Porridge in Love

345 42 10
                                    

"ချန်းယောလ် သက်သာရင် ကျွန်တော် အိမ်ပြန်အုံးမယ်နော်"

ဆိုဖာပေါ်မှာ မျက်လုံးမှိတ်ခါ မှိန်းနေတဲ့ ချန်းယောလ်ကို နဖူးလာစမ်းရင် ဘက်ခဟျွန်းက ပြောသည်

မျက်လုံး မှိတ်ထားပေမယ့် လှုပ်တုပ် လှုပ်တုပ်လေးရဲ့ အငွေ့အသပ်တွေကို ခံစားလို့ရသည်
ရေပတ်တိုက်ပေးထားတဲ့ ပုဝါတွေနဲ့ အကျီအပေတွေကို အဝတ်လျှော်စက်ထဲထည့် ပြီးတော့ သူစောနားက ချက်ပြုတ်ထားတာတွေကို ပြန်ရှင်းနေရှာတာ။

"အင်း ရပါတယ်"

ပြောလိုက်ပေမယ့် ရင်ထဲက ဘာကြောင့်မှန်းမသိ တစ်ခုခုလိုအပ်သွားသလိုပဲ
လူက နေမကောင်းတော့ ဘေးနားမှာ တစ်ယောက်ယောက်ရှိနေတဲ့ ခံစားမှုမျိုးက စိတ်ကို နွေးထွေးစေသည်လေ

အင်းလေ သူ့မှာ မပြန်နဲ့လို့ တားပိုင်ခွင့်လည်း မရှိသည်မို့ ဘာတတ်နိုင်မှာလဲ
အခုလို နေမကောင်းတုန်း လာပြုစုပေးတာကိုက
လွန်လှပြီမလား

"ညစာက ဆန်ပြုတ်တွေ ရှိသေးတာမို့ ချန်းယောလ် အတွက် သောက်ခါနီး ပြန်နွှေးပေးမယ်နော်"

အော် ဒါဆို သူပြန်လာမှာပေါ့...အဲ ပြန်လာတာက ဟုတ်ပါပြီ ဆန်ပြုတ်?

မဟုတ်မှ ညစာလည်း ဆန်ပြုတ်ပဲလား

"ကျွန်တော်တောင် ပြောရင်းနဲ့ ဗိုက်ဆာလာပြီ...နေ့လည်က ထမင်းသေချာမစားခဲ့ရဘူး နည်းနည်းသောက်သွားအုံးမယ်"

ပြောရင်း နဲ့ မီးဖိုထဲ ပြန်လှည့်ဝင်သွားတဲ့ ဘက်ခဟျွန်းကြောင့် မှီပြီးလှဲနေရကနေ ငေါက်ကနဲ ထထိုင်ရတော့သည်

"မစားနဲ့! "

သူ အလန့်တကြား ထအော်လိုက်တာမို့ ဘက်ခဟွန်းလည်း လန့်သွားသည်

"ဟင် ချန်းယောလ် ဘာလဲ"

"မစားနဲ့ ဆန်ပြုတ်ကို"

"ဟင်ဘာလို့လဲ ဆန်ပြုတ်တွေက အများကြီးပဲရယ် ချန်းယောလ်တစ်ယောက်တည်း မကုန်ပါဘူး"

"ကုန်တယ် မစားနဲ့"

"နည်းနည်းပဲလေ ချန်းယေလ် ကလည်း"

"မရဘူး"

ဘယ်လို လူမမာလဲ သူလုပ်ကျွေးထားရတာကို
နည်းနည်းတောင် မတိုက်ချင်တဲ့ ချန်းယောလ်ကို
စချင်လာသည်

"အဲ့လောက်တောင် ဖြစ်နေတာ နည်းနည်းတော့ ခိုးသောက်ရမယ်"

ဘက်ခဟျွန်းက လျှာထုပ် ပြောင်ပြရင်း မီးဖိုထဲ ပြေးတာမို့ ချန်းယောလ်ပါ ထလိုက်ရတော့တာ

ဒါပေမယ့် လူက ဗြုန်းခနဲ့ ထလိုက်တာမို့ မိုက်ပြီး ဟန်ချက်ပျက်သွားသည်

"ဖွိီး!!!!!!!!"

"ဒါက ဘာကြီးလဲ"

"ချန်းယောလ် ဒါကြီးကို ဘယ်လိုသောက်တာလဲ"

မီးဖိုခန်းထဲက အဆက်မပြတ်ထွက်လာတဲ့ အသံများ

ဘက်ခဟျွန်းက အံသြမှင်သက်နေတဲ့ပုံနဲ့ ပါးစပ်အဟောင်းသား  မျက်လုံး​ကြီးပြူးပြီး ချန်းယောလ်ကို ကြည့်တယ်

သူ့ဆန်ပြုတ် အရသာကို သူ့ဘာသာ သောက်ပြီး ဆွေမျိုးတွေ မေ့နေတဲ့ ဂျုံလုံးလေး

ပြီးတော့မှ နစ်ယောက်သား အားရပါးရ ရယ်မောလိုက်မိတော့တယ်

"မဖြစ်တော့ ဘူး ညစာကို ကျွန်တော်တို့ မှာစားကြရအောင်"

Nothing MattersWhere stories live. Discover now