Attachment

346 31 25
                                    

Mom (Incoming Call)

“ဟယ်လို အိုမား”

“သား နေကောင်းရဲ့လား”

“အင်းကောင်းပါတယ် အိုမား နဲ့ အပါးရော”

“ကောင်းတာပေါ့...ဒါနဲ့ Nara လေးကို ကျေးဇူးတင်ကြောင်း သားကပဲ ပြောပေးပါအုံး၊ လက်ဆောင်‌တွေရောက်လာတယ်၊ မင်း အပါးလိုချင်နေတဲ့ Message Chair ထိုင်ခုံအထိ သေချာရွေးပို့ပေးလိုက်တာပဲ နှစ်ယောက်အတူတူ သွားရွေးကြတာလား”

“ အာ___ဘယ်တုန်းကလဲ ကျွန်တော် မသိလိုက်ဘူး”

“ဟင် နှစ်ယောက်အတူတူရှိနေကြတာမဟုတ်ဘူးလား”

“အိုမား ကျွန်တော်တို့က....”

“ သား အိုမားနားလည်ပါတယ်၊ အကြာကြီးနေမှ ပြန်ဆုံရတာဆိုတော့ သားအတွက်ခက်ခဲမှာဆိုတာ၊ ဒါပေမယ့် သူသားကို ရှင်းပြခဲ့တယ်မလား၊ သူ့ကျေးဇူးကြောင့် အိုမားတို့ ခုလိုနေနိုင်တာ”

“အဲ့ဒီငွေက ကျွန်တော် ပြန်ဆပ်မယ့် အကြောင်း ပြောထားပြီးပါပြီ”

“ငွေအတွက်ကြောင့်ချည်းပဲ မဟုတ်ဘူး  သူသားအပေါ်မှာ ထားတဲ့စိတ်ကို သားလည်းနားလည်တယ်မလား...
ငယ်ငယ်လေးတည်းက နာရာ က သားကို ဘယ်လောက်ဂရုစိုက်လိုက်သလဲ အိုမားတို့ကတော့ Nara နဲ့သာဆို သားကို စိတ်ချတာမို့ အမြန်ဆုံး ပြန်နီးစပ်စေချင်ပြီ ...
လာမယ့် သားအဖွားနှစ်ပတ်လည်မှာ အိမ်ကို တူတူလာခဲ့ကြနော်.. ဧည့်သည်တွေများလာလို့ သားရေ ဒါပဲနော်”

ပြောချင်တာ ပြောပြီးဖုန်းချသွားတဲ့ အိုမားကြောင့် သက်ပြင်းကို ခပ်လေးလေးချလိုက်သည်

အိုမား ပြောတော့လည်း သူ့မှာ ငြင်းဆိုဖို့ အားမရှိ

Noona ဆီကို သူဖုန်းတောင် မဆတ်ဖြစ်ဘူးလေ

“ဟယ်လို”

“အို မောင်ဖုန်းဆတ်လာတယ်လား ... ခဏလေးနော်..ရပြီ ပြောနော် အစီအစဉ်အသစ်တစ်ခုအတွက် စကားပြောနေလို့”

“အင်း”

“မဟုတ်တောင် ဒါပြီးရင် မောင့်ဆီဖုန်းဆတ်မလို့လေ မောင် အလုပ်တွဲလုပ်ချင်တယ်ဆိုတဲ့ တေးရေးဆရာကို ဆက်သွယ်လို့ရပြီသိလား”

“ဟင် ဘယ်သူလဲ”

“Jasper ပေါ့ မောင်ရယ် ဘယ်သူ ရှိရမလဲ”

“ သူက ဆက်သွယ်ဖို့ ခက်ခဲတာကို ဘယ်လိုဖြစ်လို့”

“ဒီလိုပဲ မမ ပြောတယ်လေ မောင်ဖြစ်ချင်တာတွေအားလုံး အကုန်ဖြစ်စေရမယ်လို့”

“ကျေးဇူးပါ ဒါပေမယ့် ကျွန်တော် သီချင်းရေးဖြစ်ဖို့တော့ ယုံကြည်ချက်မရှိသေးတာမို့ အဲ့ကိစ္စကို ထားလိုက်ပါအုံး
ကျွန်တော် ပြောထားတဲ့ ကိစ္စရော ဘယ်တော့လောက် သိရမလဲ”

“မောင့်ကို ပြောပြီးသားလေ အဲ့ဒါက ပြန်ပေးဖို့ မလိုဘူး ပြီးပြီးသားကိစွလို့၊ ပြီးတော့ ဖေဖေကလည်း လက်ခံမှာမဟုတ်ဘူး”

ဟူးးး

“ကျွန်တော့် အတွက် ပြီးပြီသား ကိစ္စမဟုတ်ဘူးလေ”

“ကောင်းပြီ ဒါဆို ညနေ တို့ တွေ့ကြရအောင်၊ တွေ့ပြီးမှ ဆက်ပြောနော် ဟုတ်ပြီလား၊ မန်နေဂျာ ခေါ်နေလို့ သွားတော့မယ်နော်”

ဟူး

Nothing MattersWhere stories live. Discover now