#2023(Present:Baekhyun POV)
သူ မနေ့ညကနေ ဒီနေ့မနက်အထိ စဥ်းစားနေမိတာ ကော်ဖီဆိုင်ကို ဒီနေ့ ထပ်သွားသင့်လား ဆိုတာပဲ
အရင်ဆုံး သူ ချန်းယောလ်ကို ထပ်မြင်ချင်တာ သေချာတယ်
ပြီးတော့ သူ့ကိုတွေ့ရင် ချန်းယောလ် ဘယ်လိုတုံ့ပြန်မလဲ သိချင်တယ်ဟုတ်တယ် သွားမယ်
ဒီနေ့မှ မတော်တဆ တွေ့သလို သူဟန်ဆောင်လိုက်ရင်ရတာပဲ"Deeee...deeeee"
"Hello ဌာနမှုး... ဟုတ်ကဲ့ပြောပါ"
"Professor Byun ရေ ကျွန်တော့ Seminar လေး တာဝန်ယူပေးလို့ရမလားလို့ပါ။ ခေါင်းစဥ်ကလည်း Professor Byun ကျွမ်းကျင်တဲ့ Field ပဲမို့ အကူညီတောင်းပါတယ်... ဒီမနက်ကို Urgent အရေးကြီး Meeting ပေါ်လာတာမို့ Schedule နှစ်ခုထပ်သွားလို့ ပါ Hyung က သေချာလေးကောင်းကောင်း တစ်ဝိုင်းဧည့်ခံပါမယ်"
"ဟုတ်ကဲ့... လိုအပ်တဲ့ ဖိုင်လ်တွေ မေးလ်ပို့လိုက်ပါ ကျွန်တော်ကြည့်လိုက်မယ်"
အာ သူကော်ဖီဆိုင်တော့ မသွားနိုင်တော့ဘူး
အင်းလေ တစ်မနက်တည်းနဲ့ တော့ ချန်းယောလ် လည်း ကော်ဖီ ဆိုင်ကထွက်မပြေးလောက်ပါဘူး***
[Prof.Byun ရေ ညနေစာ Hyung ကျွေးမှာနော်
တွေ့ပေးရမယ့်သူလည်း ရှိလို့ အတန်းချိန်ပြီးရင် ဆက်ဆက် စောင့်နေနော်]နောက်ဆုံး Class ယူပြီးလို့ ဖုန်းကိုစစ်လိုက်တော့
Suho ဆီက Message
အင်း ငါဒီနေ့ ကံမကောင်းပါလားမနက် Seminar ကလည်း မေးခွန်း မေးသူတွေ များနေလို့ နေ့လည်မှ ပြီးတာ၊ အတန်းချိန်ကပ်နေတာမို့ ကန်တင်းမှာ အပြေးအလွှားစားလိုက်ရသည်
မနက်ခင်းက ရွှေ့ထားတဲ့ အတန်းချိန်က ဆက်တိုက်။ပင်ပန်းနေပြီ ပင်ပန်းနေတဲ့မျက်နှာနဲ့တော့ ချန်းယောလ်ကို မတွေ့ချင်တော့ဘူး
"Prof.Byun...အာကွက်တိပဲ ပြီးပြီမလား လာသွားကြစို့"
ဘက်ခ်ဟျွန်းမှာ မသိမသာ သက်ပြင်းခိုးချရင်းနောက်ကလိုက်ရတော့သည်။
***
"ဘက်ခ်ဟျွန်း က ဒယ်ဂုတက္ကသိုလ်ထွက်နော် ဟုတ်တယ်မလားကားမောင်းရင်း ဆူဟိုက စကားစပြန်သည်။
"ဟုတ်"
"SW Sports Company ကိုသိလား"
ခေါင်းသာ ခါပြလိုက်သည်... ငါအဲ့တက္ကသိုလ်ထွက်တာနဲ့အားကစား Company ဘာဆိုင်လို့လဲ
" Choi Min Ho လေ သူက အဲ့က C.E.O က
အစ်ကို တို့ သူငယ်ချင်း ၊ ဟိုနေ့က နေ့လည်စာအတူစားတဲ့ပုံ SNS မှာ တင်ထားတာတွေ့လို့ ဘက်ခဟျွန်း ကို မြင်ဖူးသလိုပဲဆိုပြီး စကားစရာကနေ မှတ်မိသွားတာ တက္ကသိုလ် တူတူပဲတဲ့ ခရီးတောင် တူတူသွားဖူးတယ်ဆို အဲ့တာသူနဲ့ ချိန်းထားတာ တွေ့ရအောင်လို့"အော်...ငါ့မှာတော့ ချန်းယောလ် သတင်းအစအနလေးများရမလားလို့ ကြိုးစားပမ်းစား SNS တွေမှာပဲ နာမည်တူတာနဲ့ လိုက်ကြည့်ခဲ့ရတာ...ခုတွေ့ပြန်တော့ကြလည်း လွယ်လိုက်တာ..အဲ့လိုမှန်းသိ ဂျပန်မှာ Suho နဲ့ ဆွေးနွေးပွဲ တစ်ခါတွေ့ကြတုန်းက တူတူဓာတ်ပုံရိုက်ပါတယ်။
အခုတော့ ချန်းယောလ် ကိုတွေ့ချင်လှပါပြီဆို အစ်ကိုမင်ဟိုကို အရင်သွားတွေ့ရအုံးမယ်
****
(Note :အရမ်းပြန်တွေ့ပေးချင်လို့ 2023 ကိုပြန်လာတာ။ 2010 မှာပြောစရာတွေက ကျန်းသေးတယ်(Spoiler)၊ တကယ်က ကွာ ဘက်ခ်ဟျွန်း ကလည်းတွေ့ချင်နေပြီ တွေ့မယ်ဆိုလည်း တွေ့လို့ရတယ်...ပြန်တွေ့ကြတဲ့အခါ Chanyeol ဘက်က တုံ့ပြန်မယ့်ပုံကို တို့မရေရာသေးတာ😟 ကြားထဲက ဗျာများ)
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...