နွေးထွေးစွာ ဖိကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ
ကြောင့် ရင်ခုန်နှုန်းတွေမြန်လာရသည်အို...ကိုယ်လွမ်းနေတာ ဒီစွတ်စိုနွေးထွေးမှု...
"သိတယ်မလား ကိုယ်မင်းကို သဘောကျတာ"
ကိုယ့်မျက်နှာကို ထိတွေ့လာတဲ့ အသက်ရှုသံတွေရယ်
နှုတ်ခမ်းထူထူတွေကြားက ခပ်ဖွဖွမေးလာတဲ့စကားကို သူအလျင်အမြန် ခေါင်းငြိမ့်ပြမိတယ်..လှိုက်ဖိုပြီး နွေးထွေးလာမှုတွေဟာ နှုတ်ခမ်းဖျားက စတာတဲ့လား...ကိုယ်က သူ့အသက်ရှုသံလေးကအစ မြတ်နိုးရသူပါ
မျက်နှာကို ထိတွေ့လာတဲ့ လက်ဖုဝါးပြင်ရဲ့အထိအတွေ့ကြောင့် တစ်ကိုယ်လုံး တုန်ရီလှိုက်မောလာရတော့တာ
ပါးခြိုင့်တွေပေါ်အောင် ပြုံးပြီး ကိုယ့်ကိုကြည့်နေတာသေချာသည်...
ဒါပေမယ့် ချန်းယောလ်မျက်နှာကို သူမမြင်ရ...
ဟင်...ဘယ်မှာလဲ
ရုတ်တရက် ဘယ်ပျောက်သွားတာလဲ....လေးဘက်လေးတန် လိုက်ရှာပေမယ့် မတွေ့....
ကိုယ့်ကို စောင့်နေပေးနော် တဲ့ ချန်းယောလ်ရဲ့ အသံက ပြေးထွက်သွားသူတစ်ယောက်ရဲ့ အသံမျိုး
မဟုတ်ဘူး...ကျွန်တော့်ကို မထားခဲ့ပါနဲ့
နေပါအုံး သူ့မျက်လုံးတွေ ဘာလို့ဖွင့်မရ
ပြီးတော့ ခြေထောက်တွေ
ခြေထောက်တွေ ဘာလို့လှုပ်မရ...ချန်းယောလ်...ချန်းယောလ်လီ
အ....အ. ဒုန်း
***
"နာသွားသေးလား"
"ချန်းယောလ်က ဘာဖြစ်လို့ ဆိုဖာကို လူအိပ်လောက်အောင် မဝယ်ထားတာလဲ"
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...