🏖🏖🏖
ဒီနေ့ကတော့ စာဂျပိုးလေး ဘက်ခဟျွန်း ကို ဘာနတ်ဝင်ပူးနေလဲတောင် မသိ တော့ပါ။
ရေသွားကူးကြမယ် ဟေ့ ဆိုမှ သူရေကောင်းကောင်းမကူးတတ်တာ ဘယ်လို လုပ်ရမလဲJong Dae က Sports Club ဝင်ထားတာမို့ Xiumin တို့နဲ့ ရင်းနှီးလာတာဖြစ်သည်
ပထမနှစ်တစ်လျှောက်လုံး ဘာ Club မှ မဝင်ဖြစ်ဘဲ စာကြည့်တိုက်ထဲ သာ အချိန်ကုန်နေသော မစ်စတာ ဘက်ခဟျွန်း ဒုက္ခ နဲ့ လှလှတော့ တွေ့ပြီလေ ...ပြီးတော့ သူက ပင်လယ် ကို သွားချင်တယ် ဆိုတာက ပင်လယ် ကို ကြည့်ချင်တာ မြင်ချင်တာ ဒီလောက်ပဲပင်လယ်လေကို ရှူပြီး သဲပြင်ပေါ်မှာ လမ်းလျှောက်ချင်တာ
"ဘက်ခဟျွန်း ငါတို့က ရေလွှာလျှောစီးမှာ မင်းရော"
"အမ် ငါက ထိုင်ကြည့်မှာ ပင်လယ်ကို"
"ဟာ ရောက်မှတော့ ရေထဲဆင်းလေ" အကုန်လုံး ကဝိုင်းအော်သည်
"ဟီး ငါ ရေမကူးတတ်ဘူး"
"ဖလူးးးးးး" ရေသောက်နေသော ဂျုံးဒယ် က ထရယ်သည် "ငါ့ အမှားပါကွာ...
ချန်းယောလ် မင်းသင်ပေးလိုက်မလား ငါက ဒီတစ်ခေါက်တော့ Surfing ကျွမ်းအောင် ကျင့်ရမှာ ဟိုကောင်တွေကို ကြွားထားတာ"" အင်း ဟုတ်တယ် ဒီတစ်ခေါက် ငါတို့ အသင်း ရှုံးလို့မဖြစ်ဘူး အသင်းနာမည်က Blue Whale ဆိုပြီး သူ လုပ်နေတာက လိပ်ကွပ်ပျစ်ပေါ်တင်ခံရသလို ဖြစ်နေတာ။ Min Ho ကလည်း Key ကို Train ရမှာ သိတဲ့အတိုင်းပဲ မင်းရွေး လိုက်တော့ Jong Dae လား Baekhyn လား"
အော် အလကားနေရင်း Xiumin က နှစ်ယောက်သားကို ပြိုင်ဘက်တွေ လုပ်ပြီး လာရွေးခိုင်းနေသေး
သူလုပ်မှ ကိုယ့်မှာ ဘယ်သူ့ရွေးမလဲ စောင့်ကြရသေးသည်
Jong Dae နဲ့ နှစ်ယောက်သား ချန်းယောလ် ကို ပြိုင်တူကြည့်မိကြသည်"Jong Dae နဲ့တော့ မနေနိုင်ဘူး သူ အာပြဲလွန်းတာ နားကန်းသွားနိုင်တယ်"
"Yahh ပတ်ချန်းယောလ်!!!"
Jong Dae ကို စရင်း ချန်းယောလ် ကရေထဲဆင်းပြေးတာမို့ ...အကုန် ရယ်ရင်း မောရင်း ရေကမ်းစပ်ထိလိုက် လာကြသည်
အဟီ ဒါဆို ပတ်ချန်းယောလ် က ငါ့ကို ရွေးလိုက်တာပေါ့ ( ဘတ်ခလေး ရင်ထဲမှာ ဘက်တာဖလိုင်းတွေ အကောင်းတစ်သိန်း ဝဲနေပြီထင်တယ်)
***(❤ ရင်ထဲမှာ ဘက်တာဖလိုင်းတွေဝဲနေတာက တို့ပါ...Mood အပြည့်နဲ့ရေးနေတာကို Noti တတ်လာလို့ Dance Practice Video ထဲက Moment အသစ်လေးတွေကြောင့် သွားစိမရဘူး)
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...