Intimate

386 39 4
                                    

တုံ ( မက်စေ့ ဝင်သံ)

CY: [ခဏ ထွက်လာခဲ့ပါလား]

ချန်းယောလ် ဆီက စာဝင်လာတာမို့ သူ ကမန်းကတန်း ဖတ်ပြီး ပြန်ချလိုက်သည်

အဖြစ်ကတော့ စုံစွမ်စိ ဆော့ရင်း အခန်းလုရမှာ ချန်းယောလ် က ရှုံးသွားခဲ့ပါတယ်။
ဒါနဲ့ မကျေနပ်လို့ မဲနှိုက်ပြီး အခန်းဖော်ထပ်ရွေးတော့လည်း သူနဲ့ ချန်းယောလ်လီ နဲ့ မကျပဲ Sehun နဲ့သူက တစ်ခန်း၊ ချန်းယောလ်လီနဲ့ Jong Dae  ကတစ်ခန်းကျပြန်ပါတယ်။
ဆူပုတ်ပြီး အခန်းထဲ မဝင့်ချင် ဝင်ချင်ဝင်သွားရတဲ့ ချန်းယောလ်က ဘက်ခဟျွန်း အမြင်မှာတော့ ကလေးဆိုးကြီးဖြစ်လို့။

CY: [ဘက်ခ်ဟျွန်းနီး ခဏထွက်ခဲ့အုံးလို့ ]

Sehun က ဟိုဘက်ကုတင်ပေါ်မှာ ဂိမ်းဆော့ရင်း
သူ့ မတ်စေ့ဝင်သံ ကြားတိုင်း မသိမသာ လှမ်းလှမ်းကြည့်နေတာမို့ အမူအရာမပျက်အောင် ထိန်းရသေးတယ်

BH [Sehun မအိပ်သေးဘူး]

CY [သဲက ခဏကွာ၊ မျက်နှာလေး ကြည့်ချင်လို့]

BH [အာ အခုမှ အခန်းထဲ ဝင်လာတဲ့ဟာကို]

CY [မသိဘူး အဲ့တာဆို ကိုယ်ဝင်လာရမလား]

BH [နောက်ကျနေပြီ အိပ်တော့လေ၊မနက်မှ တွေ့မယ်နော်]

CY [ အော် ဘက်ခ်ဟျွန်းနီး က ကိုယ့်ကို မေ့သွားပြီလား]

“အဟမ်း အဟမ်း”

ဆယ်ဟွန်း ဆီက ချောင်းသံ ထွက်လာတာမို့ မလုံမလဲ နဲ့ ပြုံးပြလိုက်သည်

“ကျွန်တော် ရေအရင် ချိုးရမလား၊ ‌‌ဟျောင့် အရင် ချိုးမလား”

“ဟင့် အင်း အေးလို့ မချိုးတော့ဘူး”

CY [အခန်းရှေ့မှာ ခဏထွက်ခဲ့ကွာ..ခဏလေးပါဆို]

ဆယ်ဟွန်း ရေချိုးခန်းထဲ ဝင်သွားတာနဲ့ သူလည်း လှစ်ခနဲ့ ထွက်လာခဲ့သည်။

အခန်းပြင်ကို ရောက်တော့ ချန်းယောလ်က သူ့ကို လျှောက်လမ်းကနေ၊ လှေကားဘက် လက်ဆွဲ ခေါ်လာသည်

“ဘာဖြစ်လို့လဲ ချန်းယော်လီကလည်း”

“ကိုယ်မေးတာဖြေ...ကိုယ့်ကို ဘယ်ချိန်တည်းက သဘောကျတာလဲ ဟင်”

Nothing MattersWhere stories live. Discover now