Every Moment

350 42 12
                                    

*Chanyeol*

တစ်နေ့လုံးအိပ်ထားတာကြောင့် လူက ငြီးစီစိဖြစ်နေသည်
တစ်ယောက်တည်း တိတ်ဆိတ်နေရင်း အတွေးတွေ များနေတာကြောင့် သီချင်းကောက်ဖွင့်လိုက်သည်
Paul Kim ရဲ့ Every day, Every Moment ဆိုတဲ့ သီချင်းစာသားလေး ကြားတော့ လိုက်ညည်းမိသည်

🎵 မင်းမရှိဘဲ ကိုယ်ပြုံးရွှင်နိုင်ပါ့မလား
တွေးကြည့်ရုံနဲ့တင် မျက်ရည်ကျလာတယ်
ပင် ပန်းတဲ့ အချိန်တိုင်းမှာ ဂရုစိုက်ပေးတဲ့ လူသားလေး 🎵
....
တစ်စုံတစ်ယောက် ရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို မြင်ယောင်လာတော့ သက်ပြင်း ကို ခပ်လေးလေး ချမိတယ်

🎶🎵 ကိုယ့်ကို ကြည့်နေတဲ့ မင်းရဲ့ မျက်ဝန်းတွေက
အိပ်မက်လို့ ပြောတောင် သဘောကျရလောက်တဲ့အထိ
အဲ့ဒီ အခိုက်အတန့်တိုင်းမှာ မျက်စိကျိန်းလောက်အောင် တောက်ပခဲ့တယ် 🎵🎶

တကယ်ကို ဒီလူသားက သူ့ရဲ့ အလင်းတန်းလေး
အလင်းတန်းလေးဟာ သူနဲ့ မလိုက်ဖက်လောက်အောင် လင်းလက်ဖြုစင်နေတာလေး တစ်ခုပါပဲ
တီ.. ကျွီ ( တံခါးပွင့်သံ)

တံခါးပွင့်လာပြီး ဝင်လာတဲ့ ဘက်ခဟျွန်းကြောင့် သီချင်းကို ကမန်းကတန်း ပိတ်လိုက်သည်
သီချင်းနားထောင်ရင်း ကိုယ်တွေးနေမိတာကို မလုံမလဲ ဖြစ်သွားရသေးတယ်

ဟာ နေပါအုံး ဒီတစ်ယောက်က ဘယ်လို တွေဝတ်လာတာလဲ

ခေါင်းလျှော်လာပုံ ရသည့် ငွေရောင်ဆံပင်တို့က ရေစိုထိုင်းထိုင်းကိုမှ ခေါင်းသေချာမဖြီးထားတာမို့ အတောင့်လိုက်လေး

အသား‌ရောင်လက်ကျ တီရှပ်လေးက တံ‌တောင်ဆစ်နားလောက်အထိ ဖုံးနေပြီး ဘောင်းဘီတိုက ဒူးအထက်လောက်အထိကို တိုတိုလေး

အဲ့ဒါထက် ယောင်္ကျား‌လေးတစ်ယောက်အတွက် လှလွန်းနေတဲ့ ခြေထောက်ဖြူဖြူ သွယ်သွယ်တွေ

"ချန်းယောက် Delivery Man လာပို့ပြီလား"

ကိုယ်တိုင် မသိပဲ နစ်‌မြောမိသွားရပြန်ပီ

"ဟင့်အင်း"

မျက်နှာက ရေချိုးပြီးစကို lotion လိမ်းထားတာမို့ ကြည်ပြီးနူးညံ့နေရော ၊ အနားကပ်လာတော့ ရတဲ့ သစ်သီးနံ့လို ကိုယ်နံ့လေးကြောင့် စိတ်တို့ နူးညံ့ရပြန်ပြီ

Nothing MattersWhere stories live. Discover now