The Gap

344 31 10
                                    

“လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်..တီ ဆိုသော အသံကြားပါက အသံမက်ဆေ့ချ် ချန်ခဲ့နိုင်ပါတယ်”

“ကျစ် ဟာကွာ”

လေယာဉ် ဆိုက်ဆိုက်ချင်း အိမ်ကို တန်းပြေးလာပေမယ့် ဘက်ခဟျွန်း ဟာ အိမ်မှာလည်း ရှိမနေသလို ဖုန်းလည်း မကိုင်ပါ။

မနေ့က တွေ့လိုက်တဲ့သတင်းကြောင့် သူရှင်းပြတဲ့ စာတွေပို့ထားပေမယ့် ဘက်ခဟျွန်းက ဘာစာမှ ပြန်မပို့သလို့ ဖုန်းလည်း မကိုင်

အချိန်ခဏလေးအတွင်းမှာဖြစ်သွားတာတွေက မြန်ဆန်လွန်းတာမို့ ဘယ်ကဘယ်လိုစမှားသွားမှန်းတောင်မသိ

ရရာ အစောဆုံး Flight ကို ချက်ချင်းကောက်ဖြတ်ပြီး သူပြန်လာခဲ့တာ ပေမယ့် အိမ်မှာ လည်း ဘက်ခဟျွန်းက ရှိမနေ။

ဒီနေ့က ကျောင်းပိတ်ရက်ပဲမို့ ကျောင်းကို လည်း မသွားနိုင်။

“တီ...ဆူဟိုဟျောင် ကျွန်တော်ပါ။ ဘက်ခဟျွန်းကျောင်းမှာရှိလား”

“ဟင် ချန်းယောလ် ဒီနေ့ကျောင်းပိတ်တယ်လေ၊ပြီးတော့ ဘက်ခဟျွန်းက ခွင့်ရက်ရှည် မနက်က တင်သွားတယ် ဒါနဲ့မင်းက လန်ဒန်မှာ ရှိနေတာ မဟုတ်ဘူးလား”

“သူ ဘယ်မှာ ရှိနေနိုင်လဲ ဟျောင်”

ဆူဟို မေးတဲ့ မေးခွန်းကို မဖြေနိုင် ကိုယ်သိချင်တာသာ ဆက်မေးနေမိသည်။

“ဘာလို့လဲ... ချန်းယောလ် သတင်းတွေက အမှန်ပဲလား”

“ကျွန်တော် ဟျောင့်ကို ပြီးရင် ပြောပြပါ့မယ်။ အခု သူရှိနိုင်မယ့် နေရာကို သိရင် ပြောပြပေးပါ”

"ငါလည်း မသိဘူးလေ။ အေး ငါသာဆိုလည်း မင်းကို တော်တော်စိတ်ပျက်မိမှာပဲ”

“မဟုတ်ဘူး အားလုံးက အထင်မှားနေတာပါ။ကျွန်တော် တို့က ဒီအတိုင်း မိတ်ဆွေလို မောင်နှမလို ဆက်ရှိနေကြတာပါ”

“မိတ်ဆွေလို ရှိနေကြတယ်ဆိုရင်  လက်ထပ်တော့မယ် ဆိုတဲ့သတင်း က ထွက်လာစရာမရှိဘူးလေ၊ ပြီးတော့ မင်းတို့နှစ်ယောက်အတူတူ ရှိနေတာကြီးက ကိုရီးယားမှာတောင် မဟုတ်ဘူး၊ လန်ဒန်မှာလေ။ သတင်းထဲမှာ နှစ်ယောက်အတူတူ ကြီးတွဲတွေ့လိုက်ရတာကို ဘယ်လိုငြင်းမလဲ”

“မဟုတ်ဘူး ဟျောင့်ရာ၊ အဲ့ဒါတွေက ပြီးရင် ကျွန်တော်ရှင်းပြပါမယ်၊ အခု ဘက်ခဟျွန်း ကို ကျွန်တော် လိုက်ရှာအုံးမယ်”

သူ ဆူဟိုကို ရှာလိုက်အုံးမယ်သာ ပြောတာ တကယ်တော့ ဘယ်ကို ရှာလို့ ရှာရမှန်းမသိပြန်
ဘက်ခဟျွန်းဟာ အိမ်မှာပဲ အမြဲနေတတ်တဲ့သူမို့ သွားနေကျနေရဆိုတာမျိုးလည်း မသိ

“အာ Jong Dae ကို ဆက်ရမယ်”

တီ.......

“အေး ပြော”

“Jong Dae ရ၊ ဘက်ခဟျွန်း မင်းဆီ ဆက်သွယ်လာသေးလား”

“ငါ သတင်းတွေ့လိုက်တယ်။ ငါ့ဆီ မဆက်သွယ်လာဘူး။ အေး တကယ်လို့ ဆက်သွယ်လာတယ်ဆိုရင်လည်း မင်းကိုမပြောပြဘူး”

“ဟာ ဒါက အထင်လွဲနေတာပါ၊ ငါ သူ့ကို ရှင်းပြမှ ရမှာ”

“ဟေ့ဟျောင်...အထင်လွဲအောင် ဖြစ်စေတာက စပြီး မင်းမှားနေတာ၊ ဘက်ခဟျွန်း မင်းအပေါ်မှာ ဘယ်လောက် လေးနက်လဲ မင်းသိနေတာကို၊ မင်းဘက်က ပြတ်ပြတ်သားသားမနေလို့ ဒီလို အထင်လွဲစရာတွေ ဖြစ်လာတာ ရှင်းလား၊ ဒါပဲ”

ပြောချင်တာတွေ ပြောပြီး ဖုန်းချသွားသော သူငယ်ချင်းဖြစ်သူကိုလည်း စိတ်မဆိုးနိုင်။

Jong Dae ဆီမှာ မရှိနေရင် သူဘယ်ကို ရှာရမလဲတောင် မသိပါ

စက်ပိတ်ထားတဲ့ ဖုန်းကို နောက်ထပ် အကြိမ်များစွာ ထပ်ခေါ်ရင်း ဘက်ခဟျွန်းကို တောင်းပန်နေမိသည်။

ပြန်လာပါ အချစ်ရယ်။ ကိုယ့်ကို ရှင်းပြခွင့်လေးတော့ ပေးပါ

(ယူ ခေါ်စမ်း pcy)

Nothing MattersWhere stories live. Discover now