Park Chanyeol
Stock ပြန်ထည့်ဖို့ ပစ္စည်းစာရင်းတွေ လုပ်နေရင်းဖုန်းဝင်လာသည်
"Inn Sehun ပြော"
"ဟျောင့် မနေ့က ဆိုင်ပြန်ဖွင့်တယ်ဆို အဆင်ပြေရဲ့လား"
"ပြန်ဖွင့်စဆိုတော့ လူတော့ သိပ် မလာဘူးပေါ့
ပြေမှာပါ""ဟျောင့်ရော ဟျောင့်ရော အဆင်ပြေလား"
"အမလေး ကြင်နာပြနေတာ နေတောင်မနေတတ်တော့ဘူး...လာမှ တူတူသောက်ရအောင် မင်းက ဂျပန်မှာဆို ဘယ်တော့ပြန်လာမှာလဲ"
"ဖိလစ်ပိုင်ကို ဆတ်သွားရအုံးမှာပါဗျာ၊ နောက်ပတ်လောက်မှ ဖြစ်မယ် ၊ ဒါနဲ့ ကျွန်တော်
လူတစ်ယောာက်ကို တွေ့ခဲ့တယ်""ဟ အိုဆယ်ဟွန်းရေ ရှိုးသွားဆိုတဲ့သူက လူတစ်ယောက်တွေ့တာ မထူးဆန်းဘူးလေ၊ လူတစ်ယောက် မှ မတွေ့တာမှ ထူးဆန်းတာ၊ နေပါအုံး မင်း Fanmeeting မှာ လူတစ်ယောက်တည်း တွေ့ခဲ့တာလား၊ ဒါဆို မင်းတော့ ဒုက္ခရောက်ပြီ ဟားဟား"
"ဟျောင့် ကျွန်တော်ပြောတာ နားထောင်ပါအုံး (Hyung nae mal-eul deul-eo)
ဘက်ခဟျွန်းဟျောင် နဲ့ တူတူတွေ့ခဲ့တဲ့သူကို ကျွန်တော်မြင်ခဲ့တာ၊ သူက Dance Instructor တစ်ယောက်တဲ့ ၊ ဒီမှာ Dancer တော်တော်များများက သူ့ကို သိကြတယ်၊ ကျွန်တော့် Dancer Team ကတစ်ယောက်ရဲ့ သူငယ်ချင်းက အဲ့ဒီ Studio ကပဲ
ကြားရသလောက်တော့ ဘက်ခဟျွန်း ဟျောင်နဲ့ အဲ့ဒီတစ်ယောက်က ဒီမှာအတူနေကြတာပြောတယ်""အော်"
စိတ်တို့ဟာ ချက်ခြင်းကြီး လေးလံသွားရပြီ
"ဟျောင့် သူ့အပေါ်မှာ ခံစားချက်ရှိနေတာ သိပေမယ့် ကျွန်တော်ကတော့ ဟျောင့်ကို ထပ်ပြီး မထိခိုက်စေချင်တော့ဘူး"
"အင်းပါ"
"ပြီးတော့ ဟိုနေ့က Nara Noona က ကျွန်တော့်ကို ဖုန်းဆက်သေးတယ်၊ ဟျောင့်ကို ဆတ်သွယ်မရလို့ စိတ်ပူလို့ ဆိုတာနဲ့ အိမ်နံပါတ် ကျွန်တော်ပေးလိုက်တာ"
"အော်"
"ချက်ချင်းကြီး အသံက အားမရှိတော့တာလား၊
ကျွန်တော်တို့က မငယ်တော့ဘူးနော်၊
ဟျောင့်ဘာကိုမှ စိတ်ခံစားချက်တွေအတွက် ပျော့ညံ့မနေနဲ့၊ လုပ်သင့်တာပဲ လုပ်နေရင်ရပြီ၊ ကျွန်တော်ကတော့ ဟျောင့်ထပ်ပြီး လဲကျမှာ မကြည့်ချင်ဘူး""အင်းပါကွာ"
"ဒါဆို ပြန်လာမှ တွေ့မယ်နော်"
ဒါဆို အဲ့ဒီတစ်ယောက်ပြောတာ ဟုတ်နေတာပဲ
သူ့ Scandal ကြောင့် စိတ်တွေရှုပ်နေတဲ့ နေ့ရက်က ဘက်ခဟျွန်းကို တွေ့ချင်တာမို့ အခန်းတံခါးသွားခေါက်ခဲ့ပေမယ့် ထွက်လာတော့ အဲ့ဒီလူဖြစ်နေတာ
***
Flashback > (Jong In's Role)
တီးတောင်(တံခါးဘဲလ်သံ)
ဟျောင်က ငိုပြီး အိပ်ပျော်သွားတာမို့ Jong-in တံခါးအမြန်သွားဖွင့်လိုက်သည်
"ဘယ်သူပါလဲ"
"မင်းကမှ ဘယ်သူလဲ"
"ဟာ အိမ်ထဲမှာ ရှိနေတာ အိမ်ရှင်ပေါ့၊ တံခါးလာခေါက်တဲ့သူက နာမည်ပြောရမှာ မဟုတ်ဘူးလား"
"ဘက်ခဟျွန်းနဲ့ တွေ့ချင်လို့၊ သူဘယ်မှာလဲ"
"ခင်ဗျား က ဘယ်သူလဲ"
ထိုသူက သူ့ကို စိတ်မရှည်သလိုကြည့်ရင်း ပတ်ချန်းယောလ် ဟုဖြေသည်
"အော် ဘာကိစ္စ ရှိလို့လဲ"
"ခဏလောက် ဘက်ခဟျွန်း ကိုတွေ့လိုရမလား"
"Sorry ဟျောင့် အိပ်နေတယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ ဟျောင်က ခင်ဗျား တွေ့ချင်တိုင်း လာတွေ့လိုရတဲ့သူ မဟုတ်ဘူး"
"မင်းကမှ ဘယ်သူလဲ"
"ကျွန်တော်လား ကျွန်တော်က ဟျောင့်ကို တန်ဖိုးထားတဲ့သူ၊ ဟျောင့်အတွက်လည်း ကျွန်တော်က အရေးကြီးတဲ့ သူ၊ အဲ့ဒီလိုပဲ မှတ်ထားလိုက်ပါ"
ဂျောင်း(တံခါးပိတ်သံ)
ငါ့အစ်ကို ကို ငိုအောင် လုပ်ပြီးမှ ခဏလောက်တွေ့ချင်လို့တဲ့၊ Sorry ပဲ ပတ်ချန်းယောလ် ရေ ခင်ဗျားဘာသာ ဘာကြီးပဲ ဖြစ်နေနေ ကျွန်တော်ကတော့ သဘောမတူနိုင်တော့ဘူး
[❤ အဂျစ်ကလေးနဲ့ အရစ်လေးရဲ့ ကောင်းမှု အကြောင်းပြု ]
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...