ဒေါက်ဒေါက်ဒေါက် (တံခါးခေါက်သံ)
"အော် ဆူဟိုဟျောင်"
ထူးထူးဆန်းဆန်း ဖွင့်ထားတဲ့ တံခါးကို ခေါက်နေတော့ ဒီတစ်ခါ ဘာကိစ္စလဲမသိ
သူနေရာက ထပြီး နှုတ်ဆတ်လိုက်သည်
"ထိုင်ပါ ထိုင်ပါ Prof. ဘက်ခဟျွန်း"
ထူးတော့ ထူးခြားနေပြီ ငါ့ကို ပရော်ဖက်ဆာတွေ တပ်ခေါ်နေတာ ဒီတစ်ခါ တာဝန်က ဘာပါလိမ့်
"ဒီလိုကွာ..."
"ဟုတ်"
ဒီလိုကွာဆိုပြီး ဆက်ပြောဖို့ စဥ်းစားနေတာကြောင့် စကားထောက်ပေးရသည်
"ဟိုတစ်လောက KBS က အစီအစဥ်တစ်ခုအတွက် ကျောင်းသူကျောင်းသားတွေကို စစ်တမ်းကောက်ခဲ့တယ်၊ အစီအစဥ်က "လူငယ်သုတေသီ ပညာရှင်များ" တဲ့ ...အဲ့ဒါမှာ ဘက်ခဟျွန်းက ကျောင်းသားတွေ Voting အများဆုံးပေးတဲ့ ဆရာထဲမှာ ပါတယ်၊
ဆိုတော့ကား...သောကြာနေ့တိုင်း KBS ရုပ်သံဌာနမှာ အစီအစဥ်ရိုက်ကူးရမယ်၊ ဒီကိစ္စကို ဘယ်လိုသဘောရလဲ"စစ်တမ်းကောက်တာကို သိလိုက်ပေမယ့် ကိုယ့်ကိုကိုယ်တော့ အရွေးမခံရလောက်ဘူးပဲ ထင်ထားတာလေ
"တကယ်တော့ ကျွန်တော်က အဲ့လိုမျိူးတွေ စိတ်မဝင်စားတာ ဟျောင့်လည်း သိမှာပါ"
"အင်းပေါ့ ဟုတ်တယ်၊ ဒါပေမယ့် ဒါက နိုင်ငံအနှံ့က ကျောင်းသူ၊ကျောင်းသားတွေက Online ကနေတစ်ဆင့် သူတို့သိချင်တဲ့ မေးခွန်းကို တိုက်ရိုက်မေးကြမှာမို့ ဟျောင့်ကလည်း ဘက်ခဟျွန်းကိုပဲ စိတ်ချတယ်"
"သူတို့ Programme က ဘယ်လောက်ကြာမှာလဲ"
"ခန့်မှန်းခြေကတော့ ၄ ပါတ်ပေါ့၊ Rating ပေါ်မူတည်ပြီး ထပ်တိုးဖို့လည်း ရှိမယ်တဲ့၊ တစ်ခြား တက္ကသိုလ်တွေက ပါဝင်မယ့်သူတွေကတော့ လိုလိုလားလားပဲ လက်ခံကြတာမို့ ဘက်ခဟျွန်းသာ Yes ဆိုရင် ရိုက်ကူးရေးက နောက်တစ်ပါတ် စမယ်တဲ့"
ဟူးးး ဘယ်နှယ့်လုပ်ရပါ့၊ ချန်းယောလ်ကို တိုင်ပင်ကြည့်အုံးမှပဲ
"ကျွန်တော် နည်းနည်းစဥ်းစားကြည့်ပါရစေအုံး"
"အိုခေ... ဒါဆို သတင်းကောင်းကို စောင့်နေမယ်နော်"
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...