Baby Don't cry : Part 14

386 44 0
                                    

မနေ့ညက သူမူးမူးနဲ့ ဘာတွေလုပ်မိလဲမသိပေမယ့် မှတ်မိသလောက်အာရုံထဲမှာတော့ ချန်းယောလ် လမ်းလျှောက်လို့ မရအောင် ​ခြေထောက်ကို လိမ်ခွပြီး ကုတ်ကတ်တတ်ထားတဲ့ ပုံရိပ်ပြီးပဲ ခဏခဏပေါ်လာတော့တာပဲ

ဘုရား ဘုရား အဲ့ဒါငါမဟုတ်ပါစေနဲ့

ဒါက ဘယ်လို အရှက်ကွဲမှုမျိုးလဲ...
သူက ငါ့ကို ကလေးဆန်လိုက်တာလို့ ထင်သွားတော့မှာပဲ...အား မဖြစ်ဘူး

"ပတ်ချန်းယောလ်ရှိ ကျေးဇူးပါ"

မျက်နှာက်ိုတောင်မကြည့်နိုင်တော့ဘဲ ပြေးထွက်ခဲ့လိုက်သည်

*******

>>>Chanyeol POV<<<

"ဟာ...ဟေ့"

ကျေးဇူးတင်ပါတယ်ပြောပြီး အပြေးထွက်သွားတဲ့ ဟိုတစ်​ယောက်နောက် ချန်းယော်ပါပြေးလိုက်ရသည်

"ဒီမှာ...အမူး​ပြေဟင်းရည် သောက်သွားး...ဟင်..အဲ...ဘာဖြစ်"

သူ့ အခန်းအပြင်ဘက်က အလယ်လျှောက်လမ်းမှာ ကျောက်ရုပ်လို မက်တပ်ကြီးရပ်ပြီး တစ်ခုခုစဥ်းစားနေသော ဘက်ခ်ဟျွန်း

"ဒါ ကျွန်တော့်အိမ်လား"

"ဟင် ငါ့အိမ်ပါဆို"

"မဟုတ်ဘူး ဒီအရှေ့က"

မျက်နှာချင်းဆိုင် အခန်း ကို တအံ့တသြကြီး
ကြည့်ပြီး  သူ့ကို မေးနေတာ

"အာ ဒါတော့ ငါမသိဘူးလေ"

"ဒီ အိမ်လိပ်စာကရော"

"Gwanakgu,Building B, No.614"

ဘက်ခဟျွန်း ရဲ့ ပါးစပ်က တစ်ဖြည်းဖြည်း ဝိုင်းလာပြီး မယုံနိုင်သလို No.615  တံခါးလောခ့်ကို သွားဖွင့်သည်

တီ တီ တီ တီ ချက်(တံခါးပွင့်သွား)

"အားးးးးး ချန်းယောလ်...ဒါကျွန်တော် နေတဲ့ နေရာတဲ့"
​​ပြောလည်းပြော ဖွင့်ထားတဲ့ အခန်းထဲကိုလည်းမဝင်ဘဲ အပေါက်ဝရှေ့မှာ ထိုင်ငိုတော့တာပဲ

တအိအိနဲ့ ငိုနေတာ... ဒီတစ်ယောက်နဲ့တော့ ရူးချင်
ညက အမူးက ခုထိကျန်နေတာလား

ဆွဲခေါ်မရ....သူ ဘာဖြစ်လို့လဲလို့ မေးလေ ပိုငိုလေ..

နာရီဝက်လောက်ကြီး အားရပါးရ ထိုင်ငိုပြီးမှ..သူ့ကိုတောင် ဘာမှ မပြောဘဲ ဒုန်းဆို ဝင်ချသွားတာ

အဲ့တော့မှ ကိုယ့်ကိုကိုယ်သတိထားမိတော့ ရေချိုးပြီးအဝတ်မလဲရသေးတာမို့ Bathrobe ကြီးနဲ့

ဟာကွာ...ဒီဟာလေးက

ဒီဟာလေးက

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

****

ဘက်ခဟျွန်း မှာ ကိုယ့်ဘာသာ ဘာတွေဖြစ်နေသလဲတောင် မစဥ်းစားနိုင်တော့

လူက စိတ်လှုပ်ရှားရတာကြောင့် တုန်ရင်ပြီး
မောဟိုက်ကာ မျက်ရည်တွေ အလိုလိုစီးကျနေတာ

သိပ်တွေ့ချင်ခဲ့တာလေ..

သူ့မျက်နှာ သူ့အသံလေးကို ကြားချင်လွန်းလို့
ဆယ်စုနှစ်လောက် ကိုယ် သွားလေရာ၊ ရောက်လေရာမှာ ရှာခဲ့တာ

SNS တွေပေါ်လာတော့လည်း သူ ချန်းယောလ် Account များ တွေ့မလားလို့ ရှာရင်း မိုးလင်းသွားတဲ့နေ့တွေရှိခဲ့တာ

Jongdae ဆီက ဂျပန်သွားတယ် ထင်တယ် ဆိုတဲ့စကားလေး ကြားမိတာနဲ့တင် ကိုယ်ပါ အဲ့ဒီကို သွားနိူင်အောင်ကြိုးစားပြီး အနှစ်နှစ်အလလ ရှာခဲ့တာ

အခုတော့...သူက ကိုယ့်အနီးဆုံးကို ရောက်လာတာလား...ကိုယ်က သူ့အနီးဆုံးကို ရောက်လာတာလား

ဒီ့ထက်သာ စောစော သူပြန်လာခဲ့ရင်

နောင်တတွေရော၊ ပျော်တာရော မမျှော်လင့်ပါဘဲ
ချန်းယောလ်အိမ်ထဲထိ ပါ ရောက်နေတာရော...

ပြီးတော့ သူ ငိုတော့  ချန်းယောလ်က

ဘာဖြစ်လို့လဲ လို့ လေသံအေးအေးလေးနဲ့ မေးနေတဲ့အချိန် တကယ်ကြီးကို လွမ်းနေတဲ့ အသံပဲ ဆိုတာ သိပ်ကို သေချာသထက်သေချာနေတော့တာ

ပုခုံးကို အသာလေးပုတ်ပြီး ချော့နေသေးတဲ့ ဒီလူသားရဲ့ နုညံ့တတ်ခြင်းတွေကို မယုံနိင်

ဖြစ်နိုင်ရင် ချန်းယောလ် ကို ၁ရက်လောက်ဖြစ်ဖြစ် ပိုင်ဆိုင်ချင်လိုက်တာ 

တစ်ရက်လောက်လေးပဲ...ကျေးဇူးပြုပြီး


Nothing MattersWhere stories live. Discover now