"Chanyeol"
စိတ်ရဲ့ တစ်ဖက်ခြမ်းဟာ မဖြစ်နိုင်ဘူးလို့လည်း
သိရက်နဲ့ ကျွံဝင်နေတဲ့ နှလုံးသားကို ဘာနဲ့မှ
တားလို့မရခဲ့ ဒီအတိုင်းလေး လူသားနှစ်ယောက်ဟာချစ်ခြင်းမေတ္တာကို ခံစားကြသည်ပေါ့သူဒီလောက်ထိပဲ တွေးချင်သည်
နောင်တတွေ မရချင်
"အနာဂတ် ၊ အတိတ်" ဒါတွေမရှိပဲနဲ့ ပစ္စုပန်မှာ အချိန်တွေ အားလုံးကို ရပ်တန့်ထားချင်မိတာ
သူ့လက်ရှိပစ္စုပန်မှာ ဗြောင်ဘက်ခဟျွန်းဖြစ်နေဖို့သာ လိုအပ်ပါသည်ဘေးမှာရှိနေစဥ် တန်ဖိုးထားချင်သည်
***
"Byun Baekhyun"အချစ်ဟာ နာကျင်ရတယ်ဆိုရင်တောင် ချန်းယောလ်ဖြစ်နေတာမို့ သူနောင်တမရပါ
လူတွေဟာ ယုံကြည်ချင်တာကိုပဲ ယုံကြည်ကြတယ်တဲ့..ဒီစကားဟာ တစ်ဝက်ပဲ မှန်မည်ထင်သည်
သူ့အပေါ်ထားတဲ့ ဂရုစိုက်မှုတွေကို မေ့ထားလိုက်အုံး
အကြည့်တွေကိုတော့ ယုံကြည်ဖို့ထိုက်တန်တယ်မလားလူတစ်ယောက်ရဲ့ နှလုံးသားကို မျက်ဝန်းတွေကတစ်ဆင့် မြင်ရသည်ဆိုရင် ချန်းယောလ်ရဲ့ နှလုံးသားမှာ သူတစ်နေရာစာရှိတာကို ယုံကြည်ပါသည်
ကိုယ့်ပျော်ရွှင်မှုရဲ့အကြောင်းအရင်းဟာ သူဖြစ်လာပြီးတဲ့နောက်မှာတော့ သူ့ကြောင့် တစ်ချိန်မှာ ဒဏ်ရာရစေနိုင်မယ်ဆိုအုံးတော့ အမြတ်တနိုး လက်ခံသင့်သည်မလား
***
[❤ ဒါက သူတို့ရဲ့ အတွေးစအချို့ပါ။ တို့ကိုယ်တိုင်လည်း သူတို့အပေါ် ဒီလိုပဲ ယုံကြည်မိတာပါပဲ...ဒါပေမယ့် တစ်ချိန်ချိန်မှာ တကယ်လို့ဆိုတဲ့ အတွေးက လူကိုနာကျင်စေသောပါပဲ
ups & downs တွေများလို့ထင်တယ် တို့အရမ်းMoody ဖြစ်နေတယ်ကွယ်]
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...