ချန်းယောလ်တစ်ယောက်
အပေါ်ထပ်မှာ အလုပ်လုပ်နေရင်းနဲ့ အောက်ကိုဆင်းလာတော့ ဘက်ခဟျွန်းကို မြင်လိုက်ရတာမို့
အံ့သြ သွားသည် ဆိုင်ကိုလာမယ်ဆိုလည်း ကြိုမပြောဘူး ဒီဘဲပေါက်စကဘယ်အချိန်ကရောက်နေပါလိမ့်
စကားပြောရင်း တစ်ခုခုကို သဘောတကျရယ်နေတဲ့ပုံလေးက ခေါက်ပွေ့ပြီး သိမ်းထားချင်လိုက်တာ
သူ့ဘက်ခဟျွန်းနီးက တကယ့်အကြည်ဓာတ်လေးဘယ်သူနဲ့ ပြောနေတာပါလိမ့် ဆိုင်က ကလေးတွေနဲ့တော့ မဟုတ်ဘူးထင်တယ်
ခုံမှာ ထိုင်ပြီး သောက်နေတာက သောက်နေကျ Cola မဟုတ်ဘဲ Blue-Ocean Soda
ဘက်ခဟျွန်း က Cola နဲ့ Coffee ပဲ တစ်ခု မဟုတ်တစ်ခု သောက်နေကျကို ဒီနေ့ကျမှ ဆိုဒါတွေ ဘာတွေသောက်လို့ ထူးထူးဆန်းဆန်း
ဘက်ခဟျွန်းတစ်ယောက်တည်း မြင်နေရတာမို့ ဟိုဘက်က လူကို သူမြင်ရအောင် စားပွဲရှိရာလှမ်းလာတော့
ခေါင်းထဲမှာ သွေးဆောင့် တက်သွားသလိုပဲအဲ့ဒါက ဟိုတစ်ယောက်မလား
ဂျူဝင်းဆိုလား ဂျူဝုန်းဆိုလား ပဲလေ
အဲ့တစ်ယောက်ကို ခေါ်ပြီးတောင် သူ့ဆိုင်ကို လာတွေ့တာ ဒါကြီးက များလွန်းတယ်မလား
"ဘက်ခဟျွန်း"
သူ့လေသံက နည်းနည်းတော့ မာဆက်ဆက်ဖြစ်သွားမလား မတတ်နိုင်
သူ့အသံကြားတော့ ဘက်ခဟျွန်းရော ဟိုတစ်ယောက်ရောက လှမ်းကြည့်သည်
ပြီးတော့ ဘက်ခဟျွန်းက အသိမှတ်ပြုရုံ မေးငေါ့ပြပြီး ပြောလက်စ စကားကို ဆက်ပြောနေတော့ ဟိုတစ်ယောက်ကလည်း မျက်လုံးက ဘက်ခဟျွန်းဆီ ပြန်ပြေးကပ်သွားသည်
ဖူးးးးးးးးးးးးး
စိတ်လျှော့ရအောင် ပတ်ချန်းယောလ်ရေ
"ဘက်ခဟျွန်းနား ကိုယ့်ကို မိတ်ဆတ်မပေးတော့ဘူးလား"
သူက ဘေးမှာ ရပ်နေတာကို စကားဆက်မပြောတာကြောင့် မေးလိုက်တော့
"အော် ...ဂျူးဝန်းရှိ ၊ ဒါ ဒီဆိုင်က ဆိုင်ရှင်သူဌေးလေ နှုတ်ဆတ်လိုက်ပါအုံး"
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...