A White Canvas

337 41 4
                                    

"အဲ့ဒီ ထယ်မင်း သိုးသားအကင်ဆိုင်က တကယ်ကောင်းတာကို Hyung မို့လို့ သွားမစားတယ်၊ ကျွန်တော်ဆို SNS မှာတွေ့ပြီး ဂျပန်မှာတည်းက သရေကျနေတာ"

"ငါက ညစာကို ချန်းယောလ်လီနဲ့ပဲ အိမ်မှာ တူတူစားဖြစ်တာလေ"

"Sorry တော်ပါတော့ တစ်နေ့ကို အဲ့ဒီ သယ်ဂရိတ် ပတ်ချန်းယောလ်  (The Great Park Chanyeol) က ဘယ်နှစ်ခေါက်ပြောမှာလဲ"

"ဖြစ်နိုင်ရင် သူ့နာမည်လေး ထိုင်ရေရွတ်နေချင်တာ အကြိိမ်ပေါင်းတစ်သောင်းမက"

ဘက်ခဟျွန်းက ဂျုံအင့်ကို လျှာထုတ်ပြရင်း
ပြောလိုက်တာမို့ ဂျုံ့အင့်က သူ့အစ်ကို ကဲကိုကဲတယ်ဆိုတဲ့အကြည့်နဲ့ ကြည့်သည်။

ညစာစားရာက ပြန်လာပြီး
ဂျုံအင်ရောက်တုန်း တူတူသောက်ဖို့ One Stop Mart က ဆိုဂျူ နဲ့ မက်ဂျူ နည်းနည်းပါ ဝင်ဝယ်ခဲ့ကြသည်။

"ခဏလောက်ပါ...."

ဓာတ်လှေကားတံခါးပိတ်ခါနီး ပြေးလာတဲ့လူတစ်ယောက်ကြောင့် ပြန်ဖွင့်ပေးလိုက်တယ်

"အာ...ဆယ်ဟွန်းရှိ"

"ဘက်ခဟျွန်း ဟျောင်?"

ဆယ်ဟွန်း က သူ့ကို Mask တပ်ထားတာ ဖြုတ်လိုက်ပြီး နှုတ်ဆက်ရင်း ဘေးက ဂျုံအင်ကိုပါ တစ်ချက်ကြည့်သည်။

"ချန်းယောလ်ရှိ ဆီလာတာထင်တယ်"

"ဟုတ်တယ်...ဟျောင့်ဘယ်တုန်းက ပြန်ရောက်တာလဲ"

"အင်း ဒီနေ့ပဲ"

တီ(တံခါးပွင့်သံ)

"အော်.. သွားအုံးမယ်နော် ဟျောင့်"

အလျင်စလိုထွက်သွားတဲ့ ဆယ်ဟွန်း ကြောင့် အိမ်မှာတူတူလာသောက်ချင်လားတောင် မမေးလိုက်ရဘူး
အင်းလေ သူလည်း တစ်ခုခုအရေးကြီးရှိလို့ နေမှာပါ။

***

"ဟျောင့် စောနားက တွေ့ခဲ့တာ Oh Sehun ပေါ့ ကျွန်တော့်ကို မိက်တောင်မဆက်ပေးဘူး၊ ပြီးတော့ ဆရာပတ်က ဘယ်တော့တွေ့ရမှာလဲ"

ဂျုံအင်က တွတ်ပွတွတ်ပွ ပြောရင်း ဆိုဖာပေါ် ဝင်ထိုင်ကာ TV ပါ ဖွင့်လိုက်သည်။

ဒီကလေးကတော့ ချန်းယောလ်ကို နာမည်အစုံခေါ်နေတော့တာ။ သူ့မှာလည်း ဘက်ခဟျွန်းကောင်းမှုနဲ့ လူသာမမြင်ရတာ စိတ်ထဲက တော်တော်ရင်းနှီးနေပြီလေ။

Nothing MattersWhere stories live. Discover now