Part 20 :Minimal Warm

350 36 3
                                    

ချန်းယော်လ် ဒီအချိန်ဆိုရင်တော့ ဆိုင်မှာ မရှိလောက်တော့ပါဘူး

နောက်နေ့ကျရင်တော့ Phone No. တောင်းထားအုံးမှပါ

မနက်တုန်းက သူအိပ်ရာထ နောက်ကျနေတာနဲ့ ချန်းယောလ်က စောင့်ပေးရပြီး
ဆိုင်ရောက်တော့လည်း ဧည့်သည်တွေများနေတာမို့ သူတောင် ကော်ဖီ Takeaway ပဲ ယူပြီး ထွက်လာရတာ

တနင်လာ နေ့မို့ Meeting ကလည်း တတ်ရသေး

ဒီနေ့ကတော့ တော်တော်လေးအလုပ်ရှုပ်တဲ့နေ့ပါပဲ

အခုလည်း ကျောင်းသူတစ်​ယောက် ရဲ့ စာတမ်းကို ကြည့်ပေးနေရတာမို့ ဒီနေ့တော့ တော်တော်လေး နောက်ကျနေပြီ

"ဒါဆို သမီး ​နောက်တစ်ပတ် လိုတာတွေ ထပ်ဖြည့်ပြီး ပြန်တင်ပါမယ်နော် Sam"

"Ok. တို့ပြောသလို အသေးစိတ်အချက်အလက်တွေ ထပ်စဥ်းမိတာရှိရင်လည်း မေလ်းပို့ထားလိုက်နော် Fact Check ပြန်လုပ်ပေးမယ်"

" Sam အားနာလိုက်တာ...နောက်တောင် ကျနေပြီ...သမီး ညစာလိုက်ကျွေးပါရစေ"

"အာရတယ် မလိုပါဘူးကွာ...အိမ်ကို ပြန်ရမှာမို့"

"တို့ဆရာတော့ အိမ်မှာ စောင့်နေမယ်သူ ရှိနေပြီထင်တယ်...ဒါဆို သမီးမှာ ကားပါလာတယ် လိုက်ပို့လိုက်မယ်လေ နော်"

ကျောင်းသူ၊ကျောင်းသားတွေနဲ့ဆို ပျော်ပျော်နေတတ်တဲ့သူမို့ ကားပေါ်မှာ ဆရာ၊တပည့် နှစ်ယောက် အလွဲတွေပြောလာကြတာ ရယ်ရင်း၊မောရင်း တိုက်ရှေ့ရောက်လာသည်။

"ဝါးးး Sam...Sam တို့ကွန်ဒိုက Idol တွေရောနေတာလား"

"ဘာလို့...."

အော် ချန်းယောလ်ပဲ၊ ဝင်ပေါက်ဘေးက Smoking Area နားမှာ ဆေးလိပ်သောက်နေတာ

"မဟုတ်မှ...အဲ့ဒီတစ်ယောက်က ဆရာ့ကို စောင့်နေတာတော့ မဟုတ်ဘူးမလား"

သူ့တပည့်အပြောကြောင့် ဘက်ခဟျွန်း မျက်နှာရှက်ရဲရဲဖြစ်သွားသည်

" ဝါးးးးဟုတ်နေတာပဲ...တို့ဆရာ လူပျိုကြီး ဘဝက ကျွတ်တော့မယ်ဟေ့"

"ဟေး လျှောက်မပြောနဲ့နော် ကလေးမ"

ဆရာ ကျန်ရစ်ဖြစ်နေမယ် စိတ်ဝင်စားရင်
မြန်မြန်ဖွင့်ပြောတော့ တဲ့

Nothing MattersWhere stories live. Discover now