On the road

339 41 24
                                    

"ဟာ ဘက်ခဟျွန်း Sam ဒီနေ့တော့ ထူးထူးဆန်းဆန်း Canteen မှာ စားနေတာလား"

လာပါပြီ၊ဌာနမှုး
သူများတွေဆို အသံက အရင်လာပြီး လူနောက်မှ ရောက်လေ့ရှိပေမယ့် ဆူဟိုဟျောင်ကျတော့ အသံထက်ကို လူကပိုမြန်တာ

အခုလည်းကြည့် နေ့လည်စာပန်းကန်ရော လူပါ
ကိုယ့်ရှေ့ ရောက်နေပြီမို့ မပြုံးချင်ပေမယ့် အားတင်းပြီး ပြုံးပြရတော့သည်

"ဟုတ်တယ် ဟျောင့်"

ဘက်ခဟျွန်း လေသံက ခပ်ဖျော့ဖျော့

"ဂျပန်စာပေပွဲ ပြီးကတည်းကဆို မတွေ့တာ တော်တော်ကြာပြီနော်"

သူက ဂျပန်ကနေပြန်လာပေမယ့် ဆူဟိုဟျောင်က တရုတ် ကို ဆက်သွားရပြန်တာကြောင့်
ဒီကြားထဲမတွေ့ဖြစ်တာတော်သေးသည်

"ဒါနဲ့ ချန်းယောလ်ရော အဆင်ပြေရဲ့လား၊  ကော်ဖီဆိုင် ခဏပိတ်ထားတယ်ပြောတယ် ဟုတ်လား"

ဟူးး...သူဒါကြောင့် ဆူဟိုဟျောင့်ကို မတွေ့ချင်တာ

" သြော်... ကျွန်တော်လည်း သိပ်မသိဘူး"

"ဟင် ဘက်ခဟျွန်း တို့က အိမ်နီးချင်းတွေပဲ၊ ပြီးတော့ နှစ်ယောက်သားက ရင်းနှီးကြတယ်မလား"

ဆူဟိုက အရိုးခံအတိုင်း မေးနေပေမယ့်
ဘက်ခဟျွန်း မှာတော့ ဘာဖြေလို့ ဖြေရမှန်းတောင်မသိ

"ကြာပြီ မတွေ့ဖြစ်တာ သူနဲ့"

ဘာမှ မဖြစ်ဟန်ဆောင်ရတာ တကယ်ကို ပင်ပန်းလွန်းလှပါတယ်

"ဒီလိုလေ သူအဆိုတော်တစ်ယောက်နဲ့ သတင်းထွက်တဲ့ ကိစ္စကြောင့် သတင်းသမားတွေ လာတာနဲ့
ဆိုင်ခနပိတ်ထားတယ်ထင်ပါတယ်၊ အစ်ကိုလည်း မင်ဟိုပြောလို့ သိရတာ၊ သူ့ဆီတော့ ဖုန်းမဆက်ဖြစ်သေးဘူး။ ဘက်ခဟျွန်း နဲ့တောင် မတွေ့ဖြစ်ဘူးဆိုတော့ အဆင်မှပြေရဲ့လားသူ၊  နေအုံး အားတုန်း ခဏအသံလေးလှမ်းတောက်ကြည့်အုံးမယ်"

ပြောပြော ဆိုဆို  ဖုန်းကိုထုတ်ပြီး ခေါ်နေသော ဆူဟိုကြောင့် စားလက်စထမင်းတောင် မဝါးနိုင်တော့

"မကိုင်လောက်ဘူးထင်တယ်"

တီ.......

"အော်ကိုင်ပြီ....အင်းချန်းယောလ်ရ ဆူဟိုဟျောင်ပါ"

Nothing MattersWhere stories live. Discover now