A Rainy Evening

331 38 4
                                    

မိုးက ခပ်စိပ်စိပ်လေး ရွာနေတယ်

နေ့ခင်းတည်းက ရွာနေတဲ့ မိုးဟာအခုထိမစဲ

ချန်းယောလ်ကို လွမ်းတာမို့ ချန်းယော်လ်ရဲ့ အိပ်ရာထဲ လာပြီး စာအုပ်ဖတ်ရင်း၊တစ်ရေးတစ်မောအိပ်ရင်း အချိန်ဖြုန်းနေခဲ့တာ

ချန်းယောလ်လီသာ အတူတူရှိနေရင်တော့ ပိုကောင်းမှာပဲ။

အလုပ်ကနေ စောပြန်လာခဲ့မယ်ဆိုတဲ့ ချန်းယောလ်ကို စောင့်ရင်း တဖြည်းဖြည်း မှောင်လာတာမို့ ဒီနေ့ကားလျှောက်မောင်းဖို့တော့ မဖြစ်နိုင်တော့ဘူးထင်တယ်

ဆိုင်မှာ အလုပ်မပြီးသေးတာလားပဲ

အားး ချန်းယောလ်ပြန်လာရင်စားဖို့ တော့ပုကီ လုပ်ကြည့်ရမယ်

ဟိုနေ့က ချန်းယောလ်လီ လုပ်ပြထားတဲ့နည်းအတိုင်းလိုက်လုပ်ကြည့်မယ်

အိပ်ရာထဲက ထလာပြီး ပါဝင်ပစ္စည်းတွေ သွားယူကာ မီးဖိုထဲမှာ အချိန်ဖြုန်းနေလိုက်သည်

***

စားပွဲပေါ်မှာ အေးစက်နေတဲ့ တော့ပုကီတစ်ချို့နဲ့

တချက်ချက် မြည်နေတဲ့ နာရီသံ

ဖုန်းအော်ပရေတာအမျိုးသမီးရဲ့ ထပ်ခါရေရွတ်သံ

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"

စောနားကတည်းက ငါဖုန်းခေါ်ခဲ့သင့်တာ

ချန်းယောလ် ဘာဖြစ်လို့ပါလိမ့်

ဘယ်သူ့ဆီကို ဆက်မေးရမလဲ

ဆယ်ဟွန်း ရဲ့ ဖုန်းနံပါတ်လည်း သူ့မှာမရှိ၊ ဆိုင်ကိုသွားကြည့်ဖို့ ဆုံးဖြတ်လိုက်တာမို့
အခန်း က ကားသော့ကို ပြေးယူပြီး သူအောက်ဆင်းလာခဲ့သည်။

***

ဆိုင်မှာလည်း ချန်းယောလ်ရှိမနေပါ။သူရောက်တော့ ဆိုင်က ပိတ်ဖို့တောင်ပြင်နေပြီ။
နေ့ခင်း အစောပိုင်းတည်းက ကိစ္စရှိလို့ထွက်သွားတယ်တဲ့

ဆိုင်က ဆယ်ဟွန်းရဲ့ ဖုန်းနံပါတ်ကို ရတာမို့ ဖုန်းခေါ်လိုက်သည်

"ဟယ်လို ဆယ်ဟွန်းလား ဘက်ခဟျွန်းဟျောင်ပါ၊
ချန်းယောလ်ကို ဆတ်သွယ်လို့မရလို့"

"အာ ဟုတ်လား ကျွန်တော် တရုပ်ကိုရောက်နေတာနဲ့ ဖုန်းမဆတ်ဖြစ်ဘူး ခေါ်ကြည့်ပြီး ပြန်ပြောမယ်နော်"

(1 min later)

"ကျွန်တော်လည်း ခေါ်မရဘူး၊ ဒီတိုင်းပဲ အားကုန်နေတာနေမှာပါ၊ ဘာအရေးကြီးလို့လဲ"

"ညနေ အစောပြန်လာမယ်ဆိုပြီး ခုထိ ပြန်မလာလို့ပါ"

"အရေးမကြီးရင် သိပ်လည်း စိတ်ပူမနေပါနဲ့
ဟျောင့်၊ Nara Noona နဲ့ အတူရှိနေတာလည်းဖြစ်နိုင်ပါတယ်၊ ကျွန်တော် ဆတ်သွယ်လို့ရရင် ပြောမယ်နော်"

(Oh Sehun POV: ချန်းယောလ်ဟျောင့်အတွက် စိတ်ပူပေမယ့် ဘက်ခဟျွန်း ကို ဒီအကြောင်း သတိပေးချင်တာမို့ တမင်ပြောပြလိုက်တာပါ)

ဆယ်ဟွန်းက မသိလို့ပြောသွားတာဖြစ်နိုင်ပေမယ့် ရင်ထဲမှာတော့ စူးခနဲ နာကျင်ရပါသည်

သူတတ်နိုင်သမျှ ဥပေက္ခာပြုထားခဲ့တာမို့
ဒီအကြောင်းအရာကို မေ့ထားခဲ့တာလေ

လူက ငိုချင်ပေမယ့် ဒါဟာ ဖြစ်လာမှာပဲဆိုတာကို နားလည်နေတာမို့ ငိုမရ၊ ကိုယ်တိုင်က တစ်ရက်လောက်ပဲ ပိုင်ဆိုင်ရင်တောင် အဆင်ပြေတယ်လို့ တွေးခဲ့တာမဟုတ်ဘူးလား

စဲသွားပြီထင်ရတဲ့ မိုးဟာ ခပ်စိပ်စိပ်ပြန်ရွာချလာတာမို့ လမ်းတစ်ဘက်ခြမ်းက ကားဘက်ကို အကူးမှာ မိုးရေတို့က ဖြန်းခနဲ့ စိုသွားရသည်

အိမ်မပြန်ချင်သေးတာမို့ ကားလျှောက်မောင်းနေတာ အချိန်တွေ ဘယ်လောက်ကြာသွားမှန်းတောင်မသိ

အဟက်...ဒီညနေမှာ အတူတူရှိနေမယ် လို့ မျှော်လင့်ခဲ့တာလေ

ကားထဲမှာ ဘက်ခဟျွန်းဟာ Conan Gray ကဲ့ Heather ကို နားထောင်ရင်း မျက်ရည်တို့ရစ်ဝဲလို့

ဒါပေမယ့် ငိုစရာမှ မလိုပဲလေ၊ ကိုယ်တိုင်က အမှတ်တရတွေကို စုဆောင်းနိုင်သမျှ သိမ်းဆည်းချင်သေးတာမလား

Nothing MattersWhere stories live. Discover now