နေတဲ့ စားပွဲနားကို ယူလာပေးပြီး.ဘက်ခဟျွန်းရဲ့  နဖူးပေါ်ကျနေတဲ့ ဆံပင်ကိုလည်း လက်နဲ့လှမ်းတောက်လိုက်သေးတာ

ရင်ခုန်လိုက်တာများ...စကားတစ်ခွန်းပြောလိုက်မိရင်တောင် နှလုံးသားက ကြမ်းပြင်ပေါ်ပြုတ်ထွက်ကျတော့မှာမို့ ကော်ဖီနဲ့ မုန့်ကို ပဲ ဘာမှမဖြစ်သလို စားနေလိုက်ရတော့တယ်

ဘက်ခဟျွန်း ရေ ရင်ခုန်နှုန်းကို နည်းနည်း ထိန်းကြရအောင်...ဒီတစ်ခါ ကိုယ့်ဘက်က ထပ်မနမ်းမိစေတော့နဲ့

ဒါနဲ့ ချန်းယောလ်က မနက်တိုင်း လိုက်ပို့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့....ငါကံတွေ တအားကောင်းနေပါလား

ချစ်ရသော ဒီလူသားဖြစ်နေတာကြောင့် သေးသေးမွှားမွှာလေးက အစ မက်မောရပါသည်ဆိုမှ မနက်ခင်းတိုင်း ဂရုတစိုက်နဲ့ လုပ်ကျွေးတဲ့ မနက်စာအထိ

ငါအရင်ဘဝက သူများတွေအပေါ်တော်တော်ကောင်းကောင်း ဆက်ဆံပေးမိခဲ့တယ် ထင်တယ်

***

[♥ တကယ်တော့ကွယ် မနေ့က GMP airport update မှာ သဲသဲ မျက်နှာက တင်းပြီး သုန်မှုန်နေတာပဲ...

မတွေ့ရလို့ လွမ်းနေတဲ့ကြားက တွေ့ရတော့လည်း စိတိမကောင်း၊ အမြဲတမ်းပြုံးနေတဲ့ကောင်လေးက ခပ်တည်တည် နဲ့ ရင်တွေလည်း နာရပါတယ်။
Airport Update တိုင်း CY နဲ့ တစ်တီတူးနေတတ်တဲ့ကောင်လေး ကို ပြန်ခေါ်လာပေးကြပါ]



Nothing MattersWhere stories live. Discover now