Part 25

372 33 2
                                    

ကော်ဖီဆိုင်လေးဟာ လူတစ်ယောက်ရဲ့ ရယ်သံတွေ မရှိတာကြောင့် တော်တော်လေး ခြောက်ကပ်ကပ်လိုဖြစ်နေတယ်...

တစ်ယောက်စ နှစ်ယောက်စ ရှိတဲ့ ဧည့်သည်တွေဟာလည်း laptop ကိုယ်စီနဲ့ ကော်ဖီခွက်ဘေးမှာချပြီး အလုပ် လုပ်နေကြတာမို့ တိတ်တိတ်ဆိတ်ဆိတ်

ဆိုင်ထဲမှာတော့ Piano သံခပ်တိုးတိုးလေး ဖွင့်ထားတယ်...အပြင်မှာ ခပ်ဖွဲဖွဲကျနေတဲ့ မိုးဖွဲလေးရယ်၊ Beethoven ရဲ့ Moonlight Sonata တီးလုံးရယ်ဟာ တော်တော်လေး လိုက်ဖက်လို့ပါပဲ

Baekhyun ကမနက်ဖြန်မှ ပြန်လာမှာမို့ သူ ဒီနေ့ကျောင်းကိုသွားကြိုစရာလည်း မရှိ၊ ညစာလည်း တစ်ယောက်တည်းမို့  ပြန်ရင်းနဲ့ပဲ အပြင်မှာ တစ်ခုခုဝင်စားသွားတော့မယ် လို့ တွေးလိုက်သည်။

ဟို Professor ပေါက်စလေးကတော့ ဘယ်လောက်တောင် အလုပ်ရှုပ်နေတယ်မသိ...သူ ဒီနေ့ ဖုန်းခေါ်တာတောင် စာလေးပဲပြန်ပို့နိုင်သည်
[ကျနော် အလုပ်ရှုပ်နေလို့ ချန်းယောလ်စိတ်မဆိုးနဲ့နော် သိလား]တဲ့

ဟူးးးးး သက်ပြင်းတစ်ချက်မှုတ်ထုပ်ရင်း

ချန်းယောလ်က သတင်းစာကို စိတ်မပါ့တစ်ပါ
ဖွင့်လိုက်ပြီး ဒုတိယစာမျက်နှာကို လှန်လိုက်တယ်

သူ့မျက်နှာဟာ ချက်ချင်းအယောင်မှိန်သွားခဲ့ပြီ

*အချိန်အတော်ကြာ ပရိတ်သတ်ဆီမှ ပျောက်ကွယ်နေသော...အဆိုတော်ဖြစ်သူ Kim Nara အား Incheon လေဆိပ်တွင် Fan တစ်ယောက်မှ တွေ့ရှိခဲ့...ပရိတ်သတ်ရဲ့ရင်ခွင်သို့ ပြန်လာတာဖြစ်ကြောင်း သူမပြော"

စာကို ထပ်ပြီး သေချာအောင်ဖတ်လိုက်တယ်

သူဟာ ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားရာကနေ
ဖုန်းလာသံကြောင့် ရုတ်တရက် လန့်တောင်လန့်သွားတယ်

"တီ.......ဟဲလို Hyung"

"အင်း..Sehun"

"Hyung...." Sehun က တစ်ခုခုကို ပြောသင့် မပြောသင့် စဥ်းစားနေတဲ့ပုံစံနဲ့ ချိန်ဆနေတယ်

"ငါ တွေ့ပြီးပြီ"

အဲ့ဒီနောက် ဖုန်းကိုင်ထားပေမယ့် ဘာဆတ်ပြောရမှန်း မသိတာကြောင့်ရော၊ ပြောစရာတွေ များပြီးပြောမထွက်တာကြောင့်ရော ကြောင့် နှစ်ဖက်စလုံး တိတ်ဆိတ်နေတာ မိနစ်အတော်ကြာတဲ့အထိပဲ

"ကျွန်တော်တို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတယ်လို့လည်း သတင်းကြားတယ် ...Hyung အဆင်ပြေရဲ့လား၊ ကျွန်တော် Schedule ဖျက်ပြီး လာခဲ့ရမလား"

"မလိုပါဘူး... ရတယ် ငါအဆင်ပြေပါတယ်"

ဖုန်းချလိုက်ပြီး...လူက အရုပ်ကြိုးပျက် ထိုင်ချမိသည်။

ရုတ်တရက်ကြီး အုံ့မိုးလာတဲ့ စိတ်အလိုမကျမှုတွေကြောင့်...ချန်းယောလ်ဟာ ဆိုင်ကနေ ထွက်သွားဖို့ပြင်လိုက်တယ်

***

ကော်ဖီဆိုင်တံခါးကို ဖွင့်လိုက်ရင်း လှမ်းမြင်လိုက်ရတာကြောင့် သူရှောင်တိမ်းဖို့ နောက်ကျသွားပြီမှန်း သိလိုက်တယ်

အရာရာဟာတိုက်တိုက်ဆိုင်ဆိုင် မိုးကလည်း ကြာရှည်သိမ်းဆည်းထားခဲ့ရတဲ့ ဝမ်းနည်းမှုတွေကို သွန်ချလာသလိုမျိုး ခပ်စိပ်စိပ်ရွာလာတော့တယ်

လမ်းတစ်ဖက်ခြမ်းမှာ
အနတ်ရောင် ထီးကို ခပ်အုပ်အုပ် ဆောင်းပြီး 
သူ့ကို ကြည့်နေသော အမျိူးသမီးတစ်ယောက်

ဒါဟာ...ဒါဟာ အိပ်မက်လား

ထားမသွားဖို့ အကြိမ်ကြိမ် ဆုတောင်းခဲ့ပေမယ် ထွက်ပြေးသွားခဲ့တဲ့သူဟာ အခုသူ့ရှေ့မှာ ခြေစုံရပ်ပြီး သူကိုပြုံးပြနေတာတဲ့လား

"Noona" ချန်းယောလ်ဟာ လေသံလေးထွက်ရုံ ရေရွတ်ရင်း မျက်ဝန်းမှာ မျက်ရည်တို့ ဝေ့သီလာခဲ့သည်

[❤Beethoven က  "Moonlight" Sonata ကို သူချစ်ခဲ့ရဖူးတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်အတွက် ရည်ရွယ်ခဲ့တာပါတဲ့...အဲ့ဒီတုန်း အမျိုးသမီးငယ်လေးကို လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် ငယ်လွန်းတဲ့အတွက်ရော၊ Beethoven မှာ ဘာဂုဏ်ဒြပ်မှ မရှိတာရောကြောင့် သူမရဲ့ ဖခင်က သဘောမတူခဲ့ပါဘူးတဲ့]

Nothing MattersWhere stories live. Discover now