Fate: Part 13

375 36 0
                                    

ကိုယ့်ကိစ္စ နဲ့ကိုယ် အာရုံနောက်ရတဲ့အထဲမှာ
မင်ဟို မူးပြီး လှမ်းခေါ်လို့ ထွက်လာရသေးတယ်

ငယ်ပေါင်းကြီးဖော် ပြောမနာဆိုမနာတွေလို ဖြစ်နေတာမို့သာ

ထိုင်နေကျဆိုင်ရောက်တော့ သီးသန့်အခန်းကို ဝင်သွားလိုက်သည်...သူကိုယ့်သူ C.E.O မို့ဆိုပြီး သိက္ခာတော့ ထိန်းရှာလို့တော်သေးတာပေါ့

တွေ့ပါပြီ...နောက်ထပ်တစ်ယောက်နဲ့ စားပွဲပေါ်မှာ မှောက်နေတာ...ဟိုတက္ကသိုလ်က SUHOပဲ ဖြစ်မယ်

အမ် ...​​ ကြမ်း​ပြင် ​ပေါ်မှာ ကွေးပြီးအိပ်နေတာက တစ်ယောက် အအေးတွေပတ်ကုန်တော့မှာပဲ

"ဒီမှာဗျ... ထ"

ပုဇွန်ထုပ်လိုကွေးနေတဲ့ လူလေးက မျက်နှာဖော်လာသည်...မြင်ဖူးသလို...သူ မြင်ဖူးတယ် ဒီမျက်နှာကို
အခန်းထဲက မီးခပ်မှောင်မှောင်မို့ မသဲကွဲ

"ချန်းယောလ်လီ ချန်းယောလ်လားဟင်"

လူပေါက်စလေးက သူ့ကိုတွေ့တာနဲ့ ခွေနေရာကနေ ထပြီး မျက်နှာကို လက်နှစ်ဖက်နဲ့ လာကိုင်တော့တာမို့ သေချာစေ့စေ့ကြည့်လိုက်တော့

ဘက်ခ်ဟျွန်း?

"ဘက်ခ်ဟျွန်း လား"

"နောက်ဆုံးတော့ ချန်းယောလ် ကို ရှာတွေ့ခဲ့ပြီ"

ပြောလည်းပြော သူ့ကိုဆွဲဖတ်ပြီး ပြန်အိပ်ပျော်သွားတော့သည်။

****
မနက်ခင်း နေရောင်ခြည်နုနုက အိပ်ခန်းထဲကို ဖြာကျလာသည်...
အလင်းရောင်ကြောင့် ဘက်ခ်ဟျွန်း မျက်လုံးတို့ ပွင့်လာသည်...
အားးးး...ခေါင်းကိုက်လိုက်တာ

ဟင် ဒါက ငါ့အခန်းမဟုတ်ပါလား

အာ သူမနေ့ညက Suho Hyung တို့နဲ့ သောက်ခဲ့တာပဲ အရမ်းပင်ပန်းနေတာမို့ သူသောက်ပြီးအိပ်ပျော်သွားတာဖြစ်မယ်...
ဒါ Suho Hyung တိုက်ခန်းများလား

အိပ်ရာထဲကလူးလဲထလာပြီး ထွက်လာသည်...
တော်သေး ဒီနေ့ Sunday မို့ အတန်းမရှိလို့
Suho Hyung ဘယ်ရောက်နေပါလိမ့်

ရေဆာလာတာမို့ ရေခဲသေတ္တာကိုရှာပြီး ရေတစ်ငုံသောက်ပြီး ပြန်အလှည့်

ရေချိုးခန်းထဲကနေ Bathrobe နဲ့ ထွက်လာတဲ့ ချန်းယောလ်

"ဖွီး"

"ချန်း ချန်းယောလ် က ဒီကို ဘယ်လိုရောက်"

"အာ ဒါငါ့အိမ်လေ"

"ဒါ ဒါဆို ကျွန်တော်က ဘယ်လိုရောက်"

"မမှတ်မိဘူးလား"

***Flashback****

၃ ယောက်လုံး နှိုးမရတာမို့ မင်ဟိုတို့အိမ်ပဲ လိုက်ပို့ဖို့ ဆုံးဖြတ်လိုက်သည်

အိမ်နားရောက်တော့ မင်ဟိုက ပြန်နိုးလာပြီး ဆူဟိုကိုတွဲပီး နှစ်ယောက်သားဝင်သွားသည်
ပြသနာက အခုမှစတာ
ဘက်ခဟျွန်း က သူ့လက်မောင်းကို ခိုစီးပြီး မလွှတ်
ချန်းယော်နဲ့ပဲ လိုက်မှာ တွင်တွင်အော်နေတော့တာ။

သူ့ကို အတင်းထားခဲ့မယ်လုပ်လို့ ဘာတွေလည်းမသိ ပါးစပ်က ပွစိပွစိပြောပြီး ငိုကလည်းငိုသေးသည်

ဘယ်လိုမှ ထားခဲ့လို့မရတဲ့အဆုံး သူ့တိုက်ခန်းပဲခေါ်လာရတော့တာ

***

မမှတ်မိဘူးလား လို့မေးမှ ခေါင်းထဲမှာ ရှင်းခနဲ ဘွင်းခနဲကို ပေါ်လာတာ...
သွားပါပြီ
ငါ ပြန်တွေ့ရင် မာနခပ်ကြီးကြီးနေပြလိုက်အုံးမယ် တင်းထားတာတွေ...အခုတော့ သွားပြီ

ကံတရားဟာ ဝုရိ ဗြွန်းဘက်ခဟျွန်းဘက်မှာ မရှိခဲ့ပါ










Nothing MattersWhere stories live. Discover now