Part 28

351 38 0
                                    


ဘက်ခဟျွန်း ဂျူံအင်ကို ခဏနားနေခဲ့အုံးပြောပြီး သူ့ Luggage တွေကို ပစ်ချကာ ဒီဘက်ခန်းကို ကူးခဲ့လိုက်သည်။

သစ်သီးဝယ်ထားတာနဲ့ အဆာပြေမုန့်လေးများရှိမလားပဲ၊ လေယာဥ် Delay ဖြစ်တဲ့အချိန်နဲ့ မနက်တည်းက သေချာဘာမှ မစားရသေး၊ သူ့အိမ်မှာက ရေဘူးကလွဲဘာမှမရှိဘူးလေ

တံခါးခေါက်ကြည့်လိုက်တော့ ဘာသံမှမကြားရတာမို့ ကိုယ့်ဘာသာ ဖွင့်ဝင်လာလိုက်သည်။

အခန်းကမှောင်နေတာမို့ ချန်းယောလ်မရှိဘူးပဲ
ရေချိုးပြီးမှ ဆိုင်လိုက်သွားလိုက်မယ်

တံခါးမီး မှိန်မှိန်က ရေခဲသေတ္တာဆီ အလင်းပြပြဖြစ်နေတာမို့ အခန်းမီး ဖွင့်မနေတော့ပဲ သွားလိုက်တော့သည်

ဒုတ်.....ဘုန်း......အား

အမလေး...

ခလုပ်တိုက် လဲကျတဲ့ အရှိန်နဲ့ လူက နာသွားပေမယ့် လန့်သွားတာကြောင့် တစ်ခါတည်းတံခါးနားအပြေးပြန်ရောက်ပြီး မီးဖွင့်လိုက်သည်

အိုးးးးးး

ဒါက ဘယ်လိုမြင်ကွင်းလဲ
ထောင်တစ်ချို့ လဲတစ်ချို့ အရက်ပုလင်းပေါင်း
မရေတွက်နိုင်အောင်က ကြမ်းပြင်ပေါ်မှာ

ပြီးတော့ စောနားက ငါခလုပ်တိုက်တာ လူ

ဟာ...ချန်း..ချန်းယောလ်

ဆိုဖာဘေးအကွယ်မှာ ကျောမှီပြီး အိပ်ပျော်နေတာ... အာ...မဟုတ်ဘူး ဒီပုလင်းတွေကို သူများသောက်ထားတာလား

ဘက်ခဟျွန်း ဟာ စိတ်ပူသွားပြီး ချန်းယောလ်နား
ဒူးထောက်ထိုင်ချလိုက်ရင် ပုခုံးကို လှုပ်နှိုးလိုက်သည်

"ချန်းယောလ်...ချန်းယောလ် ...ချန်းယောလ်"

လူက စိတ်ပူလာတာမို့ တူန်ရီလာကာ မျက်ရည်ကအလိုလို ကျလာသည်ထင်သည်

လုံးဝမနိုးတာမို့ အရမ်းတွေစိတ်ပူရင်း ပါးနှစ်ဘက်ကို ကိုင်ရင်း အသံကုန်အော်ဟစ်လိုက်သည်

အဲ့ဒီတော့မှ ချန်းယော်က မျက်လုံးပွင့်လာပြီး...
သူ့ကို မြင်သွားသည်။
တစ်ခဏ သူ့ကို စိုက်ကြည့်ပြီး ရင်ခွင်ထဲဆွဲသွင်းလိုက်တာကြောင့် ဘက်ခဟျွန်း လည်း ရုတ်တရက်မို့ ပြန်ဖက်ထားမိသည်
မိနစ်တော်တော်ကြာတဲ့အထိ တင်းတင်းကျပ်ကျပ်ဖက်ထားတာကလွဲလို့...ဘာစကားမှလည်း ပြောမလာ

Nothing MattersWhere stories live. Discover now