ဆိုင်ကယ်က မြင့်တာမို့ မနည်းတွယ်တတ်ရသည်
ပထမဆုံးအတွေ့အကြုံမို့ လူက စိတ်လှုပ်ရှားနေတာလည်း ပါမည်..."အဲ့.."
ခြေထောက်ကို လှမ်းအခွမှာ ယိုင်သွားတာမို့ လေထဲဝဲနေတဲ့ လက်က ရှေ့က လူရဲ့ပုခုံးကို အော်တိုသွားဖတ်တော့တာ...
"ကိုင်မယ်နော်"
ရုတ်တရက် ပါးစပ်ကပါ ခွင့်တောင်းလိုက်မိသေးသည်
"ဟမ်"
ချန်းယောလ်က သဲသဲကွဲကွဲမကြားလိုက်တာမို့ နောက်ငဲ့ကြည့်ရင်းမေးသည်"အဝှာ မဟုတ်ဘူး... ပုခုံးကိုင်မယ်လို့ အဲ့တာ"
"မကိုင်ဘဲနဲ့ လိုက်လို့ရရင် လိုက်ခဲ့လေ"
စကားတောင် မဆုံးသေး ဝူးခနဲ့ ဆောင့်ထွက်တာကြောင့် ပုခုံးက လက်က ခါးဆီ ရောက်သွားပြီး မြဲမြဲဖတ်ထားမိတော့သည်။လူတွေရဲ့ ဦးနှောက်နဲ့ လုပ်ဆောင်ချက်တွေက အံသြဖို့ကောင်းတယ် သူမသိလိုက်ပါဘဲ အခုလို သူစိမ်းတစ်ယောက်ကို ပြုတ်ကျမှာ ကြောက်တဲ့စိတ်နဲ့ ထဖတ်မိတာပဲကြည့်
အင်းလေ ဘာမှမဖြစ်ပါဘူး ယောကျာ်းလေးချင်းပဲ
ဒီလို ခပ်ချောချောသူငယ်ချင်းမျိုးရှိလို့ကတော့ အေးဆေးပဲ နောက်လည်း ဆိုင်ကယ်လိုက်စီးလို့ရတာပေါ့...ချန်းယောလ်ကို သူငယ်ချင်း ဖြစ်အောင်ပေါင်းရမယ်***
ဝေးးးးးးးးးးးဝူး.......ဝူးးးးးးးးးJongdae နဲ့ Xiumin ရဲ့ဆိုင်ကယ်က ဘေးကကျော်တတ်ရင်း အာပြဲJongdae တစ်ယောက် နောက်ကနေ လက်နှစ်ဖက်ကို လေထဲလွှင့်ပြီး အော်သွားတာ
သူ့ကိုသူ ကိတ်ဝင်းစလတ်မှတ်နေသလားပဲ
(တိုက်တန်းနစ်ထဲကလို❤ )မြို့ထဲက လွန်လာပြီး အဝေးပြေးလမ်းမပေါ်ရောက်လာပြီမို့ ကွင်းပြင်တွေကို ဖြတ်ပြေးလာတဲ့ လေက တော်တော်အေးသည်..အခုမှ အေးလာလို့သတိရမိတာ Baekhyun ဝတ်လာတာ T-Shirt အပါးလေးတစ်ထည်တည်း
ကိုယ်ကအစီစဥ်မရှိဘဲလိုက်လာရသူမို့ ဘာအကျ်ီအပိုမှလည်း မပါ...မြို့ထဲတုန်းက ကိုယ့်ဘာသာ စိတ်လှုပ်ရှားနေတာမို့ အဲ့တာလည်းသတိမရမိခဲ့
ဆိုင်ကယ်လေတိုးတဲ့အရှိန်ရောကြောင့် တော်တော်လေးကို ချမ်းလာရတာမို့ ဘေးကရှုခင်းတောင် အာရုံမစိုက်နိုင်...ရှေ့က Chanyeol ကိုယ်ကိုသာ ၂ ဆတိုးပြီး ဖတ်ထားရသည်။ တော်သေးသည်က ချန်းယောလ်က ခန္တာကိုယ်ကြီးတဲ့သူမို့ သူ့အနောက်မှာကွယ်နေရင် လေတိုက်တာ သက်သာသလိုပဲ...မျက်နှာကို ချန်းယောလ်ရဲ့ အနောက်မှာ ဖွက်ထားပြီး နေလိုက်တော့ လေတိုးတာ တော်တော်သက်သာသည်...မျက်လုံးက ချန်းယောလ်ရဲ့ Helmet အောက်က လွတ်နေတဲ့ လည်ပင်း ကိုအကြည့်ရောက်တော့ စိတ်ထဲမှာ တစ်မျိုးလေး နုနုညံညံ့ခံစားမိသည်
ကြည့်ပါအုံး ဦးထုပ်အောက်က တစ်စွန်းတစ်စထွက်နေတဲ့ ဆံပင်တိုဆိဆိလေးတွေရယ်...အအေးဓာတ်ကြောင့် နည်းနည်းပန်းရောင်သန်းနေတဲ့ အသားအရေရယ်....လည်ပင်းပေါ်က မွှေးညှင်းနုလေးတွေက လေတိုက်လို့ ကြက်သီးဖုလိုလေးထပြီး စိမ်းဖန့်နေတာ ....သူဟာ အကြည့်ကိုတောင် မခွာနိုင်တော့
လူတစ်ယောက်ရဲ့ လည်ပင်းနဲ့ဂုတ်က အဲ့လောက်ဆွဲဆောင်မှုရှိတတ်မှန်း အခုမှ သိတော့သည်။ ဒီလိုသာ သူ့ကောင်မလေးကို ဆိုင်ကယ်အနောက်က တင်ခေါ်ရင် ဘယ်လောက်တောင် အူယားနေလိမ့်မလဲ
ကိုယ့်မှာရော အဲ့လို ဆွဲဆောင်မှုရှိတဲ့ လည်ပင်းရှိရဲ့လား မသိ...ကိုယ့်လည်ပင်းကို ရုတ်တရက်စမ်းကြည့်မိသည်
မေ့ပြီး ရှေ့မှာဖက်ထားတဲ့ လက်တစ်ဖက်ကို ရုတ်ပြီး
စမ်းလိုက်မိတာမို့ သူလက်ရုပ်လိုက်တာနဲ့ ချန်းယောလ်က အရှိန်နည်းနည်း လျှော့လိုက်တယ် ထင်သည်ပြီးတော့ ဆိုင်ကယ်ကို လမ်းဘေးကပ်ပြီး ရပ်လိုက်တယ်
"ဟင် ဘာဖြစ်လို့လဲ"
"မင်းအေးနေတာ မလား "
ဆိုင်ကယ်ကို ခြေထောက်နဲ့ ထိန်းထားရင်းကနေ သူ့အပေါ်က ဂျက်ကတ်အကျီကို ဆွဲချွတ်ရင်း လှမ်းပေးသည်
"အာ ရတယ် အားနာစရာကြီး"
"ယူ...ဝတ်လိုက်ရော့..လက်က ရေခဲတုံးဖြစ်နေပြီ ကြာရင် ငါပါ ရေခဲစိမ်ပြီးသားဖြစ်တော့မှာ"
"Chan...Chanyeol shi ကရော"
"ရတယ်လေ ငါက ဒီလက်ရှည်တစ်ထပ်ဆို မအေးဘူး အပေါ်က စတိုင်ကျအောင် ထပ်ဝတ်လာတာ"😁
သူက ရယ်ရယ်မောမောနဲ့ ပြောလိုက်တာမို့ ရင်းနှိးသွားသလိုခံစားရ...
"ကျေးဇူး အဲ့တာဆို ကျွန်တော် ဝတ်လိုက်မယ်နော်"
အား နွေးနေတာပဲ Chanyeol ဂျက်ကတ်က ပြီးတော့ သူ့ကိုယ်သင်းနံက တော်တော်ယောကျ်ားဆန်တာပဲ
***
ဒီလိုနဲ့ Baekhyun တို့ ကမ်းခြေကို အသစ်စက်စက်သူငယ်ချင်းလား ဘာလားမသိသေးသော ရင်းနှိးဖွယ်
သူစိမ်းလူသားလေးနဲ့ ကမ်းခြေကို ပထမဆုံးရောက်သွားတော့သည်
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...