Just another day

380 31 6
                                    

“တို့ဘက်က ကုမ္ပဏီ ကို ပြောထားတာမို့ သူတို့ ဖြေရှင်းပေးမှာပါ၊ ပုံတွေကလည်း ရှိသေးတော့ လုံးဝကြီး ညင်းလို့မရဘူးလေ။ ဒီကြားထဲမှာ တော့ တစ်ခြားတစ်ယောက်နဲ့ မတွေ့တာ ပိုကောင်းမယ်”

“Noona ဘာကို ပြောချင်တာလဲ”

“တကယ်လို့ မင်းအခုတွေ့နဲ့တဲ့ တစ်ခြားတစ်ယောက်ကလည်း လူသိများတဲ့သူ တစ်ယောက်ဖြစ်နေတယ်ဆိုရင် အဲ့ဒီသူအတွက် မကောင်းနိုင်ဘူး။ ဘာပဲ ဖြစ်ဖြစ် မင်းနဲ့တို့က မပါတ်သတ်ခဲ့ကြတာမှ မဟုတ်တာ၊ နောက်တစ်ယောက် ပေါ်လာတယ် ဆိုတည်းက အဲ့ဒီတစ်ယောက်နဲ့ မင်းကို ဘယ်လို ထင်ကြမလဲ”

“ဘာက်ု နောက်တစ်ယောက် ပေါ်ရမှာလည်း မမနဲ့ ကျွန်တော့် ဆက်ဆံ‌ရေးက ပြီးသွားပြီးသားလေ”

“အဲ့တာတွေကို သတင်းထောက်တွေကို ဘယ်လို ရှင်းပြပြ သူတို့က မင်းဖြစ်စေချင်တဲ့အတိုင်းရေးမယ် ထင်တာလား၊ လူတွေကြိုက်မယ့် သတင်းကိုပဲ သူတို့က ရေးချင်တာလေ”

“သူ့ကိုတော့ ကျွန်တော် အထိအခိုက် မခံနိုင်ဘူး၊ သူ့ကို ထိခိုက်အောင် လုပ်ခဲ့ရင်တော့ မမကို လည်း ဒီတစ်ခါတော့ ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်”

အော် ချန်းယောလ်ရယ် ဆယ်စုနှစ် ၂ ခုစာ တူတူရှိခဲ့ဖူးတဲ့ သူကိုတောင် မင်းပြောရက်လိုက်တာ၊ အဲ့ဒီအမျိုးသားကို တော်တော် ချစ်နေတာပေါ့ မင်းကိုယ်မင်းထက်တောင် တန်ဖိုးထားပြနေလိုက်တာ

နာရာက  တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်ပြီး ချန်းယောလ်နဲ့ ဖုန်းပြောပြီးပြီးချင်း PR Team ကို ဖုန်းဆက်လိုက်သည်။

***
ချန်းယောလ် စိတ်ညစ်ညစ်နဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိ

အိုဆယ်ဟွန်းက လန်ဒန်က နေ Paris ကို ဆက်သွားတာမို့ ရင်ဖွင့်စရာ ဘယ်သူမှကို မရှိ

Jong Dae နဲ့ ဆူဟို ကဆို သူ့ဖုန်းတွေကို မကိုင်။

ဖြစ်တာက ဘက်ခဟျွန်းနဲ့ကို သူတို့က ကြားထဲကပါ ခေါ်မရနေတာကတော့ မဖြစ်သင့်ဘူးလေ။

ဘက်ခဟျွန်းက သူ့အခန်းလည်း ပြန်မလာဘဲ ဘယ်မှာများသွားနေနေတာလဲ
ရင်ပူနေတာမို့ ထိုင်နေကျ ဘားကို ထွက်လာခဲ့လိုက်သည်။

စနေညမို့ Bar က လူတွေ အပြည့်ဖြစ်နေသည်၊ ခပ်ဖျော့ဖျော့ အလင်းရောင်နဲ့ ငြိမ့်ငြိမ့်လေးဆိုနေတဲ့ သီချင်းသံအောက်မှာ လူတိုင်းက သူ့ဝိုင်းနဲ့သူ တသီးတသန့်ဆီ ပျော်ရွှင်နေကြသည်။

ထောင့်က ခပ်မှောင်မှောင် တစ်ခုံကို ရွေးထိုင်လိုက်သည်။
တစ်ယောက်တည်း စိတ်ညစ်ညစ်နဲ့ သောက်နေမိတာ ဘယ်လောက်တောင်လဲမသိ၊

မူးနေပြီ တော်လိုက်ဖို့ သင့်ပြီလို့တွေးရင်း သူထ၇ပ်လိုက်သည်
မဟုတ်မှ အခု သူမြင်လိုက်တာ ဘက်ခဟျွန်းမလား
အရက်ရှိန်နဲ့ မူးပြီးဝေနေတဲ့ မျက်လုံးကို သူပွတ်သပ်ပြီး ပြန်ကြည့်လိုက်သည်၊ အဲ့တာ သူ့ရဲ့ဘက်ခဟျွန်းမှ ဘက်ခဟျွန်းပါပဲ။

သူ့ဘေးမှာ ထိုင်နေတာ ဂျပန်က ကင်ဂျုံအင်ဆိုတဲ့ တစ်ယောက်ရယ် နောက်ထပ် ၂ ယောက်လောက်လည်းပါသေးသည်။

တစ်ဘက်က ပြောနေတာကို ခပ်ပြုံးပြုံးလေး နားထောင်နေတဲ့ သူ့ရဲ့ အသဲအသက်ကလေး
ဟိုနေ့က သူ့ရှေ့မှာ နာကျင်နေတဲ့ မျက်လုံးလေးတွေဟာ အခုကျ မီးရောင်မှောင်မှောင်အောက်မှာတောင် လင်းလက်နေလိုက်တာ။

အဲ့ဒီ အပြုံးလေးတွေကို ကိုယ့်ရှေ့မှ ပြန်မြင်ရဖို့ ဘာတွေလုပ်ရမလဲကွာ
ဘက်ခဟျွန်းက တကယ်သူ မရှိဘဲ အဆင်ပြေတာတဲ့လား
ယိုင်သွားတဲ့ ခန္တာကိုယ်ကို ထိမ်းရင်း နေရာမှာ ပြန်ထိုင်ချလိုက်သည်

မမြင်ရတာ ကြာပြီ ဖြစ်တဲ့ ဒီမျက်နှာလေးကို သူငေးမောနေမိသည်။

သွားပြီး ခေါ်လိုက်ချင်ပေမယ့် ပြုံးနေတဲ့ မျက်နှာလေးကို သူ့ကြောင့်မဖျက်စီး ပစ်လိုက်ချင်ပါ။

“ကိုယ် မင်းကို သိပ်ချစ်တာပဲ”

သူ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ရေရွတ်ရင်း အဝေးကနေ ငေးကြည့်နေမိတော့တာ
ဘက်ခဟျွန်းကတော့ သူ့ကို မမြင်ခဲ့။

***

လေထဲမှာ ဝဲနေမှာဆိုးလို့ fic လေးနဲ့ ဆွဲချပေးထားပါတယ်ကွယ်🙃

Nothing MattersWhere stories live. Discover now