"Hyung ဘယ်မှာလဲ ပတ်ချန်းယောလ် က တွေ့ခဲ့လား"
ရေချိုးခန်းထဲက ထွက်လာတဲ့ Jong In က သူ့ခေါင်းသူ သဘက်နဲ့ ခပ်ကြမ်းကြမ်းသုပ်နေရင်း
ဘက်ခဟျွန်းကိုမြင်တော့ လှမ်းမေးသည်ပြန်မဖြေဘဲ တိတ်ဆိတ်နေသော ဘက်ခဟျွန်းကိုတွေ့မှ ဘက်ခဟျွန်းထိုင်နေတဲ့ ဆိုဖာရှေ့ လျှောက်လာပြီး ပြန်မေးဖို့ပြင်သည်
"Hyung....ဘာတဲ့လဲ လို့...အာ..အယ် ဘာဖြစ်လာတာလဲ"
ဘက်ခဟျွန်းမျက်နှာက ညှိုးနွမ်းပြီး တော်တော်လေးစိတ်ထိခိုက်နေတဲ့ပုံမို့ လန့်သွားရသည်
"Hyung...Hyunng ဘာဖြစ်လာတာလဲ ကျွန်တော့ကိုပြောအုံးလေ"
ပုခုံးကို လှုပ်ကိုင်ပြီး မေးလိုက်တော့မှ အတွေးလွန်နေတဲ့ ဘက်ခဟျွန်းက သူ့ကိုမော့ကြည့်သည်။
"ဟင်...ဂျုံအင် ဘာလဲ"
"ဟောဗျာ...ဘာဖြစ်လာတာတုန်း ဟျောင့်က.."
"ချန်းယောလ်က ငါ့ကို တောင်းပန်ပါတယ်တဲ့"
"ဟမ်...ဘာလို့တဲ့လဲ"
အစပ်အဆက်မရှိကြားရသော စကားကြောင့် ဂျုံအင်လည်း ကြောင်တောင်တောင်ဖြစ်သွားသည်
"ငါတို့... ငါတို့ ...ဟင့်အင်း သူငါ့ကို နမ်းခဲ့တာ"
အမလေး ဘာများလဲလို့ ငါ့အစ်ကိုလေးက ငါ့ကိုဆို
ပွင့်လင်းလိုက်တာ ဂျုံအင်က အဲ့တာ ဘာများစိတ်မကောင်းစရာ ပါလို့လဲလို့ တွေးရင်း သဘောတကျရယ်မိသည်"အမလေး...ဟျောင့်ကလည်း မသိရင် ပတ်ချန်းယောလ်ကို တစ်ခြားတစ်ယောက်နဲ့ တွေ့လာသလိုပဲ၊ တောင်းပန်တာကတော့ သူလည်း ဟျောင့်စိတ်ကို မသိတော့ ပြောမိတာနေမှာပေါ့....ဖွင့်မပြောရသေးဘူးဆို"
"အင်း" ဂျုံအင် ပြောသလိုလည်း ဖြစ်နိုင်တာပဲ "ဒါပေမယ့်...."
"ပြောပါအုံး ဘာထပ်ဖြစ်"
"ငါဝင်သွားတော့...သူက အမှောင်ထဲမှာ မူးပြီးတော့တောင် အိပ်ပျော်နေတာ၊ အရက်ပုလင်းတွေလည်း အများကြီးပဲ ပြန့်ကျဲလို့...လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သူတစ်ခါမှ အဲ့လို သောက်တာမတွေ့ဖူးဘူး"
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...