Heaven

360 45 8
                                    

ဘက်ခဟျွန်း တစ်ယောက် လူးလွန့်ရင်းနိုးလာတာမို့
အလင်းရောင်သဲ့သဲ့သာ မြင်ရသည့်အခန်းလေးထဲ မျက်လုံးဝေ့ကြည့်မိသည်

ခန်းစီးမဖယ်ထားတာမို့ဖြစ်မည် အချိန်ကို ခန့်မှန်းမရ

ခန္တာကိုယ်ကို လှည့်ကြည့်ဖို့ကြိုးစားလိုက်တော့သတိထားမိတာက ခေါင်းအုံးအစား နွေးထွေးခိုင်မာလွန်းတဲ့ လက်မောင်းတစ်ဖက်

အိုး..သူချန်းယောလ်လက်မောင်းပေါ် ခေါင်းအုံးအိပ်နေမိတာပဲ

ဖြည်းဖြည်းချင်း လှည့်ရင်း ချန်းယောလ်ရဲ့ မျက်နှာကို မော့ကြည့်မိသည်

အိပ်မောကျနေပုံပဲ...ချန်းယောလ်လီအိပ်နေပုံက မြတ်နိုးဖို့ကောင်းလိုက်တာ...

မနေ့ညက အဖြစ်အပျက်ကို ပြန်မြင်ယောင်မိတော့ နှုတ်ခမ်းတို့က သူ့အလိုလိုကော့ညွတ်လာသည်

***
Flashback >>>

"ကျွန်တော် ဒီည ဒီမှာပဲ အိပ်သွားလို့ရမလား"

မေးခွန်းမှာ ငြိမ်သပ်သွားတဲ့ ချန်းယောလ်ကြောင့် ဘက်ခဟျွန်း နောင်တရချင်သလိုဖြစ်သွားရသည်

"စတာ...ကျွန်တော်ပြန်တော့မယ်"

ပြောရင်း ထပြန်ဖို့ပြင်တော့ ချန်းယေလ်က သူ့လက်ကို ခပ်ဖွဖွလှမ်းဆွဲရင်း

"ဒီအတိုင်း....ဒီမှာပဲ အိပ်သွားလို့မရဘူးလား" တဲ့

နွေးထွေးစွာ၊ ယုယစွာ ပေးအပ်လာတဲ့အကြင်နာတွေ

ချန်းယောလ်သူ့ကို ထိတွေ့ပုံက နှင်းပွင့်လွှာလေး အရည်ပျော်သွားမှာ စိုးသလို သိပ်ကို နူးညံ့လွန်းသည်။

အနမ်းတစ်ပွင့်တိုင်းမှာ ကိုယ်မင်းကို တန်ဖိုးထားတယ်လို့ ရေရွတ်နေသလိုမျိုးကို ညင်သာစွာ

နှစ်ဦးသား ဖလှယ်မိတဲ့ အကြည့်... အနမ်း... အထိအတွေ့တိုင်းမှာ
ရင်ခုန်သံဟာ နူးညံ့နက်ရှိုင်းစွာ

ချစ်တယ်ဆိုတဲ့ စကားလုံးတွေမလိုအောင် ဒါဟာအချစ်ပဲ လို့ ခံစားမိပြီး
နှလုံးသားမှာ သူ့အသက်ရှုသံတွေအပြည့်နဲ့ နွေးထွေး​ငြိမ်းချမ်းနေတာမျိုး

***

"ဒီလောက်ပဲ ကြည့်တော့လေ"

ချန်းယော်ဆီက မျက်စိမဖွင့်ပဲ စကားသံထွက်လာတာမို့ သူ့ကို စိုက်ကြည့်နေမိတာရှက်သွားရသည်

"အာ..နိုးနေတာကို ချန်းယောလ်လီ မကောင်းဘူး"

ခိုးကြည့်နေတာ လူမိသလိုဖြစ်သွားတာမို့ မျက်နှာကို ဝှတ်ဖို့ကြိုးစားတော့ ချန်းယောလ်လက်မောင်းပေါ် မျက်နှာအပ်မိသည်

"ကိုယ့်လက်မောင်းတော့ သစ်တုံးကြီးဖြစ်သွားပြီထင်တယ်"

ဟုတ်သား သူချန်းယောလ်လက်မောင်းပေါ် တစ်ညလုံးခေါင်းအုံးပြီး အိပ်မိတာလား

"အာ...ချန်းယောလ်က မဖယ်လိုက်ဘဲနဲ့"

"မင်းသမီး လေး အိပ်နေတာမို့လေ"

ပြုံးစစနဲ့ ပြောလိုက်ရင်း ဘက်ခဟျွန်းမျက်နှာကို
ငုံ့ကြည့်တာကြောင့် ပါးပြင်တို့ ပန်းရောင်ရိပ်လေး ပြေးသွားသည်

"ချန်းယောလ်နော် ဘာမင်းသမီးလေးလဲ"

"Angel လေးလား ဒါဆို"

"အာ..ချန်းယောလ်က"

"မှားလို့...ကိုယ့်အသဲလေး"

ချန်းယောလ်က ဘက်ခဟျွန်း နှာခေါင်းလုံးလုံးလေးကို လက်နဲ့ထိရင်း ပြောလိုက်တာမို့ ဒါက
ချန်းယောလ်ရော ဟုတ်ရဲ့လားတောင် သံသယဝင်သွားရပြီ

"ကဲ လူကို ဘာလို့ ပြူးပြဲပြီး ကြည့်နေပြန်တာလဲ ၊
အရမ်းချောနေလို့လား ...နတ်သားလေး ဘေးမှာရောက်နေတယ်လို့ တွေးမိတာလား"

ပြောရင်း လက်မောင်းကို ကွေးယူလိုက်တာမို့
ဘက်ခဟျွန်းရဲ့ မျက်နှာဟာ ချန်းယောလ်ရဲ့ ရင်ခွင်မှာ ပါးအပ်လျက်သား

"ရူးတော့မှာပဲ" ဘက်ခဟျွန်းက သူ့ဘာသာ တွေးမိတာလား ပါးစပ်ကထုတ်ပြီး ရေရွတ်မိတာလားတောင် မသဲကွဲ

"မရူးရပါဘူး..သဲတုံးရယ်...ထ
ဘယ်နှစ်နာရီတောင် ထိုးပြီလဲ မသိ
ကိုယ်မနက်စာပြင်ပေးမယ်...ရေသွားချိုးတော့"

ဘက်ခဟျွန်း ဟာ ကောင်းကင်ဘုံဆိုတာ အဝေးကြီး မဟုတ်ဘူးဆိုတာ အဲ့ဒီမနက်ကပဲ ယုံကြည်လိုက်ပြီ
ချန်းယောလ်နဲ့တူတူရှိတဲ့အချိန်ဟာ သူ့အတွက်တော့ Heaven ဖြစ်နေလို့ပဲပေါ့

Nothing MattersWhere stories live. Discover now