Part 36 : Brace Yourself

387 45 25
                                    

“Sam”

“Sam ...Baekhyun Sam”

“အင်း Ga Young ရ”

မနက်ကတည်းက အာရုံကို စူးစိုက်ဖို့ ကြိုးစားနေပေမယ့် တစ်ချက်တစ်ချက် အတွေးထဲ မြောသွားရတာ ၊ ဒီနေ့မှ ကျောင်းသူ၊ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက်ရဲ့ Project တွေကို နားထောင်ပြီး  feedback ပေးရတာနဲ့ လာတိုးနေတာမို့ တော်တော်လေးလည်း ပင်ပန်းနေပြီ

Ga-Young က ကိုယ့်ရှေ့မှာ စာအုပ်ကို မျက်နှာရှေ့ လှုပ်ယမ်းပြီးခေါ်တော့မှ သတိပြန်ဝင်လာတာ

“ဖုန်းက စာ ဆက်တိုက် ဝင်နေတယ် ထင်တယ် ဆမ်”

သူမ က စားပွဲပေါ်တင်ထားတဲ့ ဘက်ခဟျွန်းဖုန်းကို လှမ်းပြရင်း ‌ပြောတာမို့  ကောက်ကြည့်လိုက်သည်

CY: ညစာ ဘာစားမလဲ

CY: ကိုယ် အခု Market Place မှာမို့ ၊ ဘာမှာမလဲ

CY: Spaghetti ပဲ လုပ်လိုက်ရမလား

CY: တော့ပုကီစားချင်လား

CY: ဘက်ခဟျွန်း စားချင်တာရှိရင် ပြောလေ

ချန်းယောလ်ဆီက စာ ဆက်တိုက်ဝင်နေပေမယ့် စိတ်ထဲက ထူးထူးခြားခြားမပျော်ရွှင်ဘဲ ပိုလို့တောင် ဝမ်းနည်း သွားသလိုပဲ

သူက ဘာလဲ။ မနက်ခင်းတုန်းက အခြေအနေတွေရှိခဲ့တာတောင် ဘာလို့ ဘာမှ မဖြစ်တဲ့ စတိုင်တွေနဲ့ ညစာအထိ အတူစားဖို့ လုပ်နေတာလဲ၊ ဟိုအမျိုးသမီး ပြန်သွားမှ ငါ့ကို လာမေးနေတာလား
စိတ်ရှုပ်တာကြောင့် သက်ပြင်းကိုလေးလေးပင်ပင်ချမိသည်

“ ဆမ်...စိတ်ညစ်နေတာလား”

မေ့နေတာပဲ ‌‌ရှေ့က Ga-Young ရှိနေတာကို

“အင်း ဒီလိုပါပဲ”

“တို့ ဆရာနုနုထွတ်ထွတ်လေးကို ဘယ်သူ စိတ်ညစ်အောင်လုပ်တာလဲပြော”

“အဟား ..ဘယ်လိုတွေ နုနုထွတ်ထွတ်..အသက် ၃၀ ကျော်နေပြီကို”

“ဟာ ဆမ်က ကိုယ်တိုင် မသိဘူးလား ၊ဆမ် က သမီးတို့ အဖွဲ့က San-Woo နဲ့ ယှဉ် ရင် တောင် သူငယ်တန်းကလေးလိုပဲ”

“အဲ့တာတော့ များပြီ”

“ ဆမ် ဝင်ခဲ့မယ်နော်”

ပြောပြောဆိုဆို အခန်းဝရောက်လာသော San-Woo ။ Ga-Young က သူပြောထားတာ လူမိသွားမလိုဖြစ်တာကြောင့် ဇတ်ကလေးပုရင်း ရှုးနော် ဆရာ လို့လုပ်ပြတော့ သဘောတကျ ပြုံးဖြစ်သည်

ပြီးတော့မှ အနောက်က လိုက်ဝင်လာသော သူတို့အုပ်စု

“ဆမ် ကျွန်တော်တို့ နှစ်ဝက် Project ပြီးတဲ့ အထိမ်းအမှတ် ညစာလိုက်ကျွေးချင်လို့ အရင်ပါမောက္ခတွေတုန်းက သေမလိုပဲ ဖိခံရတာ ၊ အခုက ဖီလ်းတောင် မဖီးလ်လိုက်ရပဲ ဆမ်ကူညီပေးတာနဲ့ ပြီးသွားပြီ”

CY: Incoming Call

“ခဏနော် ဖုန်းကိုင်လိုက်အုံးမယ် ....အင်း ချန်းယောလ်ပြော”

“စာပြန်မပို့လို့လေ”

“ဪ ဟုတ်တယ် ကျွန်တော် မအားလို့ ဘာလို့လဲ ချန်းယောလ်”

“အင်းပါ...ညစာ ဘာစားမလဲလို့ ကိုယ်အခု အပြင်ကနေ တစ်ခါတည်း လိုအပ်တာ ဝယ်ခဲ့မလို့လေ”

“ရတယ် နေပါစေ ၊ ကျွန်‌တော် ကျောင်းက က‌လေးတွေနဲ့ အပြင်မှာ စားခဲ့မှာမို့”

ကလေးများ ထအော် “ ဟေး ကြားလား ဆမ်က ငါတို့နဲ့ လိုက်မှာတဲ့”

“ဒါပဲနော်”

[Brace yourself ပါ Park Chanyeol Shi]

Nothing MattersWhere stories live. Discover now