Stay With Me : Part 22

373 36 10
                                    

💬 [ဒီနေ့ဆိုင်ကို မလာနဲ့တော့]

ချန်းယောလ်ဆီက စာဝင်လာလို့ ပျော်သွားသော်လည်း မလာနဲ့တော့ တဲ့လား
အင်းလေ နေ့တိုင်းတော့ သူလည်း အသွားအပြန် ဘယ်ခေါ်ချင်မှာလဲ။
သူ့မှာလည်း သူ့အပေါင်းအသင်းနဲ့သူ ရှိမှာပေါ့
ဒါမှမဟုတ် ချန်းယောလ်မှာ တစ်ခြား ဒိတ်တွေ
ဘာတွေ ရှိနေနိုင်တာပဲလေ။

တစ်ခြားတစ်ယောက်လည်း ရှိနေနိုင်တာပဲဆိုတဲ့ အတွေးနဲ့တင် ရင်မှာ နင့်ခနဲဝမ်းနည်းသွားရသည်။

"Prof.Byun ကျွန်တော် ဝင်ခဲ့မယ်နော်"

"အော် ဟုတ်ကဲ့...ဆရာဒိုယောင်း ထိုင်ပါခင်ဗျ"

ငူငူငိုင်ငိုင်ဖြစ်နေရာကနေ...ဌာနက ဆရာတစ်ဦး
ဝင်လာတာကြောင့် ဖုန်းကို Silent လုပ်ပြီး အိပ်ကပ်ထဲ အလျင်မြန်ပြန်ထည့်ထားလိုက်သည်။

"ကျွန်တော်တို့ ဂျပန်မှာ ပူးပေါင်းကျင်းပမယ့် စာပေပွဲ​တော် အတွက် ဆွေးနွေးစရာလေး ရှိလို့ပါ။ ဌာနမှုးက Prof.Byun ကိုပဲ ဦးစီးခိုင်းထားတယ်ပြောလို့"

"အော် ဟုတ်ကဲ့ အချက်အလက်တွေ ကျွန်တော့်ကို
ပြပေးပါ။ လိုတာတွေ ကျွန်တော်တို့ ဆွေးနွေးပြီး ဆက်လုပ်ကြတာပေါ့"

ဘက်ခဟျွန်းဟာ အလုပ်နဲ့ ပါတ်သတ်ရင်တော့ တော်တော်လေး စေ့စပ်သေချာသူဖြစ်တာကြောင့် နာမည် ကြီးသည်။

အခုလည်း တစ်ခုချင်း အသေးစိတ် မေးခွန်း ထုတ်၊ လိုအပ်တာ သေချာရှင်းလင်းပေးနေသလို၊ သူလုပ်ချင်သည့် စိတ်ကူးကို ရောက်အောင် ပြောပြပေးနေတာမို့ ဆရာဒိုယောင်းမှာ စီနီယာက တော်လိုက်တာ၊ ဒါကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ စာပေ Doctor ဆုရခဲ့တာပဲ ဟု ကြိတ်ချီးမွမ်းနေမိတော့တာပါပဲ။

****
💬 [ဘယ်ချိန် အတန်းပြီးမှာလဲ]

ချန်းယောလ်က ကားအသစ်ကို မြို့အနှံ့တစ်ပါတ်မောင်းပြီး ညနေ ဘက်ခဟျွန်းကို ကြိုဖို့ မသိမသာ စိတ်လှုပ်ရှားနေသည်။

မသိမသာလား သိသိသာသာလားတော့ မသိ ဘေးက Oh Sehun ကတော့ တော်တော် မဲ့ရှူံ့ပြနေပြီ။

"ဟျောင်ကိုကြည့်ရတာ မျောက်အုံးသီးရထားတာလား၊ မျောက်မီးခဲကိုင်မိထားတာလား မသဲကွဲတော့ဘူး... ဒီရုပ်ကြီးကို ဆက်မကြည််နိုင်တော့ဘူးသွားတော့မယ်"

Nothing MattersWhere stories live. Discover now