“ကောင်းကောင်းအိပ်ခဲ့ရဲ့လား”
တံခါး Password ကိုနှိပ်ပြီး ဖိနပ်ရှပ်တိုက်ခါ ဝင်လာတဲ့ အသံကြားကတည်းက
ဒါက ဘက်ခဟျွန်းပဲဆိုတာ တန်းသိရသည်ညအိပ်ဝတ်စုံအကွက်ဝမ်းဆက်ရယ် ၊ အိပ်ချင်မူးတူးမျက်နှာဖောင်းဖောင်းလေး ၊ ဆံပင်စုတ်ဖွားလေးနဲ့
ဒီတစ်ယောက်က အူယားဖို့ကောင်းနေတော့တာပဲ။
ကိုယ်ကတော့ အလုပ်သွားရမှာမို့ ရေချိုးအဝတ်စားလဲပြီး မနက်စာလုပ်ပေးခဲ့ချင်တာမို့ ဧပရွန်တစ်ထည်ကောက်စွပ်ကာ အလုပ်ရှုပ်နေတာ“အား အိပ်ရေးမဝဘူး”
မနက်စာလုပ်ဖို့ ပြင်နေတဲ့ ရှေ့က စားပွဲ ပေါ်ကို လာမှောက်အိပ်တော့တာမို့ ချစ်စနိုးပြုံးကြည့်မိသည်
“ဒီနေ့ ပိတ်ရက်လေ ဘာလို့အစောကြီးထလာတာလဲ သဲရဲ့”
“အိပ်ရင်းနဲ့ ချန်းယော်လီကို လွမ်းလာလို့ပေါ့”
အချွဲလေးရဲ့ စကားအဆုံးမှာ ပတ်ချန်းယော်ရဲ့ပါးစပ်က ပါးကိုတပ်ချိတ်နေပါပြီ
“ခဏ ကော်ဖီ ဖျော်ပေးမယ်”
“မနေ့က Market မှာ ဝယ်လာတဲ့ ကော်ဖီခွက်အသစ်နဲ့ ထည့်ပေးနော်”
ဟုတ်သား
မနေ့က စုံတွဲကော်ဖီခွက်လေးတွေ ဘက်ခဟျွန်းက ရွေးလာပြီး စျေးဝယ်ခြင်းထဲထည့်ထားတာကို ငွေရှင်းကောင်တာ ရောက်မှ သူက မြင်တာ
အဆိုးလေးက Couple Mugs ဝယ်တာကိုလည်း သူ့ကို ဝန်ခံချင်တာမဟုတ်ဘူးHeart Shape မှ မပါတာ ဘယ်လိုလုပ် Couple Mug ဖြစ်ရမှာလဲတဲ့
ဒီအတိုင်း ပီဇာကြိုက်လို့ ပီဇာပုံလေးသဘောကျလို့ ဝယ်တာတဲ့ ပြီးတော့
ပီဇာအချပ်လိုက်က ချန်းယော်ရဲ့ခွက်ဖြစ်ပြီး
သူကကျ Pizza Slice လေးပါတဲ့ဘာတွေကို ဘယ်လို အဓိပ္ပါယ်ကောက်နေလည်း မသိပေမယ့် သူ့အတွက်ကတော့ ဘက်ခဟျွန်းစိတ်ကျေနပ်ရင် ပြီးတာပါပဲ
“ရေဒီယို ဖွင့်ပေးပါလား”
ကော်ဖီခွက်ကို ရှေ့ချပေးတော့ ခေါင်းလေးထောင်လာပြီး ပြောလာတာ
“အာ သဲ! ဒီမှာ ကိုယ်က ထမင်းလိပ်နေရင်းကြီးလေ”
“တွေ့လား ချန်းယောလ်က မလုပ်ပေးချင်ဘူး”
နှုတ်ခမ်းကို စူပြီးပြောလိုက်တာမို့ ချက်ချင်း ရေဒီယို သွားဖွင့်ပေးရပြန်သည်
ရေဒီယို က လာနေတဲ့သီချင်းက တိုက်ဆိုင်စွာ Paul Kim ရဲ့ Fallin'
🎵ကောင်းကင်နဲ့တူနဲ့ မင်းလေးရဲ့ မျက်ဝန်းတွေမှာ
ကိုယ့်ကိုကိုယ် မြင်ရတယ်
မင်းက နေရောင်ခြည်လေးလို
ကြည့်နေရင်းတောင် မင်းကိုလွမ်းနေရတယ်”
🎵
“စိတ်ကောက်နေရင် ပိုပြီး ချစ်ဖို့ကောင်းတယ်လို့ ပြောရင်
မင်းက တကယ်ကြီး ပိုစိတ်ကောက်သွားတော့မှာချယ်ရီရောင်နှုတ်ခမ်းပါးလေးတွေက ကိုယ့်ကိုဆွဲဆောင်နိုင်လွန်းတယ်🎵
Gimbap ဆက်လိပ်နေရင်း သီချင်းလိုက်ညည်းနေတာမို့ ဘေးနား ဘယ်ချိန်ရောက်လာမှန်းမသိတဲ့ ဘက်ခဟျွန်းက ခါးကိုအနောက်နေ သိုင်းဖက်လာတော့တာ
“ကျွန်တော် ချန်းယော်ကို ဒီလိုလေး ခဏ ဖက်ထားချင်လို့နော်”
ချန်းယောလ်က ဘက်ခဟျွန်းနဲ့ မျက်နှာချင်းဆိုင် လှည့်ဖို့ လုပ်ပေမယ့်
“ဟင့်အင်း ဒီအတိုင်းပဲနေ...(ခဏလောက်တိတ်ဆိတ်နေပြီး ဘက်ခဟျွန်းရဲ့ ပါးပြင်က သူ့ကျောပြင်ကို ကပ်ထားတဲ့အထိတွေ့ကို ခံစားမိသည်)
ကျွန်တော်လေ ချန်းယောက်ကို အများကြီးသဘောကျတာ သိလား”ဘေဘီရယ် ကိုယ်ရူးတော့မှာပဲ။ ကိုယ်လည်း မင်းလေးကို အများကြီးသဘောကျပါတယ် တစ်နေ့မှာ ကိုယ်လည်း ဖွင့်ပြောနိုင်ဖို့ ကြိုးစားပါမယ်။
“ညနေကျ ကိုယ်အလုပ်က ပြန်လာရင် Drive သွားကြမယ်နော် ၊ အိပ်ရေးဝအောင် ပြန်အိပ်ထား ဟုတ်ပြီလား”
ချန်းယောက်က ဘက်ခဟျွန်းဘက်လှည့်ရင်း နဖူးကို ခပ်ဖွဖွနမ်းကာ ပြောလိုက်ရင်း ၊ လက်ထဲက ထမင်းလိပ်တစ်ခုကို ခွံကျွေးလိုက်သည်
နေ့တိုင်း အတူရှိပြီး ဒီလိုသာယာတဲ့နေ့လေးတွေဆို ဘယ်လောက်ကောင်းလိုက်မလဲ
[Personal Notes: တို့က တို့ဘာသာရေးပြီးလည်း ပြန်လောင်နေတတ်တဲ့သူမို့ အခုတစ်လော Sweet ပဲ sweet နေမယ်နော်၊ ခက်ခဲတဲ့နေ့တွေမှာ အချိုလေးပဲ ခံစားစေချင်လို့ပါ။
ပြီးတော့ မထင်မှတ်ပဲ မကြာခင် အပိုင်းက ၅၀ ရောက်တော့မှာကို လန့်သွားတယ် ဖတ်ရတာ ပျင်းနေကြပြီလားဟင်၊ ကိုယ်က Come Back Era တစ်ခုလုံး ရေးနေချင်သေးတာ😔]
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...