They are on Cloud 9

416 33 6
                                    

“မင်းသား လေးကြွပါခင်ဗျာ”

ချန်းယောလ်က ခါးကို ၉၀ ဒီဂရီ ဟန်ပါပါ ညွှတ်ပြီး ပြောရင်း ကားတံခါးကို ဖွင့်ပေးလိုက်တာမို့ ဘက်ခဟျွန်းက တဟားဟားအော်ရယ်ရင်း ကားထဲ ဝင်လိုက်သည်

“သဲ ပါးတွေ‌ညောင်းနေပြီလား”

“ဟင် ဘာလို့လဲ”

“စကားတွေ အများကြီး ပြောလိုက်ရလို့လေ”

“အာ ချန်းယောလ်ကလည်း သူများတွေလည်း အဲ့လောက်တော့ ပြောရတာပဲကို”

“သူများတွေ က ကိုယ့်အသဲမှ မဟုတ်တာ၊ ကိုယ်က ကိုယ့်အသဲပဲ စိတ်ပူတာပေါ့၊ ဘာလဲမပူရဘူးလား”

ကြည့်ပါအုံး အဲ့လို စကားတွေတတ်လာတာပါဆို ၊ ပြီးတော့ အဲ့တာလေးပဲပြောတာကို စိတ်ကောက်ချင်ယောင်က ဆောင်သေးတာ

“အင်း ဟုတ်သား ပင်ပန်းနေတာပဲ၊ ကျွန်တော် က အရမ်းပင်ပန်းနေတယ်၊ ဘာြဖစ်လို့လဲသိလား။ ဟောဒီချန်းယောက်ကို လွမ်းလို့ပေါ့”

ဘက်ခဟျွန်းက ပြောရင်း ကားမောင်းနေတဲ့ ချန်းယော်ရဲ့ ပါးကို လှစ်ခနဲ လှမ်းနမ်းလိုက်တာမို့ ချန်းယောလ်တစ်ယောက် ချက်ချင်ပြုံးဖြီးသွားရတော့တာ

“နောက်တစ်ခါ နောက်တစ်ခါ လောက်”

ချန်းယောက်က လမ်းအကွေ့ကို အာရုံစိုက်မောင်းနေရရင်း ပြောသည်

“ဟင့်အင်း ကားပဲမောင်းတော့”

ထိုင်ခုံတစ်ဖက်ကနေ လျှာထုတ်ရင်း ဘက်ခဟျွန်းက ပြောင်ပြသည်

“သဲနော်..လမ်းလယ်ကြီးမှာ ကားရပ်ပစ်လိုက်ရမှာလား”

“နိုး နိုး အဲ့လို ခြောက်တိုင်း မကြောက်ဘူးနော်”

“ပေး အဲ့တာဆို လက်ပေးကိုင်ထား”

သူ့ လက်ကို လှမ်းဆွဲရင်း လက်တစ်ဖက်နဲ့ ကားမောင်းနေတဲ့ ပုံစံကလည်း အရမ်းကို Cool ဖြစ်နေတော့တာပဲ

ရုတ်တရက် ဘက်ခဟျွန်း ခေါင်းထဲမှာ ညစ်ကျယ်ကျယ်အတွေးလေး ဝင်ရောက်လာတာမို့

“ပြွတ်စ်”

ဆုပ်ကိုင်ထားတဲ့ လက်ကို ယူကာ လက်သွယ်သွယ်လေးတစ်ချောင်းဆီပေါ် ကို ဘက်ခဟျွန်းက နမ်းလိုက်ပြီး ချန်းယောလ်ကို ငေးစိုက်ကြည့်လိုက်တော့

Nothing MattersWhere stories live. Discover now