The Second

347 43 13
                                    

ကျောင်းမသွားခင် ချန်းယောလ်ဆီ
တစ်ချက်ဝင်ကြည့်ချင်တာမို့ သူဝင်လာတော့ ချန်းယောလ်က ဟိုးအရင်နေ့တွေကလို့ Toast နဲ့ ကော်ဖီနဲ့ သူ့အတွက် အဆင်သင့်လုပ်ထားပြီးနေပြီ

"နေကောင်းသွားတော့ တော်သေးတာပေါ့"

"အင်း ဘက်ခဟျွန်း ကျေးဇူးကြောင့်နဲ့ပေါ့.... "

ပါးချိုင့်လေးတွေ ထင်းသွားတဲ့ အထိပြုံးပြရင်း ပြောတာမို့ ကြွေရပြန်ပြီ

"ဒဏ်ရာကရော နာနေသေးလား"

"ဟင့်အင်း ခြစ်မိရုံလေးပါ ...ကျွန်တော်ရေချိုးရင်း
ပလာစတာအသစ်လဲထားပြီးပါပြီ"

ချန်းယောလ်ကပ်ပေးထားတဲ့ ပလာစတာလေးကိုတော့ အိတ်လေးနဲ့ သီးသန့် သိမ်းထားလိုက်တဲ့အကြောင်း ထည့်ပြောဖို့တော့ မလိုဘူးမလား

ကော်ဖီကိုသာ ငုံ့သောက်ရင်း ဘာစကားဆက်ပြောရမှန်းမသိပြန်

ဆိုင်အကြောင်းမေးရင်လည်း ဟိုကိစ္စကို အစဖော်သလို ဖြစ်နေမှာမို့ သူမကြားချင်

ချန်းယောလ်ကိုယ်တိုင်ကလည်း အဲ့ဒီကိစ္စနဲ့ပါတ်သတ်ပြီး သူ့ကို အခုထိ ဘာမှ ပြောမလာသေးဘူးလေ

"ဒီကြားထဲ ကိုယ့်မှာ ကိစ္စလေးတွေရှိလို့ ဘက်ခဟျွန်းကို ကျောင်းလိုက်မပို့နိုင်တာ ဆောရီးနော်"

"အာ...ရပါတယ်"

နောက်ဆုံးတော့ ငါ့ကို အဲ့အကြောင်းပြောတော့မှာလား

"ဆိုင်က အခြေအနေ လေးတွေ ကြောင့် ခဏပိတ်ထားတာ၊ ဒီပါတ်ထဲတော့ နေကောင်းသွားပြီဆိုတော့ ပြန်ဖွင့်ရမှာပေါ့"

"ဟုတ်လား"

သူက စကားကို မယုံမလွန်သာပြောနေတာမို့ ကိုယ်တိုင်လည်း ထိန်းပြီးတော့သာ ပြန်ပြောရသည်

"ကားဝယ်လိုက်တာလား"

သြော် သူကားနဲ့သွားနေတာ ဘယ်လိုသိတာပါလိမ့်

"အင်း ဟုတ်တယ်"

ချန်းယောလ်ကို ဂျုံအင်နဲ့တောာင် မိတ်ဆက်မပေးလိုက်ရဘူး၊ အခုနေ ချန်းယောလ်အိမ် ရောက်နေတာသာ သိလို့ကတော့ ကင်ဂျုံအင်တို့ အတောင်ပံတွေပေါက်ပြီး သူ့ကို လာပြေးဆွဲထုတ်မှာ မြင်ယောင်သေးတယ်

Nothing MattersWhere stories live. Discover now